အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ စျာပနပွဲ ပြုလုပ်

Celebrity Local News
အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ စျာပနပွဲ ပြုလုပ်

ဂန္ထဝင်မြန်မာသံတေးသံရှင် ဒေါ်မာမာအေး ဟာ ဇန်နဝါရီ ၈ ရက် အမေရိကန်ဒေသစံတော်ချိန် ညနေ ၆ နာရီ ( မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅ နာရီကျော်အချိန်) မှာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ စျာပနကို အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖော့ဝိန်းမြို့မှာ အမေရိကန်ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၇ ရက်တုန်းက ပြုလုပ်ခဲ့ပါတယ်။

ဒေါ်မာမာအေး ဟာ ဖို့ဒ်ဝိန်းမြို့နေအိမ်မှာ ဇန်နဝါရီ ၈ ရက်တုန်းက ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်ရှိပြီဖြစ်ပါတယ်။ ကျန်းမာရေး ချို့ယွင်းနေတာ အနည်းဆုံး ၆ လလောက်ရှိခဲ့အပြီးမှာ ဆုံးပါးခဲ့တာလို့ မိသားစုဝင်တွေက ဘီဘီစီကို အစောပိုင်းမှာ ပြောထားပါတယ်။

မြန်မာစံတော်ချိန် မနေ့ညနှောင်းပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ မီးသင်္ဂြိုဟ် စျာပနကိုတော့ အမေရိကန်ရောက် မြန်မာတွေ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။