ဇနီးငယ်ငယ်ချောချောလေးကို ပိုင်ဆိုင်ထားပြီး အခုချိန်ထိ နုပျိုနေဆဲဖြစ်တဲ့ သရုပ်ဆောင် မင်းဦး

Celebrity Local News
ဇနီးငယ်ငယ်ချောချောလေးကို ပိုင်ဆိုင်ထားပြီး အခုချိန်ထိ နုပျိုနေဆဲဖြစ်တဲ့ သရုပ်ဆောင် မင်းဦး

မင်းသားကြီး မင်းဦးကတော့ သူ့ခေတ်သူ့အခါက မိန်းကလေးပရိသတ်တွေ တခဲနက်အားပေးမှုကို ရရှိခဲ့တဲ့ ဝါရင့် သရုပ်ဆောင်ကြီးတယောက်ပဲဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး အခုချိန်ထိ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေနိုင်တာလည်းဖြစ်ပါတယ်။ မင်းဦး က အသက်အရွယ်နဲ့မလိုက်အောင် ငယ်ရွယ်နုပျိုနေတာမို့ ပရိတ်သတ်တွေက အားကျနေရတာဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ မင်းဦးကသူ့ရဲ့ အိမ်ထောင်ရေးနဲ့ ငယ်ငယ်ချောချောဇနီးကို ရထားတဲ့အပေါ် ပြောပြလာတာဖြစ်ပါတယ်။မင်းဦးက”‘ကျွန်တော်က အိမ်ထောင်ရေး ကိုနှလုံးသားနဲ့ပဲ ဆုံးဖြတ်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့ဇနီးက အသက်အရမ်းကွာပေမယ့် ညှိလို့ရတယ် .နုပျိုချင်ရင် မိန်းမ ငယ်ငယ်လေး ယူပါ “ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။

ထပ်မံပြီး သူ့ရဲ့အမျိုးသမီးရဲ့စိတ်ထားကိုပြောပြလာခဲ့ပါသေးတယ်။ “အမျိုးသမီးက အစ်ကို့ထက်ငယ်တော့ သူကပိုပြီး ဂရုစိုက်ပေးတယ်။Anniversary နေ့တွေဆိုလည်း သူကပဲ ထူးထူးခြားခြား ပြင်ဆင်ပေးတတ်တယ်။Valentine’s Day လက်ဆောင်တော့ အမျိုးသမီးကို မပေးရသေးပါဘူး။ကိုယ်ပေးတဲ့အရာနဲ့ သူလိုချင်တဲ့အရာ မတိုက်ဆိုင်ရင် ပိုဆိုးလို့လေ ” ဆိုပြီးပြောပြပေးလာတာပဲဖြစ်ပါတယ်။

https://fb.watch/qdcljfESjP/

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။