အကျိုးပေးတဲ့ မင်္ဂလာဒိုးလေး

Astrology
အကျိုးပေးတဲ့ မင်္ဂလာဒိုးလေး

လက်ဖွဲ့၊ အဆောင်၊ ခမဲ၊ ကိုယ်ခံပစ္စည်းများနှင့် ဓာတ်ဆင်၊ ဓာတ်ရိုက်၊ အစီအမံ၊ ယတြာအားလုံးတို့သည် ပေးအပ်၊ လုပ်ဆောင်ပေးမည့် ဆရာသမားပညာရှင်နှင့် ဆောင်သ တောင်းခံလက်ခံမည်ံ သက်ဆိုင်ရာဇာတာရှင် ကာယကံရှင် (၂) ဦး စလုံးတို့၏ သီလ၊ သမာဓိစွမ်းအားများအပြင် ထိုအဆောင်ပစ္စည်းများအပေါ် သက္ကာရ၊ ယုံကြည်မှုသဒ္ဓါများ ပြည့်ဝကြီးမားလျှင်သော်လည်းကောင်း၊ ပညာခွင်၊ ပညာစဉ်များအရလည်း ပေးသင့်ပေးထိုက်မှု၊ ဆောင်သင့်ဆောင်ထိုက်မှု မှန်ကန် ညီညွှတ်ရသည်သာမက စီရင်ပေးမည့် ဆရာသမားပညာရှင်၏ သမာဓိ၊ သီလ၊ အကျင့်စရဏ ဝါသမ္ဘာအတွေ့အကြုံစွမ်းအားနှင့် ထိုစီရင်လုပ်ဆောင်ပေးမည့် ဆရာသမားပညာရှင်အနေဖြင့် ထိုအဆောင်ပစ္စည်းများကို သန့်ရှင်းခြင်း၊ သိဒ္ဓိတင်ခြင်း၊ မန်းမှုတ် သရဇ္ဈာယ်ရွတ်ဆိုစီမံပေးခြင်း အစရှိသည့်လုပ်ငန်းစဉ်အားလုံးတို့သည် ဌာန်ကရိုဏ်းကျ နည်းပညာစနစ်အထူးပြည့်မြောက် မှန်ကန်ထိရောက်ခဲ့ပါလျှင်သော်လည်းကောင်း၊

ပေးအပ် လက်ခံကြစဉ်အခိုက်တွင်လည်း အခါတော်အချိန်မှန်၍ ဓာတ်ဝင် နက္ခတ်မိခဲ့ပါလျှင်သော်လည်းကောင်း၊ ထို့အပြင် ထိုအဆောင်ပစ္စည်းမှာ နံသားပစ္စည်း စစ်မှန်ခြင်း၊ ပုံသဏ္ဌာန်အရွယ်အစား၊ အနေအထား၊ ပုံစံအရည်အသွေးများအားလုံး တိကျမှန်ကန်စစ်မှန်ခြင်းရှိခဲ့ပါလျှင်သော်လည်းကောင်း၊ ထို့အတူ တိုက်တိုက်ဆိုင်ဆိုင်ဆိုသကဲ့သို့ ထိုအဆောင်ပစ္စည်းကို ဆောင်သမည့် သက်ဆိုင်ရာကာယကံရှင် ဇာတာရှင်အနေဖြင့် ဇာတာ၊ စန်းလဂ်၊ ကံကုသိုလ်မြင့်ချိန်၊ တက်ချိန်နှင့် အခွင့်အခါသင့်ကြုံကြိုက် တိုက်ဆိုင်ခဲ့ပါလျှင် သော်လည်းကောင်း၊ အဆိုပါလက်ဖွဲ့၊ အဆောင်၊ ခမဲ၊ ကိုယ်ခံပစ္စည်း၊ အစီအမံအားလုံးတို့သည် အထူး သိဒ္ဓိမြောက်ဆောင်သမည့် ဇာတာရှင်ပုဂ္ဂိုလ်အား ပြိုးပြိုးပြက်ပြက် ပီပီပြင်ပြင် ထင်ထင်ရှားရှား သိသိသာသာ ပေါ်ပေါ်လွင်လွင် ထူးထူးခြားခြား အကျိုးပေးပေါက်မြောက် ထိရောက်ကာကွယ်၊ အစွမ်းပြ၊ မစ စောင့်ရှောက်လေ့ရှိပါသည်။

အမှန်အရှိအတိုင်း ရိုးသားမှန်ကန်စွာ တင်ပြဝန်ခံရပါလျှင် စာရေးသူအနေဖြင့် ဗေဒ၊ လက္ခဏာပညာရှင်တစ်ဦးအနေနှင့် နှစ်ပေါင်းများစွာပင် ဇာတာရှင်အသီးသီးကို တောင်းခံ၊ လိုအပ်သည့်အခါများတွင် လက်ဖွဲ့၊ အဆောင်၊ ခမဲ၊ အစီအမံပစ္စည်းများကို စီမံပေးအပ်ခဲ့ရာ၌ ထိုအဆောင်ရှင်၊ ဇာတာရှင်များအနေဖြင့် စာရေးးသူပေး အဆောင်၊ လက်ဖွဲ့ပစ္စည်းတို့ကြောင့် ဟုတ်တိပတ်တိအကြီးအကျယ်၊ ပြောစမှတ်ဖြစ်ရလောက်အောင် အကျိုးထူးပေါက်မြောက်၊ ထူးခြားအောင်မြင် ခံစားသွားခဲ့ခြင်းမျိုး မရှိခဲ့ဖူးပါ။ မဖြစ်ထွန်း၊ မပေါ်ပေါက်ခဲ့ဖူးပါ။

သို့ရာတွင် လွန်ခဲ့သော (၂) နှစ်ခန့်ကမူ ပေါက်မြောက်ခဲ့ပေပြီ။ ထူးခြားခဲ့ပေပြီ။ စာရေးသူဆောင်းပါးအစပိုင်း ကနေဦးကတင်ပြထားသည့် အချက်အလက်၊ အကြောင်းအရာ၊ အရည်အသွေး၊ စံနှုန်းများနှင့် ပြည့်စုံကိုက်ညီသွား၍လားတော့ မသိပါ။ ထို (၂) နှစ်ခန့်က တပည့်ရင်း (၂) ဦးအား “ဒိုးလေး” အဆောင်များကို ၎င်းတို့၏ နေ့နံ၊ ဇာတာ၊ မဟာဘုတ်၊ ကောဇာ၊ ပဝတ္တိအနေအထားများအရ စာရေးသူက အခါပေး၊ ဟောပြော၊ စီရင်၊ စီမံပေးခဲ့ရာတွင် ထိုဒိုးလေးအဆောင်များကို လက်ခံဆောင်သပြီးနောက် ထိုအဆောင်ရှင် တပည့်ရင်း (၂) ဦးစလုံးတို့သည် ထင်ရှားထူးခြားလှစွာပင် ပွင့်၊ ပေါက်၊ အောင်မြင်၊ ထွန်းကား၊ မြင့်မား၊ လာဘ်ကြီးများ ဝင်သွားကြပါသည်။

ပြန်ပြောင်းတင်ပြရသော် လွန်ခဲ့သော (၂) နှစ်ခန့်က ဖြစ်ပါသည်။ ထိုတပည့် (၂) ဦးတို့သည် စာရေးသူထံ ၎င်းတို့၏ စီးပွားရေး၊ ကြီးပွားရေး၊ ငွေကြေး၊ လာဘ်လာဘတို့အတွက် ဇာတာ၊ လက္ခဏာ၊ ပဝတ္တိ၊ ကောဇာသက်ပိုင်း၊ ကံကြမ္မာအနေအထား၊ အစီးအနင်းများကို စိစစ်ကြည့်ရှုပြီး အခြားယတြာအစီအမံတို့နှင့်အတူ “စနေနံနှင့် ဗုဒ္ဓဟူး (၂) နံတွဲ” ဖြစ်သော “ဒိုးလေး”ကို လိုအပ်သလို သနရှင်း၊ သိဒ္ဓိတင်၊ မန်းမှုတ်၊ သရဇ္ဈာယ်ပေးကာ ထူးထူးခြားခြား မှတ်မှတ်ရရဆိုသလို

“ခင်ဗျားတို့ကို အဆောင် “ဒိုးလေး” ပေးလိုက်မယ်။ သေသေချာချာ တရိုတသေဆောင်ထားကြပါ။ ဒီ “ဒိုးလေး” က ခင်ဗျားတို့ကို မကြာခင်မှာ အကျိုးပေးလိမ့်မယ်။ သိန်းသန်းချီတောင် ဝင်ချင်ဝင်ကြဦးမယ်” ဟု ယခင်က မပြောစဖူး၊ မဟောစဖူး အမှတ်မထင်လွတ်ခနဲပင် အပိုင်အနိုင်၊ အပီအပြင် ဈာန်ဝင်၍ ၎င်းတို့ (၂) ဦးအား ပြောဆိုမိပြီး တစ်ဦးအား ထိုးရမည့်ဆိုင်၊ ထိုးရမည့်ဂဏန်း နံပါတ်စုစုပေါင်း အားလုံးပေါင်း (၆) ကိန်းဂဏန်းနှင့် ထိုးရမည့် နေ့ရက်၊ အချိန်အခါတို့ကိုပါ ဂဃနဏပင် အသေးစိတ်အသေအချာ စိစစ်၊ တွက်ချက်၊ အခါပေး၊ တိုက်တွန်းလျက် ပေးအပ်ခဲ့မိပါသည်။

မကြာမီသောကာလ နောင် (၆) လခန့်ရှိသောအခါတွင်မူ စာရေးသူမှ “ဒိုးလေး” အဆောင်ပေးလိုက်သော ထိုတပည့်ရင်း (၂) ဦးအနက် တစ်ဦးက စာရေးသူအခါပေးသော ထီဆိုင်မှပင်ပေါင်းရဂဏန်း စုစုပေါင်း (၆) တို့ဖြင့် သိန်း (၅၀) ဆုကြီးပေါက်၊ ဆွတ်ခူးသွားသလို ကျန်တစ်ဦးမှာလည်း သိန်းဂဏန်းမျှ လာဘ်ကြီးဝင်၊ စီးပွားဖြစ်၊ ကံထူးကံတက်၊ အောင်မြင်သွားကြောင်းကို ၎င်းတို့ကိုယ်တိုင်လာရောက်၍ ဝမ်းပန်းတသာပြောဆိုအသိပေးကန်တော့ပါသဖြင့် မင်္ဂလာသတင်းနှင့် အကျိုးပေးလှသော “ဒိုးလေး” ၏ အစွမ်းများကို လူကိုယ်တိုင်ရော နားနှင့်ဆတ်ဆတ် သတင်းဓာတ်ပုံများနှင့်တကွပါ စာရေးသူမှာ အံ့ဩ၊ ဝမ်းသာ၊ အားရလှစွာ သိရှိတွေ့မြင်ကြားသိရပါတော့သည်။

အကျိုးပေးလှသော “ဒိုးလေး” ၏ အရင်းအမြစ်ဓာတ်သဘောတို့မှာ စာရေးသူဉာဏ်မီလက်လှမ်းမီ လေ့လာတတ်သိသရွေ့ဆိုသော် “ဒိုးလေး”မှာ မိတ်ဂြိုဟ်ကြီးများဖြစ်ကြသော “စနေနံ” နှင့် “ဗုဒ္ဓဟူးနံ” (၂) နံ တွဲဖြစ်ကြကာ “စနေဂြိုဟ်သက်” နှင့် “ဗုဒ္ဓဟူးဂြိုဟ်သက်” (၁၀ + ၁၇ = ၂၇ = ၉) ဂြိုလ်သက် (၂)ခုပေါင်း (၉) “နဝင်း ဓာတ်သိဒ္ဓိ” မြောက်ပြီးသကာလ တစ်နည်းအားဖြင့် “စနေနံ” နှင့် “ဗုဒ္ဓဟူး” (၂) နံ ဂြိုဟ်တွဲမှာ “ရွှေထီးဓာတ်” “နောင်ရိုးဓာတ်” များဓာတ်ဝင်ကိုက်ညီ နဝင်းသိဒ္ဓိမြောက်လှပါသည်။

ထို့ကြောင့် လေးစားအပ်ပါသော စာဖတ်သူမိဘပြည်သူဇာတာရှင်၊ လက္ခဏာရှင်၊ ဝါသနာရှင်၊ သုတေသီအပေါင်းတို့လည်း မိမိတို့၏ စီးပွားရေး၊ ကြီးပွားရေး၊ လာဘ်လာဘ၊ အကြံအစည်၊ ကိုယ်ရေးကိုယ်တာ၊ ဘဝရေးရာ အဖွင့်အခံတို့အတွက် အကျိုးပေးလှသော “ဒိုးလေး” ကို မိမိတို့၏ လက်ကိုင်ဆရာသမား၊ ပညာရှင်၊ အာစရိယပုဂ္ဂိုလ်များနှင့် နာခံတိုင်ပင်လျက် ဆောင်သကာ စမ်းသပ်ကြိုးပမ်း စီမံဆောင်ရွက်ကြည့်ကြပါ။ ထီထိုးကြည့်ကြပါဟု “ဒိုးလေး” ဆောင်၍ သိန်းသန်းဆု အောင်သွားဖူးသော ဖြစ်ရပ်မှန်တစ်ခုကို တင်ပြရင်း အကျိုးမျှော်ပြီး လေးမြတ်စွာ အကြံပြုတိုက်တွန်း၊ နှိုးဆော်တင်ပြအပ်ပါသည်။

အကျိုးပေးသော “ဒိုးလေး” အဆောင်နှင့်ပတ်သက်၍ အလျဉ်းသင့်စပ်လျဉ်းကြုံကြိုက် အခွင့်သင့်တုန်းဆိုသလို လေးစားအပ်ပါသော စာဖတ်သူများသို့ လေးစားစွာတင်ပြအကြံပြုဖော်ပြသတင်းစကားပေးလိုသည်မှာ……

ထိုစာအုပ်ပါ စာရေးသူ ဆရာ၏ ဩဝါဒ၊ အာဘော်၊ တင်ပြချက်များအရဆိုသော် “ဒိုးလေး” မှာ စီးပွား၊ လာဘ်လာဘ၊ အပွင့်တို့အတွက်သာမက “အတိုက်အခိုက် အပြိုင်အဆိုင်၊ နဝင်းဓာတ်သတ္တိ၊ အကာ၊ အခံ၊ ပီယနှင့် ကျက်သရေ နှုတ်မှုဩဇာအစွမ်းပကားများ” ကိုလည်း ပေးအပ်ပြည့်မြောက်စေပါကြောင်းကို ဖတ်ရှုလေ့လာ၊ နာယူ ပညာများဆည်းပူးရရှိပါသည်။ များစွာကျေးဇူးကြီးမားလှပါသည်။

အကျိုးပေးသော ဒိုးလေးကို ဆောင်သ၍ လာဘ်ဝင်၊ ထီပေါက်ကာ အောင်ကြပါစေကြောင်း လေးမြတ်စွာ ဆန္ဒပြုမေတ္တာပို့သပါသည်။

ရေးသားသူ -ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။