သင့်အိမ်အတွင်းက ငွေ၀င်ပေါက်များ

Astrology
သင့်အိမ်အတွင်းက ငွေ၀င်ပေါက်များ

သင့်အိမ်တွင်းထဲ မှာ ငွေတွေ ကို ဆွဲဆောင် ခေါ်ယူနိုင်တဲ့ Money vortex များ ရှိတယ် ဆိုတာ သိပါသလား?
မသိသေးရင် ဖတ်ကြည့်ပါ။
စမ်းသပ်ကြည့်ပါ။ တပါတ် အတွင်း သိသာ ပါတယ်။ သို့သော် သင်က ငွေကံနိမ့် နေရင်တော့ တလအထိ စောင့်ကြည့်ပါ။

၁။ သင့်အိမ်အ၀င် က ငွေတွေ၀င်လာအောင် အဆွဲ​ဆောင်နိုင်ဆုံး နေရာတခုပါ။
တချို့ လည်း အိမ်အပြင် အိမ်ကို ၀င်တဲ့ လမ်း မှာ ပိုက်ဆံထားသလို တချို့လည်း အိမ်အတွင်း အိမ်ထဲ ၀င်တဲ့ hall မှာ ထားကြပါတယ်။

သင့်အဆင်ပြေ သလိုထားကြည့်ပါ။ မူရင်း နည်းကတော့ အကြွေစေ့ကနေ စတင်စမ်းသပ်ကြည့်ပါ။ အောင်မြင် တယ် ဆိုမှ တန်ဖိုးကြီးတဲ့ ငွေ စက္ကူထားဖို တိုက်တွန်းပါတယ်။
အကြွေစေ့ ဆိုတာက လွယ်ကူတယ် တန်ဖိုးမကြီး လို့ပါ။ သင့်နိုင်ငံမှာ အကြွေစေ့က ရှားရင် တော့ တန်ဖိုးအနည်းဆုံး ငွေစက္ကူ ထားလည်း ရပါတယ်။

၂။ Jewellery box သို့မဟုတ် ရတနာ များထားတဲ့နေရာ။
တကယ်လို့ သင့်မှာ ရွှေ မရှိရင် လည်း ငွေထည် ပစ္စည်းတော့ ရှိမှာပါ။ အဲလို မှ မရှိရင်လည်း Fancy ဖန်စီ လို့ ခေါ်ကြတဲ့ အတုတွေ တော့ ရှိနိုင်ပါတယ်။
အဲဒီ နေရာမှာ အကြွေစေ့ သုံးစေ့ ထားကြည့်ပါ။

၃။ ထမင်းစား ခန်း ထမင်းစားတဲ့ စားပွဲ ပေါ်မှာ အကြွေစေ့ များ ထားကြည့်ပါ။
အကြွေစေ့ ထားရင် သုံးစေ့ ထားရပါတယ်။ ငွေစက္ကူဆိုရင် ၃၊၃၀၊၃၀၀ အဆင်ပြေသလို ထားပါ။၃ ဂဏန်းတော့ ဖြစ်ပါစေ။

၄။ အိမ်ရဲ့မြင့်တဲ့ နေရာ မှာ အကြွေစေ့ သုံးစေ့ ထားကြည့်ပါ။ သင့်အိမ်မှာ မြင့်တဲ့ နေရာ ဆိုတာက ဘီရိုပေါ် သို့မဟုတ် သင့် အိမ်အ၀င်က ထုတ်တန်းပေါ် အဆင်ပြေတဲ့ မြင့်တဲ့ နေရာမှာထားပါ။

၅။ မှန် နဲ့ မျက်နှာချင်းဆိုင် မှာ ငွေအကြွေစေ့ သုံးစေ့ ထားကြည့်ပါ။ မှန်ထဲမှာ အကြွေစေ့ ကို မြင်နေရတာက တိုးပွားတဲ့ သဘောပါ။
အထက် က ပြောတဲ့ ၅နေရာ လုံးမှာ ထားနိုင်ရင် ထားပါ။
မထား နိုင်ရင် လည်း သုံးနေရာ မှာ အကြွေစေ့များ ထားကြည့်ပါ။ အမှန်တကယ် ငွေ တွေ ၀င်လာတယ် ဆိုတော့မှ ငွေစက္ကူများ အစားထိုးပါ။
ကျွန်မက ပြောတာ ရေးတာ လွယ်ပေမယ့် သင့်ဘ၀၊ သင့်အခြေအနေ၊ သင့်နေရာထိုင်ခင်း နဲ့ အဆင်မပြေ တာများ ရှိရင် ကွန်မင့်မှာလာမေးပါ။
မိတ်ဆွေအားလုံး ငွေကံကောင်း နိုင်ကြပါစေ။

ရေးသားသူ –Myat H.K. Munthe မြတ်မွန်သာ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။