စီးပွားရေးအခြေခိုင်မှ အိမ်ထောင်ပြုချင်တယ်ဆိုတဲ့ အဆိုတော်လွှမ်းပိုင်

Celebrity Local News
စီးပွားရေးအခြေခိုင်မှ အိမ်ထောင်ပြုချင်တယ်ဆိုတဲ့ အဆိုတော်လွှမ်းပိုင်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်များထဲတွင် လွှမ်း ပိုင်တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ သူသီဆိုတဲ့ သီချင်းများစွာဟာလည်း မိန်းကလေးပရိသတ်များသာမကပဲ ယောက်ကျားလေးပရိသတ်များပါ သဘောကျနှစ်သက်အားပေးကြတာလည်း ဖြစ်ပါတယ်။ လူငယ် အကြိုက် တေးသီချင်းတွေကို ဖန်တီးလေ့ရှိသူ ၊အေးဆေးနေ တတ်တာကြောင့် ပရိသတ်ရဲ့ ချစ်ခြင်းကို အပြည့်အဝ ရရှိထား သူ ကတော့အားလုံးက ချစ်ရတဲ့ အဆိုတော် လွှမ်းပိုင် ပဲ ဖြစ်ပါ တယ်။

လွှမ်းပိုင်က ပရိသတ် ရင်ထဲ အထိ နေရာတစ်ခုရရှိနေတဲ့ rap ပါ အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာအောင် အောင်မြင်မှုကို ထိမ်းသိမ်းထားနိုင်တဲ့ အနုပညာရှင်ဆိုလည်း မှားမယ်မထင်ပါဘူး။အဆိုကောင်းရုံ သာမကပဲ သရုပ်ဆောင်ပိုင်းတွင်လည်း ပီပြင်စွာသရုပ်ဆောင် နိုင်သူ လွှမ်းပိုင်ဟာ ရုပ်ရှင်ဇာတ်ကားကြီးများမှာပါ ပါဝင်သ ရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

အချစ်ရေးကိစ္စနဲ့ ပက်သက်ပီး လွှမ်းပိုင်က အခုလို ပြောပြလာခဲ့ပါတယ် ။”ကျွန်တော်က ကိုယ့်ဘဝ အနာဂတ်အတွက် သေချာတဲ့ ဝင်ငွေ ရနိုင်ဖို့ စီးပွားရေးလုပ်တတ်တဲ့ သူတွေနဲ့ ပေါင်း ပြီး BBQ ဆိုင် ဖွင့်လိုက်တာပါ။ စီးပွားရေး အခြေခိုင်သွားရင် အိမ်ထောင်ရေးနဲ့ တခြားလုပ်စရာ Plan တွေ လုပ်သွားမယ်” လို့ ဆိုလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။