အီရန်ပစ်မှတ်တွေကို အမေရိကန်တိုက်ခိုက်

International News
အီရန်ပစ်မှတ်တွေကို အမေရိကန်တိုက်ခိုက်

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ ဆီးရီးယားနဲ့ အီရတ်က အဆောက်အဦနဲ့ နေရာ ၇ ခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ ပစ်မှတ်တွေဟာ ဆီးရီးယားက ၄ ခုနဲ့ အီရတ်က ၃ ခု ဖြစ်ပြီး အဲဒီနေရာ ၇ ခုက ပစ်မှတ်ပေါင်း ၈၅ ခုကို ဗုံးကြဲလေယာဥ်တွေက ဒုံးကျည် ၁၂၅ စင်းနဲ့ မိနစ် ၃၀ ကြာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က ဂျော်ဒန်က အမေရိကန် စစ်စခန်းတစ်ခု ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦးthayဆုံးပြီး ၄၀ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါဟာ အီရန်ကထောက်ပံ့ပေးနေတဲ့ lat natကိုင်အဖွဲ့တွေရဲ့ လက်ချက်လို့ အမေရိကန်က ပြောပြီး လက်တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ကာဘီက အခုတိုက်ခိုက်မှုတွေဟာ အပြီးသတ်မဟုတ်သေးဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
အီရန်ကတော့ တနင်္ဂနွေနေ့က အမေရိကန်စခန်းကို တိုက်ခိုက်မှုမှာ သူတို့ မပတ်သက်ဘူးလို့ ငြင်းဆိုပြီး lat nat ကိုင်အဖွဲ့တွေကို အီရန်က တိုက်ရိုက် အမိန့်ပေးညွှန်ကြားတာမျိုး မလုပ်ဘူးလို့ လည်း ပြောပါတယ်။

ဘီဘီစီရဲ့ သံတမန်ရေးသတင်းထောက် ပေါလ်အဒမ်က အခုတိုက်ခိုက်မှုမှာ ပစ်မှတ်တွေကို အသေအချာရွေးချယ်ပြီး လုပ်ခဲ့ပုံပေါ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ရော အီရန်ကပါ နှစ်နိုင်ငံ တိုက်ရိုက်ထိတွေ့တိုက်ခိုက်မှုတွေ မဖြစ်ချင်ဘူးလို့ ပြောထားပါတယ်။

ဒါကြောင့် အမေရိကန်က အီရန်မြေပေါ်က ပစ်မှတ်တွေကိုရော ပင်လယ်နီထဲမှာ ရှိနေတဲ့ အီရန်စစ်သင်္ဘောကိုပါ တိုက်ခိုက်တာမျိုး မလုပ်ဘဲ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဖွဲ့ပေးထားတဲ့ အယ်လ်ကွဒ်တပ်ဖွဲ့ရဲ့ အီရန်နဲ့ ဆီးရီးယားမှာ ရှိတဲ့စခန်းတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

အခုလို တိုက်ခိုက်မယ်ဆိုတာကို အစောကြီးကတည်းက ကြေညာနေတာဖြစ်လို့လည်း ပစ်မှတ်က လူတွေ ရှောင်တိမ်းသွားနိုင်ခဲ့ပြီး အဆောက်အဦတွေကိုပဲ အမေရိကန် ပစ်ခတ်ခဲ့တာလို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်က အခုတိုက်ခိုက်မှုကို သူအမိန့်ပေးခဲ့တယ်လို့ ပြောပြီး အမေရိကန်တစ်ယောက်ကို အန္တရာယ်ပြုရင် ပြတ်ပြတ်သားသား တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ ပြောထားပါတယ်။

အခုနောက်ဆုံး ပစ်ခတ်တိုက်ခိုက်မှုတွေရဲ့ ထိရောက်မှုကိုတော့ သုံးသပ်နေဆဲလို့ အမေရိကန်အရာရှိတွေကပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။