လေအေးပေးစက်ကို မီတာခသက်သာပြီး လုပ်ဆောင်နိုင်စွမ်း ကောင်းအောင် ဘယ်လိုအသုံးပြုရမလဲ

Knowledge
လေအေးပေးစက်ကို မီတာခသက်သာပြီး လုပ်ဆောင်နိုင်စွမ်း ကောင်းအောင် ဘယ်လိုအသုံးပြုရမလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လေအေးပေးစက်ကို မီတာခသက်သာပြီး လုပ်ဆောင်နိုင်စွမ်း ကောင်းအောင် ဘယ်လိုအသုံးပြုရမလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လေအေးပေးစက်ကို မီတာခသက်သာပြီး လုပ်ဆောင်နိုင်စွမ်း ကောင်းအောင် ဘယ်လိုအသုံးပြုရမလဲ

ပူအိုက်လွန်းတဲ့အချိန်တွေမှာဆိုရင် လေအေးပေးစက်ကို မရပ်မနားဘဲ တစ်နေ့ကုန်ဖွင့်ထားကြရပါတယ်။ အပူချိန်များလာတာနဲ့ လေအေးပေးစက်ရဲ့ လုပ်ဆောင်နိုင်စွမ်းက အလိုအလျောက် ထိုးကျသွားတတ်ပါတယ်။ ဒါကြောင့် သင့်အိမ်က လေအေးပေးစက်ကို လုပ်ဆောင်နိုင်စွမ်းပိုကောင်းအောင်၊ မီတာခသက်သာစေဖို့အတွက် နည်းလမ်းတွေရှိပါတယ်နော်။ အဲဒီနည်းလမ်းတွေကတော့

အလိုအလျောက် အပူထိန်းကိရိယာကို ဒီအတိုင်းထားလိုက်ပါ

လူတော်တော်များများက လေအေးပေးစက်ကို ၇၈ ဒီဂရီမှာ ထားတတ်ကြပါတယ်။ တချို့ဆို အိမ်မှာဘယ်သူမှမရှိတာတောင် အပူချိန်ကို အမြင့်ဆုံးထားတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်ကို မြန်မြန်ဆန်ဆန်အေးသွားဖို့ အပူချိန်ကို ၇၈ ဒီဂရီအောက် မထားကြပါဘူး။ အပူချိန်ဘယ်လောက်ထားလဲဆိုတာ ကိစ္စမရှိပါဘူး။ လေအေးပေးစက်က နှုန်းထားအတူတူပဲ အေးမြသွားစေပါတယ်။ အပူချိန်ကို ၇၀ ဒီဂရီဖြစ်အောင် ထိန်းညှိတာက သင့်အိမ်ကို ၇၈ ဒီဂရီဖြစ်အောင် ကူညီပေးနိုင်မှာမဟုတ်ပါဘူး။

တံခါး၊ လိုက်ကာတွေကို ပိတ်ထားပါ

နေ့ခင်းဘက် အခန်းထဲ ဘယ်သူမှမရှိတဲ့အခါ လိုက်ကာတွေကို ပိတ်ထားတာအကောင်းဆုံးပါပဲ။ အထူးသဖြင့် အရှေ့ဘက်နဲ့ အနောက်ဘက်ကို မျက်နှာမူနေတဲ့ တံခါးပေါက်တွေရဲ့ လိုက်ကာတွေကိုပါ။ အိမ်ထဲတိုက်ရိုက်ဝင်လာတဲ့ နေအလင်းရောင်တွေက လေအေးပေးစက်ရဲ့ အလုပ်လုပ်နိုင်တဲ့ပမာဏကို လျော့ချနိုင်ပါတယ်။ ညနေ့ခင်းမှာ တံခါးပေါက်ကနေ အပူတွေထွက်သွားပြီး အအေးဓာတ်ပိုရအောင် လိုက်ကာတွေကို ဖွင့်ပေးထားသင့်ပါတယ်။

ပန်ကာဖွင့်ပေးပါ

အပူအအေးမျှတဖို့အတွက် ညဘက်တွေမှာလေအေးပေးစက်ကို ပိတ်ထားပြီး ပန်ကာဖွင့်ထားပေးလို့ရပါတယ်။ ပန်ကာက လေအေးပေးစက်ထက်တော့ လျှပ်စစ်အသုံးပြုရတာနည်းတဲ့အတွက် မီတာခသက်သာပါတယ်။ သင်က ညဘက်ကို အရမ်းမအေးဘဲ နွေးနွေးလေးဖြစ်ချင်ရင်တော့ ပန်ကာက လေပြေတိုက်သလိုခံစားရမှာပါ။ နေ့ခင်းဘက်မှာ လေအေးပေးစက်က အလုပ်လုပ်ထားရတာကြောင့် ညဘက်မှာ အနားပေးထားသလို တစ်ညလုံးဖွင့်မထားတဲ့အတွက် မီတာခလည်း သက်သာစေနိုင်ပါတယ်။

လေပူတွေကို ဖယ်ရှားလိုက်ပါ

ထမင်းဟင်းချက်ပြုတ်တဲ့အခါ အိမ်ထဲက လေပူတွေထွက်သွားအောင် အိပ်ဇောပန်ကာကို အသုံးပြုပေးပါ။ အိပ်ဇောပန်ကာမရှိဘူးဆိုရင်တော့ ထမင်းဟင်းချက်နေစဉ်အတွင်း အခန်းအေးသွားအောင် မီးဖိုချောင်ထဲမှာ ပန်ကာကို အသုံးပြုလို့ရပါတယ်။ ပန်ကာတွေက လေကို အေးသွားစေရုံသာမက မီးဖိုချောင်ထားက လေပူတွေကို အပြင်ထွက်သွားအောင် ကူညီပေးနိုင်ပါတယ်။ အိမ်ထဲမှာ လေပူတွေမရှိမှ လေအေးပေးစက်က ကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

လေအေးပေးစက်ကို နေရောင်ခြည်မကျရောက်တဲ့နေရာမှာ ထားပါ

လေအေးပေးစက်ယူနစ်အတွက် အဓိကနေရာက အိမ်ရဲ့မြောက်ဘက်ခြမ်းမှာပါ။ အိမ်ရဲ့မြောက်ဘက်မှာ လေအေးပေးစက်ကို ထားရင်ပိုကောင်းပါလိမ့်မယ်။ လေအေးပေးစက်ယူနစ်အနီးနားမှာ သစ်ပင် (ဒါမှမဟုတ်) နွယ်ပင်တွေကို စိုက်ပျိုးထားတာကလည်း သင့်အိမ်ကို အေးမြနေအောင် ကူညီပေးနိုင်ပါတယ်။ လေအေးပေးစက် တပ်ဆင်ထားတဲ့နေရာက အရိပ်အာဝါသရရင် သင့်အိမ်ထဲကို နေရောင်ရောက်အောင်ကူညီပေးသလို လေအေးပေးစက်ကိုလည်း ကောင်းကောင်းအလုပ်လုပ်နိုင်စေမှာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။