ဖုန်းရွှေပညာအရရေခဲသေတ္တာပေါ်တွင်မထားသင့်သောအရာများ

Astrology
ဖုန်းရွှေပညာအရရေခဲသေတ္တာပေါ်တွင်မထားသင့်သောအရာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖုန်းရွှေပညာအရရေခဲသေတ္တာပေါ်တွင်မထားသင့်သောအရာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖုန်းရွှေပညာအရရေခဲသေတ္တာပေါ်တွင်မထားသင့်သောအရာများ

ပရိသတ်ကြီးတို့ရေ။ဒီကနေ့တော့ တရုတ်ဖုန်းရွှေပညာအရ ရေခဲသေတ္တာပေါ်မှာ တင်မထားသင့်တဲ့ ပစ္စည်းတွေ အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ ဒီလိုပစ္စည်းတွေတင်ထားမိမယ်ဆိုရင် အခန့်မသင့် ရင် စီးပွားရေးချွတ်ခြုံကျပြီးဘာလုပ်လုပ်အဆင်မပြေဖြစ်တတ်ပါတယ်တဲ့။

၁။ လျှပ်စစ်ပစ္စည်းများ။

ရေခဲသေတ္တာဆိုတာ အကြီးစားလျှပ်စစ်ပစ္စည်းတစ်မျိုးဖြစ်တဲ့အတွက် သူ့အနားမှာ သံလိုက်စီးကြောင်းတွေဖြစ်ပေါ်နေမှာ အမှန်ပါပဲ ပြီးတော့လျှပ်စစ်ပစ္စည်းဆိုတာလည်း သံလိုက်စီးကြောင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီသံလိုက်စီးကြောင်း နှစ်ခုပေါင်းစုံ လိုက်ခြင်းဟာ အိမ်သားတွေအတွက် ကျန်းမာရေးကို အညံ့ဘက်သို့ရောက်စေပါတယ်။ အထူးသဖြင့် မိုက်ခရိုဝေ့ဖ်မီးဖိုကို ရေခဲသေတ္တာပေါ်မထားသင့်ပါဘူး။ သူ့ဆီက တန်ပြန်ရောင်ခြည်များထုတ်လွှတ်နေလို့ဖြစ်ပါတယ်။

၂။ ပစ္စည်းများစုပုံတင်ထားခြင်း။

အိမ်တွင်းမှာနေရာကျဉ်းတဲ့အတွက် ပစ္စည်းအတော်များများကို ရေခဲသေတ္တာပေါ်တင်ထား ကြတာကို ပရိသတ်ကြီးတို့ မြင်ဖူးကြသလို ကိုယ်တိုင်လည်းလုပ်ဖူးလိမ့်မယ်လို့ ထင်ပါတယ်။

ရေခဲသေတ္တာက ဖုန်းရွှေပညာအရ ငွေကိုကိုယ်စားပြုပါတယ်။ ရေခဲသေတ္တာပေါ် ပစ္စည်းတွေစုပုံတင်ထားခြင်းဟာ ကိုယ့်ဘဏ္ဍာတိုက်ကို ပိတ်ဆို့ထားသလို ဖြစ်တဲ့အပြင် သူတစ်ပါးမကောင်းကြံတာကိုပါကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာပေါ် ပစ္စည်းတွေစုပုံတင်ထားရင်ဖယ်ရှားလိုက်ပါလို့အကြံပေးချင်ပါတယ်။

၃။ ရေခဲသေတ္တာနံဘေးတွင် မီးဖိုရှိခြင်း။

ဖုန်းရွှေပညာအရ ရေခဲသေတ္တာမှာရေဓာတ်ဖြစ်ပြီး မီးဖိုကမီးဓာတ်ဖြစ်ပါတယ်။ ဒါကြောင့် မီးနဲ့ရေ ဆန့်ကျင်ဘက်ဓာတ်များအချင်းချင်းတိုက်ခိုက်ကြသဖြင့် အိမ်တွင်းရှိမိသားစုများ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်တတ်ပါတယ်။ ဒါကြောင့် မီးဖို သို့မဟုတ် ရေခဲသေတ္တာကို နေရာရွှေ့ထားလိုက်ပါ။
.
ကဲ..ပရိသတ်ကြီးတို့ရေ အိမ်ကရေခဲသေတ္တာပေါ်မှာဘာတွေတင်ထားမိသလဲ အမြန်ပြေးကြည့်လိုက်ပြီး အထက်မှာဖော်ပြထားတာတွေ တင်ထားမိတယ်ဆိုရင်တော့ အမြန်နေရာရွှေ့ထားလိုက်ကြပါဦး။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။