၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( February 5 to February 11 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းမာရေး အရ ပြဿနာများစွာကို ကျော်လွှားနိုင်ပါလိမ့်မယ်။ သို့သော် မိမိ၏ စွမ်းအင်ကို အလုပ်များစွာတွင် သုံးစွဲမည့်အစား လိုအပ်သည့် အလုပ်များကိုသာ အာရုံစိုက်ပေးပါ။

ငွေရေးကြေးရေး အရ ဝင်ငွေ ပုံမှန် ရရှိနေပါမယ်။ သို့သော် လျော်ကြေးငွေ ပေးဆောင်ရဖွယ် ရှိနေတတ်၍ ငွေပေးငွေယူ ကိစ္စများတွင် အတတ်နိုင်ဆုံး သတိထားပေးပါ။

ဤကာလအတွင်း Aries ရာသီခွင်တို့၏ မိသားစုဝင် အချို့သည် ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်ရတတ်ပါတယ်။ ပေါ့ဆမှု မရှိစေဘဲ လိုအပ်သော ဆေးဝါးကုသမှု ရယူပေးရန် လိုအပ်ပါမယ်။

ပြိဿရာသီခွင် – Taurus ( February 5 to February 11 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းမာရေး အရ အထူး ကောင်းမွန်နေပါမယ်။ ကိုယ်ခံအားကောင်းကာ ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ မိမိ၏ ကျန်းမာရေးအပြင် မိသားစုဝင်၏ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးပါ။

ငွေရေးကြေးရေး အရ ကောင်းမွန်သော အမြတ်အစွန်းများနှင့် အတူ အဆင်ပြေပြေ ဖြတ်သန်းနိုင်ပါမယ်။ ဘဏ္ဍာရေး အစီအစဉ်များ ရေးဆွဲကာ ငွေကြေး စုဆောင်းပေးပါ။ သို့သော် မိတ်ဖက် စီးပွားရေး လုပ်ငန်းများ အနေနှင့် ငွေကြေး စနစ်တကျ စီမံခန့်ခွဲပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း Taurus ရာသီခွင်တို့၏ မိသားစု အခြေအနေသည် မငြိမ်သက်နိုင်ပေ။ အဆင်မပြေမှုများ ကြားတွင် ဖိစီးနေရတတ်ပါတယ်။

မေထုန်ရာသီခွင် – Gemini ( February 5 to February 11 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအားဖြင့် အနည်းငယ် အားနည်းနေနိုင်ပါမယ်။ အထူးသဖြင့် မိမိ၏ အတွေးကို ထိန်းချုပ်ပေးပါ။ ယုံကြည်မှု ပြန်လည် မြှင့်တင်ပေးရန် လိုအပ်ပါလိမ့်မယ်။

ငွေရေးကြေးရေးအားဖြင့် ထိုက်တန်သော ဝင်ငွေ ပမာဏကို ရရှိနိုင်ပါမယ်။ သို့သော် ငွေကြေး ကိစ္စများ ပြုလုပ်ရာတွင် နှုတ်အပြောအဆိုထက် စာရွက်စာတမ်းတို့နှင့်သာ ပြုလုပ်ပေးပါ။ ယုံကြည်မှု ဖောက်ဖျက်ခြင်း၊ ပစ္စည်းဥစ္စာ ပျောက်ဆုံးခြင်းများ ရှိနေတတ်ပါတယ်။

ဤကာလအတွင်း Gemini ရာသီခွင်တို့၏ မိသားစု ဘဝတွင် ဖခင်နှင့် ဆက်ဆံရေးသည် အနည်းငယ် ခက်ထန်နေနိုင်ပါမယ်။ မိသားစု၏ ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားပါ၊၊ စကားကို ထိပ်တိုက် တုံ့ပြန်ခြင်းများ မပြုလုပ်ပါနှင့်။

ကရကဋ်ရာသီခွင် – Cancer ( February 5 to February 11 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်များ အနေနှင့် ကျန်းမာရေးကို ဂရုစိုက်ပေး ရပါမယ်။ ပင်ပန်းနွမ်းနယ်ကာ မအီမသာ ခံစားနေရတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအား ကောင်းမွန်အောင် ကြိုးစားကာ ခရီးရှည်များ သွားလာခြင်းတို့ကို ရှောင်ရှားသင့်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် ဝင်ငွေထက် အထွက်ငွေ ကြမ်းနေတတ်ပါတယ်။ အပြောင်းအရွေ့ ကိစ္စရပ်များကြောင့် မျှော်လင့်ထားသည်ထက် ငွေကြေး ပိုမို သုံးစွဲရတတ်ပါတယ်။

ဤကာလအတွင်း Cancer ရာသီခွင်တို့၏ မိသားစု ဘဝတွင် အပြုသဘောဆောင်သော အငွေ့အသက်များ ရှိနေပါမယ်။ မိသားစုဝင်များ အကြား အပြန်အလှန် ကူညီမှုတို့ဖြင့် ပျော်ပျော်ရွင်ရွင် ဖြတ်သန်းနိုင်ပါမယ်။

သိဟ်ရာသီခွင် – Leo ( February 5 to February 11 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်နေပါမယ်။ ကိုယ်လက်လှုပ်ရှားမှုနှင့် အတူ ရေများများ သောက်သုံးပေးပါ။

ငွေရေးကြေးရေးအားဖြင့် ပုံမှန် အနေအထားတွင် ရှိနေပါမယ်။ ယခင်ပြုလုပ်ခဲ့သော ရင်းနှီးမြုပ်နှံမှုများမှ ငွေကြေး အကျိုးအမြတ် ရရှိနိုင်သလို မလိုအပ်သော တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရခြင်းကြောင့် ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။

ဤကာလအတွင်း Leo ရာသီခွင်တို့၏ မိသားစု ဘဝအတွက် အချိန်ပိုမို ရရှိနိုင်ပါမယ်။ သားသမီး ရှိကြသူများ အနေနှင့် ပညာရေး အပေါ် အားစိုက်နိုင်ရန် ကူညီပေးပါ။ တခါတရံ ချစ်ခင်ရင်နှီးသူ၏ လျစ်လျူရှုခြင်း ခံရတတ်၍ စိတ်အားငယ်‌ နေတတ်ပါတယ်။

ကန်ရာသီခွင် – Virgo ( February 5 to February 11 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် လုံလုံလောက်လောက် အနားယူပေး ရပါလိမ့်မယ်။ မိမိကိုယ် မိမိ လွန်စွာ တွန်းအား မပေးပါနှင့်။ အတိတ်ကာလ ကိစ္စရပ် အချို့ကြောင့် စိတ်ပိုင်းဆိုင်ရာအားဖြင့် အနည်းငယ် အားနည်းနေတတ်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရား၏ အားပေးထောက်ပံ့မှုကို ရရှိနိုင်ပါမယ်။ ဝင်ငွေ‌ တိုးတက်မှုအပြင် ဆိုင်းငံ့ထားသော ငွေကြေး ကိစ္စရပ်များကိုပါ အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါမယ်။ သို့သော် ငွေကြေး ချေးငှားခြင်းမှ ဆုံးရှုံးနိုင်ခြေ ရှိနေသောကြောင့် သတိထားပေး ရပါမယ်။

ဤကာလအတွင်း မိသားစုရေးရာ ကိစ္စရပ်အတွက် ငွေကြေး အချို့ သုံးစွဲရတတ်ပါတယ်။ မိသားစုဝင်များ အကြား နားလည်မှုတို့ဖြင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ပေးပါ။

တူရာသီခွင် – Libra ( February 5 to February 11 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေးအရ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ကာ လူမှုဘဝ တိုးတက်လာပါမယ်။ ဆုံးဖြတ်ချက်တိုင်းကို ယုံကြည်မှုရှိရှိ ချမှတ်နိုင်ပါမယ်။

ဘဏ္ဍာရေးနှင့် ငွေကြေး အကျိုးအမြတ်များ ရရှိခြင်းနှင့်ပတ်သက်၍ ပုံမှန်ထက် ပိုမို ကောင်းမွန်လာပါမယ်။ အိမ်ထောင်ဖက် ၊မိသားစု စသော အကြောင်းကိစ္စတို့မှ ရုတ်တရက် အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ အခွင့်အရေးများကို မှန်ကန်စွာ အသုံးချပေးပါ။

ဤကာလအတွင်း Libra ရာသီခွင်တို့၏ မိသားစု ဘဝသို့ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။ သို့သော် နေအိမ်ရှိ ပစ္စည်း ပစ္စည်း၊ ဥစ္စာ ပျောက်ဆုံးနိုင်သည့် အလားအလာ ရှိနေတတ်၍ သတိထားပေးပါ။

ဗြိစ္ဆာရာသီခွင် – Scorpio ( February 5 to February 11 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် အချို့သော ကိစ္စရပ်များကြောင့် စိတ်ဖိစီးမှုကို တိုးစေနိုင်ပါတယ်။ မိမိ၏ ကျန်းမာရေးကို ဂရုမစိုက်ဘဲ မနေပါနှင့်။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်စေရန် အလုံအလောက် အနားယူပေး ရပါမယ်။

ငွေရေးကြေးရေး ကံကောင်းခြင်း၊ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မိမိမျှော်ထားသည်ထက် ပိုမို ကောင်းမွန်သော အမြတ်အစွန်းများ ရရှိနိုင်ပါမယ်။ အနာဂတ် ဘဏ္ဍာရေးဆိုင်ရာ အစီအစဉ်များဖြင့် ပညာရှိရှိ ရင်းနှီးမြုပ်နှံပေးပါ။

ကယ်၍ မိသားစုဝင် တစ်ဦးဦးသည် ကျန်းမာရေး ပြဿနာနှင့် ရင်ဆိုင်နေရပါက ယခုအပတ်တွင် သက်သာရာ ရရှိနိုင်ပါမယ်။ ဒါ့အပြင် ညီအစ်ကို၊ ညီအစ်မများ၏ အကူအညီကိုလည်း မကြာခဏ ရရှိနိုင်ပါမယ်။

ဓနုရာသီခွင် – Sagittarius ( February 5 to February 11 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေး တိုးတက်မှုတို့ဖြင့် ဖြတ်သန်းနိုင်ပါမယ်။ အကယ်၍ ယခင်က မျက်စိနှင့် ပက်သက်၍ ဝေဒနာ ခံစားနေရပါက သက်သာပျောက်ကင်းလာဖွယ် ရှိနေပါတယ်။

ငွေကြေးအရ ကံတရားသည် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ မလိုလားအပ်သော အသုံးစရိတ်များ ရှိလာနိုင်ပါမယ်။ သို့သော် ပုံမှန် ဝင်ငွေ လည်ပတ်မှုတို့ကြောင့် အထူး စိုးရိမ်စရာ မလိုအပ်ပေ။

ဤကာလအတွင်း အိမ်ထောင်သည် Sagittarius ရာသီခွင်များ အနေနှင့် မိမိတို့ ကလေး၏ ပညာရေး နယ်ပယ် အပေါ် အာရုံစိုက်ပေးရန် လိုအပ်ပါမယ်။ ကြိုစားအားထုတ်မှု အပေါ် အသိအမှတ် ပြုပေးပါ။

မကာရရာသီခွင် – Capricorn ( February 5 to February 11 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်များ အနေနှင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တိုးတက်မှုများ ရှိနေပါမယ်။ သို့သော် မိမိ၏ အတွေးကို ထိန်းချုပ်နိုင်‌အောင် ကြိုးစားပေးပါ။ အအေးမိခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်ပေါ်နိုင်ပေမယ့်လို့ ‌အထူး စိုးရိမ်စရာ မလိုအပ်ပေ။

ငွေရေးကြေးရေး အရ ပုံမှန် လည်ပတ်နေပါမယ်။ ကြွေးဟောင်းများ ပြန်လည် ရရှိနိုင်ဖွယ် ရှိနေပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် လုပ်ငန်း မတိုးချဲ့မီ သေချာမှု ရှိအောင် ဦးစွာ ပြုလုပ်ပေးပါ။

ဤကာလအတွင်း မိမိ၏ လုပ်ငန်းတာဝန် အပြင် မိသားစု အရေးကိုပါ အာရုံစိုက်ပေးပါ။ မိသားစုဝင်များနှင့် အတူ ဆွေမျိုးများ၏ နေရာဒေသသို့ သွားရောက် လည်ပတ်ရန် စီစဉ်နိုင်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( February 5 to February 11 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ယခင်ထက် ကျန်းမာရေး ပိုမိုကောင်းမွန်လာပါမယ်။ ခံစားနေရသော ရောဂါ၊ ဝေဒနာများမှ လွတ်မြောက်နိုင်ပါမယ်။ စွမ်းအင် အပြည့်ဖြင့် အလုပ်များကို လုပ်ဆောင်နိုင်ပါမယ်။

ငွေရေးကြေးရေး အရ ကောင်းမွန်သော ရလာဒ်တို့ဖြင့် သက်သေပြနိုင်ပါမယ်။ ချမ်းသာ ကြွယ်ဝမှုကို တိုးစေပီး အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။ သို့သော် အချို့သော ပြင်ဆင်မှုအတွက် ငွေကြေး အချို့ သုံးဆွဲရဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း မိမိ၏ အလုပ်တာဝန် အပြင် မိသားစု အတွက်ပါ အချိန်ပို ရရှိနိုင်ပါမယ်။ မိသားစုနှင့်အတူ ကုန်ဆုံးခဲ့သော အချိန်ဟောင်းများကို ပြန်လည် ဆန်းသစ်စေနိုင်ပါမယ်။

မိန်ရာသီခွင် – Pisces ( February 5 to February 11 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် အလုပ်ချိန်နှင့် အနားယူချိန်ကြား မျှတမှု ရှိစေရန် အလွန် အရေးကြီးပါတယ်။ အကယ်၍ ရောဂါ၊ ဝေဒနာဟောင်းများ ခံစားနေရပါက သက်သာ ပျောက်ကင်းနိုင်ဖွယ် ရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ် တက်ကြွနေပါမယ်။ စားသောက်မှု အလေ့အထနှင့် ကိုယ်လက်လေ့ကျင့်ခန်းများကို နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးပါ။

ငွေရေးကြေးရေးနှင့် ပက်သက်၍ အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာခြေ ရှိနေပါတယ်။ ငွေကြေး အကျိုးခံစားခွင့်များ ရရှိရုံသာမက ဘဏ္ဍာရေး အခြေအနေသည် ယခင်ထက် ပိုမိုအားကောင်းလာပါမယ်။

ဤကာလအတွင်း Pisces ရာသီခွင်တို့၏။ လူနေမှု ဘဝတွင် အဆိုးမြင်စိတ်များ ဖုံးလွှမ်းနေတတ်ပါတယ်။ အထူးသဖြင့် သူငယ်ချင်း၊ ဆွေမျိုး၊ မိသားစု အသိုင်းအဝိုင်းတို့က မိမိ လိုအပ်ချက် အပေါ် နားလည်မှု မပေးနိုင်သလို ခံစားနေရတတ်ပါတယ်။

ရေးသားသူ -Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။