လီဆောင်ဂျွန်း thayဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်းရေးမှူးတွေက ရဲစခန်းကို ၀င်ရောက် စီးနင်းရှာဖွေ

Celebrity International News
လီဆောင်ဂျွန်း thayဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်းရေးမှူးတွေက ရဲစခန်းကို ၀င်ရောက် စီးနင်းရှာဖွေ

လီဆောင်ဂျွန်း thayဆုံးတဲ့ ကိစ္စအတွက် အင်ချွန် ရဲစခန်းကို စုံစမ်းရေးမှူးတွေ ၀င်စီး

ကိုရီးယား မင်းသား လီဆောင်ဂျွန်း thayဆုံးမှုနဲ့ ပတ်သက်လို့ ပြည်နယ်စုံစမ်းရေးမှူးတွေက ဒေသန္တရ ရဲစခန်းကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။

သူဟာ အော်စကာဆုရ ပါရာဆိုက်ထ် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဖြစ်ပြီး ရဲက သူ့ကို ခေါ်ယူမေးမြန်းပြီး ၃ ရက်မြောက်နေ့မှာ သူ့ကိုယ်သူ အဆုံးစီရင်သွားတာ ဖြစ်ပါတယ်။

သူမthayခင်တုန်းကတော့ သူဘာမှ အမှားအယွင်း မလုပ်ထားဘူးလို့ သူက ထွက်ဆို ထားခဲ့ပါတယ်။

မစ္စတာလီ ရဲစခန်းကို လာရောက် အစစ်ခံမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် ပေါက်ကြား ထွက်ပေါ်လာမှုနဲ့ ပတ်သက်လို့ သံသယ ရှိတဲ့အတွက် အင်ချွန်းမြို့က ရဲစခန်းကို စုံစမ်းရေးမှူးတွေ ဝင်ရောက် စစ်ဆေးတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ကျော်ကြားတဲ့ အနုပညာရှင်တွေ မူးယစ်ဆေးသုံးပြီး ကိုယ့်ကိုယ်ကိုယ် thet thayမှုတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်နေတဲ့ ကြားက အခုလို မစ္စတာ လီဆောင်ဂျွန်းရဲ့ thayဆုံးမှု ထွက်ပေါ်လာတာပါ။

ဒါ့အပြင် ဒီလိုမျိုး အရှုပ်တော်ပုံတွေနဲ့ ပတ်သက်လို့လည်း ရဲတပ်ဖွဲ့အနေနဲ့ အရေးယူပေးဖို့ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုတွေ ရှိနေပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။