ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း နဲ့အတူ ပွဲတက်ခွင့်ရခဲ့တဲ့ ပိုင်တံခွန်

Celebrity Local News
ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း နဲ့အတူ ပွဲတက်ခွင့်ရခဲ့တဲ့ ပိုင်တံခွန်

ပိုင်တံခွန်ဟာဆိုရင် မော်ဒယ်ဘဝကနေ အနုပညာလောကထဲကိုစတင်ဝင်ရောက်လာသူဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ထည်ကောင်းကောင်းနဲ့ အရပ်အမောင်းကြောင့် မိန်းကလေးပရိသတ်တွေရင်ထဲမှာ နေရာအခိုင်အမာရထားပြီး အားပေးမှုတွေရရှိခဲ့တာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ ရုပ်ရှင်လောကထဲဝင်ရောက်လာပြီး ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်ပါတယ်။ “ကံကောင်း”ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဉီးဇင်းအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။

ပိုင်တံခွန်က မြန်မာပြည်သာမက ပြည်ပနိုင်ငံတွေမှာပါ အောင်မြင်မှုတွေရရှိထားပြီး ပရိသတ်အခို်ငအမာရရှိထားတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ကောင်မလေးတွေကြားမှာလည်း နာမည်ကျော်တယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းတွေမှာလည်း ကမ္ဘောဒီးယားနိုင်ငံကရိုက်ကူးတဲ့ ဇာတ်ကားမှာသွားရောက်ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာကျင်းပတဲ့ ပွဲတစ်ခုမှာ ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနဲ့ တွေ့ဆုံခဲ့ကြောင်း ဗီဒီယိုလေးနဲ့အတူမျှဝေလာတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကို ချစ်ခင်အားပေးကြတဲ့ ပရိတ်သတ်ကြီးအတွက် ပြန်ဝေမျှပေးလိုက်ပါတယ်။

ဗီဒီယိုကြည့်ရန်- https://fb.watch/pY4SZqYrI5/

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။