၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ မှ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ မှ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ မှ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ မှ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( November 20 to November 26 )
===============================================

ယခုအပတ်သည် Aries ရာသီခွင်များ အတွက် အတက်အကျများဖြင့် ပြည့်နှက်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ ကျန်းမာရေး အရ တည်ငြိမ်နေပါမယ်။ သို့သော် သွေးတွင်း သကြားဓာတ်နှင့် သွေးပေါင်ချိန်ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။

အစပိုင်းတွင် ဘဏ္ဍာရေး အခြေအနေသည် ကောင်းမွန်နေသော်လည်း နောက်ပိုင်းကာလတွင် ‌ကုန်ကျစရိတ် များလာသဖြင့် ပြဿနာအချို့ ရှိလာနိုင်ပါမယ်။

ဤကာလအတွင်း Aries ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။ အရေးကြီးသော ဆုံးဖြတ်ချက်များ အတွက် မိသားစု၏ ပံ့ပိုးကူညီမှုကို ရယူပေးပါ။

ပြိဿရာသီခွင် – Taurus ( November 20 to November 26 )
===============================================

ကျန်းမာရေးအရ ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် အဆစ်အမြစ် ကိုက်ခဲခြင်း၊ သွေးပေါင်ချိန် ပြဿနာများ ခံစားရနိုင်ပါတယ်။ ယာဉ်မောင်းနှင်‌နေစဉ် သတိထားပေးပါ။

ပစ္စည်းဥစ္စာ ထိခိုက်ပျက်စီးနိုင်ခြေ ရှိနေပါတယ်။ ဓနအင်အား၊ ငွေကြေးအားဖြင့် တိုးတက် ကောင်းမွန်နေပါမယ်။ ငွေကြေး စုဆောင်းမှုများ ပြုလုပ်နိုင်ပါမယ်။ သို့သော် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် ကံတရားသည် ညံ့ဖျင်းနေတတ်ပါတယ်။

အချစ်ရေးအရ Singleများ အနေနှင့် စိတ်ရှည်သည်းခံကာ ဒေါသကို ထိန်းထားပေးရပါမယ်။ မဟုတ်ပါက မပြေလည်မှုများနှင့် အတူ ဆက်ဆံရေး ပျက်စီးသွားပါလိမ့်မယ်။

မေထုန်ရာသီခွင် – Gemini ( November 20 to November 26 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ ကျန်းမာရေးသည် အားနည်းနေတတ်ပါတယ်။ မိမိလုပ်နိုင်စွမ်းထက် ပို၍ တွန်းအားမပေးပါနှင့်။ လုံလုံလောက်လောက် အနားယူပေးပါ။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေ ချောမွေ့နေမည့် အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။ ငွေကြေး အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။ သို့သော် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် ရင်းနှီးမှုပ်နှံမှုများ ပြုလုပ်လိုပါက အနည်းငယ် သတိထားပေးရပါမယ်။

မိမိ ပတ်ဝန်းကျင်ရှိ လူများ အထူးသဖြင့် မိသားစုဝင်များ၏ အပြုအမူကြောင့် ယခုတစ်ပတ်တွင် အနည်းငယ် စိတ်မကောင်း ဖြစ်နေနိုင်ပါမယ်။ စိတ်ဖိစီးမှုများ မြင့်မားကာ စိတ်အားငယ်နေတတ်ပါတယ်။

အချစ်ရေးမှာတော့ ဆက်ဆံရေးကို နောက်တစ်ဆင့် တက်လှမ်းနိုင်ပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( November 20 to November 26 )===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အထူးစိုးရိမ်စရာ မလိုအပ်ပေ။

ရင်းနှီးမြုပ်နှံကြသူများ အနေနှင့် ဤကာလအတွင်း သတိထားပေး ရပါလိမ့်မယ်။ ဆုံးဖြတ်ချက် ကြီးကြီးမားမား ချမှတ်ခြင်းကို ရှောင်ကြဉ်ပါ။ ရန်အနှောင့်အယက်များနှင့် ထိပ်တိုက် ကြုံတွေ့ရတတ်ပါတယ်။

မိသားစုရေးရာ ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေပါမယ်။

ချစ်သူမရှိကြသူများ အနေနှင့် ဤကာလအတွင်း စိတ်ရှည်ရှည် ထားပေးရပါမယ်။ အလျင်လိုသည့် စိတ်ဆန္ဒကြောင့် အရာရာ လွဲချော်နိုင်ခြေ ရှိ‌နေပါတယ်။

သိဟ်ရာသီခွင် – Leo ( November 20 to November 26 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်မာရေး ကောင်းမွန်စေရန် မိမိကိုယ်တိုင် ကြိုးစားပေးရပါမယ်။ အလုံအလောက် အနားယူပေးပါ။ ကျန်းမာရေးနှင့်အညီ အစားအစာများကို အချိန်မှန် စားသုံးပေးပါ။

ငွေရေးကြေးရေး အရ ကံတရားသည် ပိုမိုကောင်းမွန်လာပါမယ်။ မမျှော်လင့်ဘဲ ငွေကြေး အကျိုးအမြတ် ရရှိတတ်ပါတယ်။ ငွေကြေး တိုးတက်ကာ စုဆောင်းမှုများကိုပါ ပြုလုပ်နိုင်ပါမယ်။

ဤကာလအတွင်း Leo ရာသီခွင်တို့၏ မိသားစု ပတ်ဝန်းကျင်တွင် အပြုသဘောဆောင်သော အငွေ့အသက်များကို မြင်တွေ့ရပါလိမ့်မယ်။ မိသားစုဝင်များနှင့် အတူ ပျော်ပျော်ရွင်ရွင် ဖြတ်သန်းနိုင်ပါမယ်။ ချစ်သူမရှိကြသူများ အနေနှင့်လည်း ချစ်သူရည်းစား ရရှိနိုင်ပါမယ်။

ကန်ရာသီခွင် – Virgo ( November 20 to November 26 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ယုံကြည်မှု အပြည့်ဖြင့် အလုပ်များကို လုပ်ဆောင်နိုင်ပါမယ်။ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုအတွက် လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် ‌ကံတရား ကောင်းမွန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ ယခင် ကြုံတွေ့နေရသော ငွေကြေး အခက်အခဲများမှ လွတ်မြောက်နိုင်ပါမယ်။ ဒါ့အပြင် အတိုင်းအတာ တစ်ခုအထိ ငွေကြေး စုဆောင်းမှုများ ပြုလုပ်နိုင်ပါမယ်။

အကယ်၍ ဥပဒေရေးရာ ပြဿနာများနှင့် ရင်ဆိုင်နေရပါက ယခုအပတ်တွင် အလေးသာမှု ရရှိနိုင်ပါမယ်။ သို့သော် ကိစ္စရပ်များကို စိတ်အေးအေးထား ဆုံးဖြတ်ပေးပါ။ ဤကာလအတွင်း Virgo ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်မှုများ ရှိနေပါမယ်။ သတင်းကောင်းများကြောင့် ပျော်ရွှင်စရာ အခိုက်အတန့်များကို ပိုင်ဆိုင်နိုင်ပါမယ်။ ကလေးယူရန် ကြိုးစားနေကြသော အိမ်ထောင်သည်များ အနေနှင့် အောင်မြင်နိုင်ခြေ ရှိနေပါတယ်။

တူရာသီခွင် – Libra ( November 20 to November 26 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် မူးယစ်ဆေးဝါး သုံးစွဲးခြင်းကို ရှောင်ကြဉ်ပေးပါ။ စိတ်ဖိစီးမှုတို့ကြောင့် ကျန်းမာရေး ဝေဒနာများ ဝင်ရောက်လာနိုင်ပါတယ်။

ငွေရေးကြေးရေးအရ ကောင်းမွန်သော အနေအထားတွင် ရှိနေပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့်လည်း သာလွန်သော အမြတ်အစွန်းများ ရရှိရန် မျှော်လင့်နိုင်ပါတယ်။ အိမ်ခြံမြေ ပရောဂျက် သို့မဟုတ် မြေယာပိုင်ဆိုင်မှုတို့တွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နိုင်ပါတယ်။

သို့သော် ဤကာလအတောအတွင်း အလုပ်တာဝန် များပြားနေသောကြောင့် Libra ရာသီခွင်တို့သည် မိသားစု ဘဝအတွက် အချိန်အလုံအလောက် ပေးနိုင်မည် မဟုတ်ပေ။ မိသားစုဝင်များ အကြား နွေးထွေးမှုသည် ပျောက်ဆုံးနေတတ်ပါတယ်။ အိမ်ထောင်သည်များ အနေနှင့်လည်း မိမိတို့၏ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားပေးရပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( November 20 to November 26 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ သို့သော် အစားအသောက်နှင့် ပက်သက်၍ ဂရုစိုက်ပေး ရပါမယ်။ အစာအဆိပ်သင့်ခြင်း၊ ဗိုက်နာခြင်း၊ အစာမကြေခြင်း စသော ရောဂါဝေဒနာများ ဖြစ်ပေါ် ခံစားရတတ်ပါတယ်။

ငွေရေးကြေးရေး အရ ကံတရားသည် ကောင်းမွန်နေပါမယ်။ သို့သော် အမှတ်မထင် ဒဏ်ကြေး၊ လျော်ကြေးငွေများ ပေးဆောင်ရဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသားစုပတ်ဝန်းကျင်တွင် အနှောင့်အယှက်များ ရှိနေတတ်ပါတယ်။ မိသားစုဝင်များ အကြား နွေးထွေးမှု ရရှိအောင် ပြုလုပ်ပေးပါ။

အချစ်ရေးမှာ‌တော့ ချစ်သူနှစ်ဦးကြား သဟဇာတ ရှိနေပါမယ်။ သို့သော် အိမ်ထောာင်သည်များ အနေနှင့် အပြောအဆို သတိထားပေးရပါလိမ့်မယ်။

ဓနုရာသီခွင် – Sagittarius ( November 20 to November 26 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ အသီးအနှံများကို ပုံမှန်စားသုံးပေးရပါမယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။

ငွေရေးကြေးရေး ကံကောင်းခြင်း၊ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မိမိမျှော်ထားသည်ထက် ပိုမို ကောင်းမွန်သော အမြတ်အစွန်းများ ရရှိနိုင်ပါမယ်။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်းသာယာမှု ရှိနေပါမယ်။ အကြောင်းအမျိုးအမျိုးကြောင့် ပြဿနာ အချို့ ရှိခဲ့ပါက ယခုအပတ်တွင် ကျော်လွှားနိုင်ပါမယ်။ ညီအကို၊ မောင်နှမများထံမှ ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။

ချစ်သူမရှိကြသူများ အနေနှင့် ခံစားချက်များကို ဖော်ပြရန် အကြာကြီး စောင့်မနေသင့်ပါဘူး။

မကာရရာသီခွင် – Capricorn ( November 20 to November 26 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုနှင့် အတူ ကျန်းမာရေး ကောင်းမွန်နေပါမယ်။ သို့သော် နှလုံးအားနည်းကြသူများ အနေနှင့် ဂရုစိုက်ပေးရပါမယ်။ လိုအပ်သော ဆေးဝါးကုသမှုကို ရယူပေးပါ။

ငွေရေးကြေးရေးအားဖြင့် ပုံမှန်လည်ပတ်နေပါမယ်။ ဝင်ငွေ ကောင်းမွန်နေနိုင်သော်လည်း ပိုက်ဆံ အခိုးခံရခြင်း၊ ပစ္စည်းဥစ္စာ ပျောက်ဆုံးခြင်းများ ကြုံတွေ့ရတတ်၍ ဂရုစိုက်ပေးပါ။

အချစ်ရေးနဲ့ပတ်သတ်၍ ကံကောင်းခြင်းများ ကြုံတွေ့ရပါလိမ့်မယ်။ ဤကာလအတွင်း Capricorn ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပါမယ်။

ချစ်သူမရှိကြသူများ အနေနှင့် ခံစားချက်များကို ဖော်ပြရန် အကြာကြီး စောင့်မနေသင့်ပါဘူး။

ကုမ်ရာသီခွင် – Aquarius ( November 20 to November 26 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှု ရှိနေပါမယ်။ အထူးသဖြင့် အသက်အရွယ် ကြီးသူများ အနေနှင့် ခါးနာခြင်း သို့မဟုတ် အဆစ်အမြစ် ကိုက်ခဲခြင်းများ ခံစားနေရပါက သက်သာရာ ရရှိနိုင်ပါမယ်။

ငွေရေးကြေးရေးနှင့် ပက်သက်၍ သတိထားပေးရမည့် အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။ မိမိ၏ ယုံကြည်မှုအပေါ် အခွင့်ကောင်းယူကာ အလွှဲသုံးစား ပြုလုပ်ခြင်း ခံရနိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် မည်သည့်လူကိုမျှ မျက်စိမှိတ် ယုံကြည်ခြင်းမှ ရှောင်ကြဉ်ပါ။

ဤကာလအတွင်း Aquarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်း သာယာမှုများ ရှိနေပါမယ်။ ရက်သတ္တပတ်အကုန်တွင် မိသားစုဝင်များနှင့် အတူ ပျော်ပွဲရွှင်ပွဲများ ကျင်းပဆောင်ရွက်ရတတ်ပါတယ်။ အိမ်ထောင်ရေးအတွင်း သာယာနိုင်ပေမယ့်လို့ ချစ်သူနှစ်ဦးကြား တင်းမာမှုများ ကြုံတွေ့ရတတ်ပါတယ်။

မိန်ရာသီခွင် – Pisces ( November 20 to November 26 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ ကောင်းမွန်နေပါမယ်။ အကယ်၍ ယခင်က ရောဂါ ဝေဒနာ ခံစားနေရပါက သက်သာ ပျောက်ကင်းနိုင်ဖွယ် ရှိနေပါတယ်။ သို့သော် မိမိ၏ ကျန်းမာရေးအတွက် အချိန်ပေး ဂရုစိုက်ပါ။

ဤကာလအတွင်း ငွေကြေး အခြေအနေသည် အနည်းငယ် ကျပ်တည်းနေရတတ်ပါတယ်။ ဒဏ်ကြေး၊ လျော်ကြေးငွေများ ပေးဆောင်ရဖွယ် ရှိနေပါတယ်။ မလိုအပ်ဘဲ ငွေကြေး သုံးစွဲမှုသည် များနေတတ်ပါတယ်။

ဤကာလအတွင်း Piece ရာသီခွင်တို့သည် မိသားစုဘဝအတွက် အချိန်ပိုမို ရရှိပါလိမ့်မယ်။ မိသားစုဝင်များနှင့် အတူ ဘာသာရေးဆိုင်ရာ သို့မဟုတ် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာလည်း တင်းမာမှုများ ကြုံလာရပေမယ့် ပြဿနာများကို ဖြေရှင်းရန် မိမိလက်တွဲဖော်နှင့် အတူရှိနေသင့်ပါတယ်။

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။