ရာသီခွင်တွေရဲ့ဘဝတစ်လျောက်အချစ်ရေးအိမ်ထောင်ရေးကံကောင်းမလား

Astrology

ရာသီခွင်တွေရဲ့ဘဝတစ်လျောက်အချစ်ရေးအိမ်ထောင်ရေးကံကောင်းမလား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရာသီခွင်တွေရဲ့ဘဝတစ်လျောက်အချစ်ရေးအိမ်ထောင်ရေးကံကောင်းမလား ဆိုတဲ့tarot သတင်းလေးပဲ ဖြစ်ပါတယ်။

ရာသီခွင်တွေရဲ့ဘဝတစ်လျောက်အချစ်ရေးအိမ်ထောင်ရေးကံကောင်းမလား

Aries(March 21 April 20)
Ariesအများစုကအချစ်ရေးကံညံ့ရှိနေတတ်ပါတယ်ဘဝတစ်လျှောက်လုံးမှာကိုယ့်အတွက်ကိုယ့်အပေါ်တကယ်ချစ်ပေးတတ်တဲ့သူနဲ့ဆုံတွေ့ရကိန်းရှိသလိုကိုယ့်ကိုစိတ်ထဲမှာနှစ်နှစ်ကာကာချစ်ပေးပြီးအချိန်တစ်ခုရောက်တဲ့အခါမှပြောင်းလဲတတ်တဲ့ချစ်သူနဲ့ကြုံရတတ်ပါတယ်အချစ်ရေးကံကတော့အနည်းအများအပြောင်းအလဲရှိပါတယ်Ariesအများစုကတော့သူတို့ကတစ်ခါတစ်လေဆိုရင်လည်းသူတို့စိတ်ထဲမှာဖြစ်လာတာတွေကိုပြောပြတတ်ပြီးတော့လူတစ်ယောက်ကိုစိတ်ပျက်သွားပြီဆိုရင်လည်းလုံးဝကိုလှည့်မကြည့်တတ်တော့ပါဘူးပြတ်သားကြပါတယ်ချစ်တဲ့သူကိုတော့အမြဲတမ်းအလျော့ပေးတတ်ပါတယ်ဒါပေမယ့်ကိုယ့်ဘဝမှာအိမ်ထောင်ရေးကံအချစ်ရေးကံကတော့ကိုယ့်ဘက်ကအလျော်ပေးရတတ်ပါတယ်ကိုယ့်အိမ်ထောင်ဘက်ကခေါင်းမာတယ်စကားသိပ်နားမထောင်တတ်တဲ့အကျင့်မျိုးရှိပါတယ်နောက်ပြိီးတသ်ခါတစ်လေသူလုပ်ချင်ရာလုပ်တတ်ပါတယ်ဒါပေမယ့်တစ်ချို့Ariesတွေကျတော့ကံကတော့အရမ်းကံကောင်းတတ်ပါတယ်အရမ်းချစ်ခံရပြီးပျော်နေပါတယ်Ariesအတော်များများကကိုယ်နဲ့အဆင်မပြေတဲ့ချစ်သူကိုထားပစ်ခဲ့တတ်ပြီးအဆင်မပြေတဲ့သူကိုမှရွေးချယ်လက်တွဲတတ်ပါတယ်

Taurus(April 21 May 20)

Taurusတွေကတော့ပျော်ပျော်နေတတ်ကျပါတယ်Taurusအများစုကတော့အမြဲတမ်းစိတ်အေးအေးချမ်းချမ်းနေတတ်ပါတယ်သူတို့အတော်များများကတော်ရုံတန်ရုံလည်းစိတ်မဆိုးဒေါသမထက်ကြပါဘူးနော်စိတ်ဆိုးတာဒေါသထွက်တာဖြစ်ခဲပါတယ်အမြဲတမ်းလိုလိုစိတ်ကိုပျော်ပျော်နေတာကြောင့်စိတ်ညစ်ရင်တောင်မသိသာပါဘူးနော်Taurusတွေရဲ့အချစ်ရေးကံကတော့ကံကောင်းတာရောရှိသလိုကံမကောင်းတာကများပါတယ်သူတို့ကလူတစ်ယောက်ကိုချစ်မိပြီဆိုရင်နှစ်နှစ်ကာကာချစ်မိတာကြောင့်စိတ်ပင်ပန်းရတတ်ပါတယ်။သူတို့တွေကအလုပ်အရမ်းကြိုးစားကြပါတယ်။အလုပ်နဲ့ပတ်သက်ပြီးရည်းမှန်းချက်ကြီးတွေလည်းရှိကြပါတယ်။အိမ်ထောင်းရေးကံကောင်းတတ်တယ်။ဒါပေမယ့်စကားများတာတွေအဆင်မပြေတာတွေရှိတတ်ပါတယ်အထူးသဖြင့်ကိုယ်ကအရမ်းအရစ်သန်ပါတယ်။Taurusတွေကအရောင်အေးအေးလေးတွေဝတ်စားဆင်ယင်တတ်ပါတယ်နော်။နောက်ပြီးတော့အချစ်ရေးကတော့အရမ်းကိုစိုးရိမ်စိတ်တွေများနေတတ်ပါတယ်နော်။

Gemini(May 21 June 20)

Geminiတွေကတော့အရမ်းဂယက်များတတ်ပါတယ်ဘာအလုပ်လုပ်ပြဿနာလေးတော့တစ်ခုမဟုတ်တစ်ခုတော့ဖြစ်တတ်ပါတယ်နော်။အဆင်မပြေတာလေးတွေခဏခဏကြုံရတတ်တယ်။အချစ်ရေးနဲ့ပတ်သက်ပြီးရင်လည်းတစ်ဖက်လူကကိုယ့်အပေါ်အရမ်းကိုချစ်နေရင်လည်းကိုယ့်ဘက်ကစိတ်အမျိုးမျိုးဖြစ်နေတတ်ပါတယ်နော်။Geminiတွေကအရမ်းချစ်တတ်ပါတယ်အထူးသဖြင့်သူတို့ကဒေါသအရမ်းကြီးပါတယ်။အရမ်းချစ်တဲ့သူကိုမှအတော်လေးသည်းခံပေးတတ်ကြပါတယ်အချစ်ရေးမှာတော့Geminiတွေကအရမ်းကိုစိတ်ဓာတ်မာချင်ယောင်ဆောင်တတ်ကြပါတယ်။အများစုကအရမ်းကိုခံစားလွယ်တတ်ကြပါတယ်။အမြဲတမ်းစိတ်ခံစားချက်ရှိတတ်ပါတယ်။သူတို့ကအချစ်ရေးမှာတော့အများစုကကံမကောင်းတတ်ပါဘူးဘဝတစ်လျှောက်အချစ်ရေးကံကအညံ့လေးတွေများပါတယ်စိတ်နဲ့ထပ်တူမကျဖြစ်တတ်ပါတယ်

Cancer(June 21 July 20)

Cancerအများစုကတော့အချစ်ရေးကနဲ့ပတ်သက်လာရင်ကံကောင်းတတ်ကြပါတယ်။အရင်ကဘယ်လောက်ပဲကံဆိုးခဲ့ကံဆိုးခဲ့အမြဲတမ်းအတွက်ရွေးချယ်ထားတဲ့သူကတော့ကိုယ့်ကိုယ်အရမ်းကိုချစ်ပေးတတ်တဲ့သူဖြစ်ပါတယ်။ပြောရရင်ကိုယ့်စိတ်ထဲကဖြစ်ချင်တာတွေကိုပါဖြည့်ဆည်းပေးတတ်တဲ့သူနဲ့တွေ့ရတတ်ပါတယ်သူတို့ကအမြဲတမ်းစိတ်အပြောင်းလဲမများတတ်ပါဘူးအများစုကတော့စိတ်ပျော်ရွှင်တတ်ပါတယ်နော်ဘာတွေပဲခံစားနေရပါစေပျော်ပျော်ပဲနေတတ်ပါတယ်။Cancerတွေကတကယ်ချစ်မိပြီဆိုရင်စွန့်လွှတ်ဖို့ကိုဝန်လေးတတ်ကြပါတယ်အရမ်းအစွဲလန်းကြီးကြပါတယ်နော်နောက်ပြီးသူတို့ကစိတ်ပင်ပန်းတဲ့အချစ်ရေးတွေနဲ့ကြုံတွေ့ရပြီးမှအချစ်ရေးအိမ်​ထောင်ရေးကံအချစ်ရေးကံကောင်းတတ်ကြပါတယ်နော်

Leo(July 21 August 21)

Leoတွေကတော့အချစ်ရေးကံလုံးဝကိုမကောင်းကြပါဘူးအများစုကအမြဲတမ်းတစ်ဖက်သူကိုအလျော့ပေးတတ်ရပါတယ်နော်အမြဲတမ်းစိတ်ထဲမှာခံစားရတဲ့အချိန်ကများပါတယ်နောက်ပြီးLeoတွေကတော့အမြဲတမ်းအချစ်ရေးကကိုယ့်ဘက်ကပဲတစ်ဖက်သူကိုအမြဲတမ်းဦးစားပေးချစ်ပေးရတတ်ပါတယ်နော်။အချစ်ရေးမှာတစ်ခါတစ်လေခက်ထန်တာလေးတွေရှိသလိုအမြဲတမ်းအချေမျက်နှာနဲ့နေတတ်ပါတယ်နော်Leoတွေကတော့တစ်ခါတစ်လေစိတ်ပင်ပန်းရင်မျက်နှာကသိသာနေတာမျိုးဖြစ်တတ်ပါတယ်အချစ်ရေးနဲ့ပတ်သက်ရင်တော့အဆင်မပြေပါဘူးကိုယ်မချစ်တဲ့သူနဲ့အိမ်ထောင်ကျတတ်ပါတယ်။

Virgo(August 22. September 22)

Virgoတွေကတော့အချစ်ရေးမှာကံမကောင်းတတ်ကြပါဘူးအမြဲတမ်းအချစ်ရေးကံအညံ့လေးတွေရှိနေပါမယ်နော်အထူးသဖြင့်အချစ်ရေးမှာကိုယ့်ကိုယ်တကယ်ချစ်ပေးတာတစ်ယောက်ကိုယ်ကချစ်နေတာတစ်ခြားတစ်ယောက်ဖြစ်နေတတ်ပါတယ်စိတ်အရမ်းပင်ပန်းနေရတတ်ပါတယ်အများစုကတော့ဒေါသအရမ်းကြီးတာမို့လို့တော်ရုံဆိုရင်စိတ်မထိမ်းနိုင်ဖြစ်နေတတ်ကြပါတယ်နော်။စိတ်ဆိုးဒေါသထွက်တာတွေဖြစ်တတ်ကြပါတယ်။Virgoတွေကတော့ပြောရရင်သူတို့စိတ်ထဲမှာဖြစ်သမျှကိုအမြဲတမ်းလိုလိုသည်းခံတတ်တဲ့ပုံစံနေတတ်ပါတယ်နော်။ဒါပေမယ့်အတော်များများကမှတ်ထားတတ်ပါတယ်နော်။နောက်ပြီးမှတစ်ခါတည်းကိုမကျေနပ်တာတွေကိုပြောတတ်ကြပါတယ်နော်။နောက်ပြီးတော့Virgoတွေကတော့အလုပ်ကြိုးစားကြတယ်။အစားမပျက်အအိပ်မဖျက်နေတတကြပါတယ်နော်။

Libra(September. 22. Oct. 22)

Libraတွေကအချစ်ရေးကတော့ကံကောင်းတာရောကံမကောင်းတာရောကြုံတွေ့ရတတ်ပါတယ်နော်။အိမ်ထောင်ရေးကတော့ကံကောင်းတတ်ပါတယ်နော်ကိုယ့်စိတ်နဲ့အဆင်မပြေတဲ့ချစ်သူနဲ့ကြုံတွေ့ရတတ်ပါတယ်နော်ဒါပေမယ့်ဘဝတစ်လျှောက်လုံးကိုစိတ်ပင်ပန်းရတာတွေLDRSချစ်သူကိုရတတ်ပါတယ်။သူတို့ကတော့အချစ်ရေးမှာအလျော့မပေးချင်ဘူး။ခင်မို့မို့အေးဆန်တတ်ကြပါတယ်နော်။စိတ်တိုတတ်သလိုလိုကိစ္စသေးသေးလေးတွေမှာလည်းစိတ်ခံစားချက်ပြင်းထန်ကြပါတယ်နော်အများစုကတော့ပညာရေးမှာ၊အလုပ်ကိုင်မှာတော့အရမ်းကိုစိတ်ဝင်စားပြီးကြိုးစားတတ်ပါတယ်။Libraကတော့အများစုကဘဝမှာအေးအေးဆေးဆေးငွေရေးကြေးရေးမပူပင်ပဲနေရတတ်ပါတယ်နော်အစစအရာရာအဆင်ပြေပြေဖြစ်တတ်ပါတယ်နော်။လူမှုရေးနဲ့ပတ်သက်ပြီးလည်းအတော်များများနဲ့အဆင်ပြေတတ်ကြပါတယ်နော်။

Scorpio(Oct 23 Nov 21)

Scorpioတွေအများစုကတော့အချစ်ရေးမှာတော့ကံကောင်းပါမယ်ကိုယ့်ထက်အသက်ကြီးတဲ့ချစ်သူနဲ့ဆုံရကိန်းရှိတတ်ပါတယ်။နောက်ပြီးတော့အမြဲတမ်းလိုလိုscorpioတွေကဇီဇာကြောင်တတ်ပါတယ်နော်အရမ်းလည်းကပ်စေးနဲတတ်ပါတယ်။ကိုယ့်ချစ်သူနဲ့ကိုမှပဲကပ်စေးမနဲတတ်တာပါ။နောက်ပြီးတော့သူတို့ကအချစ်ရေးနဲ့ပတ်သက်ပြီးအရမ်းအရစ်သန်ပါတယ်အကြောင်းမရှိအကြောင်းရှာဆတ်ပါတယ်တစ်ခါတစ်လေအဆင်မပြေဖြစ်တာလေးတွေလည်းရှိနေပါတယ်ရှိနေရင်တောင်မှဘယ်သူ့ကိုမှမပြောပြဘဲတကယ်ယုံကြည်ရတဲ့သူကိုမှပြောပြတာပါ။အများစုကမြို့ပြထက်အေးဆေးတည်ငြိမ်တဲ့နေရာလေးတွေသာသာယာယာတောတောင်ရှုခင်းလေးတွေကိုကြည့်ပြီးဘဝတစ်ခုကိုတည်ထောင်ချင်ပါတယ်နော်

Saggitarius(Nov 23 Dec 21)

Saggitariusတွေကတော့စိတ်ပင်ပန်းတဲ့အခါတစ်ယောက်တည်းတစ်နေရာမှာတွေးနေတတ်ပါတယ်။အများစုကတော့စိတ်ထဲမှာအတွေးတွေအရမ်းများတယ်အတွေးသမားဖြစ်တန်ကြပါတယ်နော်။သူတို့တွေကတော့စိတ်ထဲမှာအငြိုးမထားတတ်ပါဘူးအချစ်ရေးကံကောင်းတတ်ပါတယ်။အများစုကတော့အချစ်ဦးကစပြီးကံဆိုးတတ်ပါတယ်နောက်ပြီးတော့ဘဝတစ်လျှောက်မှာအသက်နှစ်ဆယ်ကစလို့တောက်လျှောက်စိတ်ပင်ပန်းစရာတွေကြုံရတတ်ပါတယ်။ဒါပေမယ့်အသက်နှစ်ဆယ့်ငါးဆိုရင်တော့အဆင်ပြေစပြုလာပါတယ်။ကိုယ့်စိတ်ထဲကိုယ်တန်ဖိုးထားရတဲ့သူနဲ့ဆုံတွေ့ရပါမယ်နော်။နောက်ပြီးသူတို့ကကိုယ့်ထက်အသက်ငယ်တဲ့သူဒါမှမဟုတ်အသက်သိပ်မကွာတဲ့သူနဲ့ဆုံတွေ့ရပါမယ်အဆင်ပြေကိန်းရှိပါမယ်နော်။Saggitariusတွေကတော့တကယ်ချစ်တဲ့သူနဲ့ပဲလက်ထပ်ရတတ်ပါတယ်နော်။

Capricorn(December 21 January 19)

Capricornတွေကတော့အချစ်ခံရမဲ့ကံကတော့မွေးရာပါဖြစ်မှာပါနောက်ပြီးအများစုကတော့အေးဆေးတည်ငြိမ်ပြီးတစ်ခါတစ်လေသူတို့ကCapricornလို့တောင်မထင်ရတဲ့အခိုက်တန့်တွေရှိပါတယ်နော်အမြဲတမ်းကံကောင်းတတ်ပါတယ်။သူတို့ကကံမကောင်းတာလည်းရှိပေမယ့်အသက်ရွယ်ရလာတာနဲ့အမျှသိသိသာသာအချစ်ရေးအဆင်ပြေလာပါမယ်နော်။သူတို့ကအပျင်းကြီးကြပါတယ်နော်။ပြုံးနေတဲ့အချိန်ကနည်းတယ်သူတို့ကအပြင်ပန်းသကြည့်ရင်စိတ်အေးအေးချမ်းချမ်းနေတဲ့ပုံစံပေါ်သလောက်တကယ်တမ်းကတော့ဒေါသအရမ်းကြီးတတ်တယ်တော်ရုံတန်ရုံသည်းမခံတတ်ပါဘူးစိတ်ဆိုးရင်လည်းအတော်နဲ့စိတ်ဆိုးမပြေကြပါဘူးအိမ်ထောင်ရေးကံအရမ်းကောင်းပါတယ်အများစုကသာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ရတတ်ပါတယ်

Aquarius (January 20-February 18)

Aquariusတွေကတော့နေချင်သလိုနေတတ်ကြပါတယ်အများစုကတော့အရမ်းကိုစန်းပွင့်တဲ့အချိန်တွေလည်းရှိတတ်ကြပါတယ်အတော်များများကတော့ကိုယ့်အတွက်ကိုပိုပြီးအချိန်ပေးတတ်ကြပါတယ်။ပြီးမှသူများအတွက်ကိုအချိန်ပေးတတ်ကြပါတယ်။နောက်ပြီးသူတို့တွေကအချစ်ရေးကံမကောင်းတတ်ကြပါဘူးကိုယ့်ကိုစိတ်ပင်ပန်းအောင်လုပ်တဲ့ချစ်သူနဲ့ဆုံရတတ်ပါတယ်။အဆင်မပြေတာတွေရှိတဲ့အခါမညည်းညူပဲပျော်ပျော်နေတတ်ပါတယ်အမြဲတမ်းစိတ်အေးအေးချမ်းချမ်းကိုနေတတ်ကြပါတယ်။အများစုကကတောက်ကဆဖြစ်တာတွေရှောင်ပါတယ်ပွဲအဖြစ်မခံပါဘူး။အိမ်ထောင်ရေးကံကောင်းကြပါတယ်အများစုကကိုယ့်ကိုချစ်ပေးစိုးရိမ်ပေးတတ်တဲ့အိမ်ထောင်ရေးရတတ်ပါတယ်

Pisces(February 19-March-20)

အချစ်ရေးကံကတော့ကံကောင်းလာပါမယ်နောက်ပြီး ဘဝမှာတစ်ကြိမ်တစ်ခါတော့ကညံ့တွေရှိနေတတ်ပါတယ်နော် အချစ်ရေးကတော့အဆင်ပြေလာကိန်းရှိနေပါတယ်အချစ်ရေးကံကောင်းလာဖို့ရှိနေပါတယ်နော် အချစ်ရေးမှာကိုယ့်အနေနဲ့ အရမ်းကိုကိုယ့်အပေါ်နားလည်ပေးမယ့်သူရှိလာမယ်လို့မြင်ပါတယ်အချစ်ရေးကံနဲ့ပတ်သတ်ပြီးအရမ်းကိုအဆင်ပြေလာမယ်မြင်ပါတယ် အရင်တုန်းက ဘာတွေပဲ ကြုံခဲ့ကြုံခဲ့ အခုချိန်မှာတော့အရမ်းကိုအချစ်ရေးကံကောင်းလာနေပြီဆိုတာမြင်ရပါတယ် ကိုယ်နဲ့အဆင်ပြေတဲ့သူတွေ့တာမျိုးနောက်ပြီးကိုယ့်ကိုယ်အနွံတာခံတဲ့သူတွေ့တာမျိုးတွေရှိနေပါတယ်နော် အချစ်ရေးက နောက်ပိုင်းကံကောင်းလာပါမယ်နော် ဘဝတစ်လျောက် အချစ်ရေးကံက ကံ အဆိုးအကောင်းတစ်လှည့်ဆီကြုံရမှာပါ အရမ်းချစ်ရက်နဲ် ခွဲ ခွာရတာမျိုးတွေလည်းရှိနေပါတယ်နော် စိတ်ညစ်နေရတတ်ပါတ်ယနော် ဒါပေမာ့်အိမ်ထောင်ရေးကွကတော့အရမ်းကိုအဆင်ပြေနေပါတယ်ကိုယ်နဲ့ ကိုက်ညီတဲ့သူနဲ့ဆုံရဖို့ရှိနေပါတယ်နော် အဆင်ပြေကိ်နးမြင်နေရပါတယ်နော်

ရေးသားသူ – 𝐏𝐢𝐧𝐤𝐲 𝐓𝐚𝐫𝐨𝐭

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။