ဟင်းနုနွယ်က ဂုတ်ကျီးပေါင်းကို ပျောက်ကင်းစေနိုင်

Health Knowledge
ဟင်းနုနွယ်က ဂုတ်ကျီးပေါင်းကို ပျောက်ကင်းစေနိုင်

ကျီးပေါင်းအတွက် ဆေးကောင်း

ကျွန်တော့်ဘကြီး သူငယ်ချင်းက ခါးကျီးပေါင်း ဖြစ်နေတာ 201 5 ခုနှစ်ကပါ။ MRI ရိုက်တော့ ကျီးပေါင်းဖြစ်နေပြီ လူက ကောင်းကောင်း မထနိုင်တော့ပါ။ ဆရာတော် တစ်ပါးက ဆေးနည်း ပေးလှူသဖြင့် ယုံကြည်စွာ လုပ်ဆောင်ခဲ့ပြီး ( ၉ ) ရက်မြောက်မှာ ခါးနာ ခါးကိုက် ပျောက်ကင်း ချမ်းသာခဲ့သည်။

(2017) မှာ ဂုတ်ရိုးကျီးပေါင်းဖြစ်ပြန်လေပြီ။ ထိုအခါ MRI ရိုက်တော့ ဂုတ်အရိုးစစ် ကျီးပေါင်း ဖြစ်နေပြန်သည်။ လူက ခေါင်းမူး ဇက်က မလှည့်နိုင် အောက်ငုံ့စာ မကြည့်နိုင်ပါ။ ခါးကျီးပေါင်း ဆေးနည်းအတိုင်း လုပ်ဆောင်ခဲ့ရာ ( 1 0 ) ရက်ခန့် မှာပဲ သက်သာလာခဲ့သည်။

ထို့နောက် အားရင် အားသလို ဆေးနည်းအတိုင်း ပြုလုပ်ခဲ့ပါသည်။ 2018မှာ ဂုတ်အား MRI ပြန်ရိုက်ကြည့်ရာ ပထမ ( ဂုတ်စစ်ရိုး ) ကျီးပေါင်းမှာ လုံးဝမရှိပဲ ပျောက်ကင်းခဲ့သည်ကို အံ့သြစွာ သိရှိခဲ့ရလေသည်။သူက အချိန်ရရင် ရသလို ဆေးနည်းကို လုပ်ခဲ့ပါသည်။ ထိုအကြောင်းကို ကျွန်တော်သိရှိရသဖြင့် မေတ္တာတရားအပြည့်ဖြင့် ဆေးနည်းကောင်းတစ်ခုအား ပြန်လည်မျှဝေလိုက်ပါတယ်။

ဆေးနည်း

ဟင်းနုနွယ်ဆူးပေါက်ပင် ပဉ္စငါးပါးကို လက်တစ်ဆုပ်ရအောင် ထောင်းပါ။ ထမင်းလက်တစ်ဆုပ်ကို ညက်အောင်ထောင်းပါ။ထိုနှစ်မျိုးကို ရောမွေပြီး ကျီးပေါင်းဖြစ်သောနေရာအား အုံပေးပြီး အပေါ်မှ ပတ္တီးစသော်၎င်း ( အဝတ်စ / စွပ်ကျယ်စ ) ဖြင့် အုပ်ပါ။ စက္ကူတိပ်ဖြင့် ကပ်ထားပေးပါ။စည်းထားလည်း ရပါသည်။ အုပ်ပြီးချိန်တွင် မနက် ( ၁ ) နာရီ ညနေ ( ၁ ) နာရီ အုပ်ထားပေးပါ ။( အချိန်ပိုလည်းရပါသည်)

ဆေးနည်းက ဒါပဲခင်ဗျာ။ ခြေဖနောင့် အတက်ထွက်ခြင်းပါ ပြုလုပ်၍ ရကြောင်းနှင့် ယခုဆေးနည်းပေးသူ အားလုံးလည်း သက်သာပျောက်ကင်းကြကြောင်း ဝမ်းသာစွာ သိရှိရပါသည်။ကျီးပေါင်းအတွက် အမှန်တစ်ကယ် ကောင်းတဲ့ဆေး ဖြစ်ပါတယ်။ မိမိတို့အနီးအနားမှ ဝေဒနာရှင်များအား မျှဝေကုသိုလ်ယူပေးပါခင်ဗျာ။

အားလုံး အနာနှင့်ဆေးတွေ့ပြီး ကျန်းမာခြင်းသုခ ချမ်းသာခြင်းသုခများကို ထာဝရပိုင်ဆိုင်ကြပါစေ။

Credit-Original Uploader

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။