အကျိုးပေးအရောင်

Astrology
အကျိုးပေးအရောင်

လူ့လောကတွင် အရောင်းအဝယ် ဆိုင်းဘုတ် ဆိုင်နာမည် လူနာမည် စသည်နာမည်ကောင်း လိုအပ် သလို မိမိနှင့် အကျိုးပေး အောင်မြင်ထွန်း ပေါက်သော အရောင်သည်လဲ လိုအပ် ပေသည် ။အကျိုးမပေးသော အရာင် များ သုံးစွဲမိက အတက်နှေးနေမည်သာဖြစ်သည် ။လက်စန်း မဟာဘုတ်အရ’အထွန်းက အောင်မြင် သိုက်ကရန်ကင်း၊ရာဇ လာဘ်ရွှင် တဲ့သတ္တိထူးတွေရှိပါတယ်။

ဘ၀အတွက် အောင်မြင်မှု့တွေကိုပေးနိုင်သော မဟာဘုတ်ရဲ့ အထွန်းလုံး၏ အရောင်သည် မိမိတို့ရဲ့ အကျိုးပေးအရောင်သာဖြစ်သည်။အထွန်း အရောင်သည် ဘ၀မှာအောင်မြင်စေသည်ကျော်ဇောစေသည် ။ခုနှစ်ရက်သားသမီးများအကျိုးပေးသော
အရောင်သည် အောက်ပါအတိုင်း ဖြစ်သည်။

မိမိတို့၏မြန်မာမွေးသက္ကရာဇ်ကိုတည်ကိန်းထား(၇) ဖြင့်စားလေ

အကြွင်း(၁)

အနက်/ အမဲ ရောင်ဟာ ဇာတာရှင်၏ အောင်မြင်​​​ခြင်း အရောင်
ဖြစ်သည် ။သို့သော် တနင်္လာ သား/သမီးများအဖို့ မသင့်ပါ။ ကျန်တဲ့နေ့နာမ်များ အားလုံး ကောင်းသည်။တနင်္လာသားသမီးများအတွက် အညိုနဲ့ပန်းရောင် ဆင်စွယ် အပြာရောင် အကျိုးပေးပါသည်။

အကြွင်း(၂)

အနက်/ အနီ​ရောင်နှင့်နီရွှေရောင်ဟာ ဇာတာရှင်၏ အောင်မြင်​ခြင်း အရောင်
ဖြစ်သည် သို့သော် အင်္ဂါ သား/သမီးများအဖို့ မသင့်ပါ ကျသောနေ့နာမ်များ အားလုံး ကောင်းသည် အင်္ဂါ သားသမီးများအတွက် အစိမ်း ရောင် ပန်း ရောင် အကျိုးပေးပါသည်

အကြွင်း(၃)

ဖြူဖွေးသော အ ရောင်ဟာ ဇာတာရှင်၏ အောင်မြင်​​​ခြင်း အရောင်ဖြစ်သည် သို့သော် ဗုဒ္ဓဟူး သား/သမီးများအဖို့ မသင့်ပါ ကျန်တဲ့နေ့နာမ်များ အားလုံး ကောင်းသည် ဗုဒ္ဓဟူး သားသမီးများအတွက် အနီ ရောင် အနက် ရောင် အကျိုးပေးပါသည်

အကြွင်း(၄)

နီဖြူရောင် အညို ရောင်ဟာ ဇာတာရှင်၏ အောင်မြင်​​​ခြင်း အရောင်
ဖြစ်သည် သို့သော် ကြာသာပတေး သား/သမီးများအဖို့ မသင့်ပါ ကျန်တဲ့နေ့နာမ်များ အားလုံး ကောင်းသည် ကြာသာပတေး သားသမီးများအတွက် ဆင်စွယ် ရောင် အပြာ အဖြူ အနီ ရောင် အကျိုးပေးပါသည်

ကြွင်း(၅)

အစိမ်းရောင်ဟာ ဇာတာရှင်၏ အောင်မြင်​​​ခြင်း အရောင်ဖြစ်သည် သို့သော် သောကြာ သား/သမီးများအဖို့ မသင့်ပါ ကျန်တဲ့နေ့နာမ်များ အားလုံး ကောင်းသည် သောကြာ သားသမီးများအတွက် အနက် အညို အဖြူ ရောင် အကျိုးပေးပါသည်

အကြွင်း(၆)

အဝါရောင် ဝါရွှေ ရောင်ဟာ ဇာတာရှင်၏ အောင်မြင်​​​ခြင်း အရောင်ဖြစ်သည် သို့သော် စနေ သား/သမီးများအဖို့ မသင့်ပါ ကျန်တဲ့နေ့နာမ်များ အားလုံး ကောင်းသည် စနေ သားသမီးများအတွက် အနီ ရောင် အစိမ်းရောင် အညိုရောင် အကျိုးပေးပါသည်

အကြွင်း(ဝ)

အဖြူရောရှက်အရောင်ဟာ ဇာတာရှင်၏ အောင်မြင်​​​ခြင်း အရောင်ဖြစ်သည် သို့သော် တနင်္ဂနွေ သား/သမီးများအဖို့ မသင့်ပါ ကျန်တဲ့နေ့နာမ်များ အားလုံး ကောင်းသည် တနင်္ဂနွေ သားသမီးများအတွက် အဖြူ အဝါ အစိမ်း ရောင် အကျိုးပေးပါသည်အထွန်းကိုဆောင် အပုတ်ကိုရှောင် လာ၏အရောင်တွေမှာ အကျိုးပေးအရောင်ကိုသုံးစွဲရင် အောင်မြင်လာမည် အထွန်း ပုတိ မှာ ပက္ခကျ၍ ပုတိသားသမီးများအဖို့ အထွန်းရောင်ကို သုံးစွဲရန် မသင့်ပါ။

ရေးသားသူ –ဆရာလှိုင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။