အမြင်အာရုံကိုကြည်လင်စေမယ့်အပြင် ခဝဲသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

Health Knowledge
အမြင်အာရုံကိုကြည်လင်စေမယ့်အပြင် ခဝဲသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ခဝဲသီးဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတဲ့အသီးပါ။ခဝဲသီးကိုစားတာဟာ ကျန်းမာရးအကျိုးကျေးဇူးတွေများစွာရရှိနိုင်ပါတယ်။အဲဒီထဲက အကျိုးကျေးဇူးအချို့ကို ဖော်ပြရရင်တော့။

အမျှင်ဓါတ်

ခဝဲသီးဟာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

ဒါ့အပြင် သံဓါတ် သွပ်ဓါတ် မဂ္ဂနီဆီယမ်စတဲ့ သတ္တုဓါတ်တွေလည်း ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

ဆားဓါတ် ကိုလက်စထရောနဲ့ ကယ်လိုရီပါဝင်မှုနည်းလို့ ကိုယ်အလေးချိန်ကျစေပါတယ်။

ဝမ်းချုပ်ခြင်းကိုသက်သာစေခြင်း

ရေဓါတ်ကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်ပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး လိပ်ခေါင်းဖြစ်တာကိုလည်း ကာကွယ်ပေးပါတယ်။

သွေးတွင်းသကြားဓါတ်

ခဝဲသီးဟာ သွေးတွင်းသကြားဓါတ်နဲ့ ဆီးတွင်းသကြားဓါတ်ပါဝင်မှုကိုလျှော့ချပေးနိုင်ပါတယ်။

အမြင်အာရုံ

ခဝဲသီးမှာ Beta-Carotene ကြွယ်ဝစွာပါဝင်လို့ အမြင်အာရုံကိုကြည်လင်စေပါတယ်။

သွေ့သန့်စင်ပေးခြင်း

ခဝဲသီးဟာ သွေးကိုသန့်စင်ပေးနိုင်ပြီး အသည်းကိုကျန်းမာစေပါတယ်။

အရက်ကနေဖြစ်တဲ့ အဆိပ်အတောက်တွေကိုလည်း ကာကွယ်ပေးလို့ အသည်းကိုကျန်းမာစေပါတယ်။

ကိုယ်ခံအားစနစ်

ခဝဲသီးဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ဘက်တီးရီးယားတွေအလွယ်တကူဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

အသားအရေအတွက်

သွေးကိုသန့်စင်ပေးနိုင်လို့ ဝက်ခြံနဲ့ အဖုအပိတ်တွေကင်းစင်စေပါတယ်။

Credit-MyFood Myanmar

ရေးသားသူ –shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။