မိသားစုထံမှ ငွေတောင်းဖို့ ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရသယောင် ဟန်ဆောင်ခဲ့သူကို နိုင်ငံတကာရဲတပ်ဖွဲ့ ဖမ်းဆီး

Funny International News
မိသားစုထံမှ ငွေတောင်းဖို့ ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရသယောင် ဟန်ဆောင်ခဲ့သူကို နိုင်ငံတကာရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရသယောင် ဟန်ဆောင်ပြီး မိသားစုထံမှ ငွေတောင်းခံခဲ့တဲ့ ဗြိတိန်အမျိုးသားတစ်ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အင်္ဂလန်နိုင်ငံ၊ ပို့စ်မောက်မြို့မှာ နေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသား ရော်ဘီဒေးဟာ ပျော်ပါးစရာတွေ များလွန်းလို့ ပါတီမြို့လို့ တင်စားတဲ့ ပတ္တရားမြို့ကို ရောက်ရှိနေသူပါ။

ရော်ဘီဒေးဟာ ပတ္တရားမြို့မှာ သောက်စားပျော်ပါးရင်း ပိုက်ဆံကုန်သွားတိုင်း အိမ်ကို ပိုက်ဆံ လှမ်းတောင်းလေ့ရှိပါတယ်။ အကြိမ်ကြိမ် ပိုက်ဆံပို့ရပြီးနောက်မှာတော့ မိသားစုက သူ့ကို ငွေမလွှဲပေးတော့ပါဘူး။ ရော်ဘီဒေးဟာ ပိုက်ဆံ မရှိတော့ပေမဲ့
ပတ္တရားမှာပဲ ပျော်မွေ့နေတာကြောင့် ငွေရဖို့ အကြံထုတ်ပါတယ်။ သူ့မျက်နှာကို ညိုမဲစွဲသွားအောင် ထိုးကြိတ်ဖို့ သူ့ရဲ့ သောက်ဖော်စားဖက်တွေကို အကူအညီတောင်းခဲ့တာပါ။ ပြီးတော့ သူတို့ကို ပြန်ပေးသမားတွေလို ဟန်ဆောင်ခိုင်းခဲ့ပြီး ပြန်ပေးဆွဲခံထားရတဲ့ပုံစံ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

အဲဒီဓာတ်ပုံကို သူ့မိသားစုထံ ပို့ပြီး ငွေတောင်းဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ သူ့မိသားစုက စိတ်ပူပြီး နိုင်ငံတကာရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။ ပတ္တရားမြို့မှ ဟိုတယ်တစ်လုံးမှာ ရော်ဘီဒေး ရှိနေတယ်လို့ ခြေရာခံမိသွားတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့က သူ့ကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ သူ့အခန်းကို ဝင်ရောက်စီးနင်းချိန်မှာတော့ ပြန်ပေးဆွဲထားသူတွေ မတွေ့ရဘဲ သောက်စား၊ မူးယစ်နေသူတွေကိုပဲ တွေ့ခဲ့ရပါတယ်။
ရော်ဘီဒေးနဲ့အတူ မူးယစ်ဆေး သုံးစွဲထားတဲ့ အခြားနိုင်ငံခြားသား ၃ ဦးကို တွေ့ခဲ့တာပါ။

သူတို့တွေကို တရားမဝင် lat nat ခဲယမ်း ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ထိုင်းအစိုးရကလည်း သူတို့ကို ပြည်နှင်ဒဏ်ပေးဖွယ် ရှိနေပါတယ်။

ရေးသားသူ -Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။