ရောက်ဆဲအသက်မှာကြုံမည့်ဗေဒင်ဟောကိန်း

Astrology
ရောက်ဆဲအသက်မှာကြုံမည့်ဗေဒင်ဟောကိန်း

မွေးနေ့ သိရန်မလိုပါ။ လက်ရှိရောက်သက်ကိုသိလျှင် တွက်ပြီး ဟော၍ ရပါသည်။ လက်ရှိရောက်သက်ကို (၉) နဲ့ + ပါ။ ရလဒ်ကို(၄) နှင့်​ × ပါ။ရလဒ်ကို (၇)ဖြင့် ထပ် ÷ ရပါမည်။ ရသောအကြွင်းအလိုက် သက်ဆိုင်ရာဟောကိန်းကို ဖတ်ရပါမည်။

ဥပမာ (၁)

ရောက်သက် ၃၄ နှစ်ရှိသူကို တွက်မည်ဆိုပါက…
၃၄ + ၉ = ၄၃
၄၃ × ၄ = ၁၇၂
၁၇၂ ÷ ၇ =အကြွင်းမှာ ( ၄ )ရပါသည်။

ဥပမာ (၂)

ရောက်သက် ၅၈ နှစ်ရှိသူကို တွက်မည်ဆိုပါက
၅၈ + ၉ = ၆၇
၆၇ × ၄ = ၂၆၈
၂၆၈ ÷ ၇ =အကြွင်းမှာ ( ၂ ) ရပါသည်။

ဥပမာ (၃)

ရောက်သက် ၅၉ နှစ်ရှိသူကို တွက်မည်ဆိုပါက
၅၉ + ၉ = ၆၈
၆၈ × ၄ = ၂၇၂
၂၇၂ ÷ ၇ ​= အကြွင်းမှာ ( ၆ ) ရပါသည်။

ထိုတွက်နည်းအတိုင်းတွက်ပြီးရလာသောအကြွင်းအလိုက် အောက်မှာ ဟောကိန်း ရှာဖတ်ပေးပါ။

(၁)ကြွင်း သက်ရောက်ဟောကိန်း

(၁) ကြွင်းသက်ရောက်နှစ်သည် သင့်ကို ကံခေစေမည်။ ကျန်းမာရေး အထူးဂရုပြုရန်လိုပါသည်။ အပြောအဆို၊ အသွားအလာ၊ အနေအထိုင် အထူး သတိထားသင့်ပါသည်။ ဤနှစ်တွင် သေဘေးအထိ ကြုံတွေ့ရနိုင်ကြောင်းဟောကိန်းက ဖော်ပြထားပါသည်။

အဆိုးများပြေ ကောင်းကျိုးဝေစေရန် မိမိထက် အသက်ရွယ်ကြီးသော မွေးနံတူသူတစ်ဦးကို အဟာရဖြစ်စေသော အစားသောက်များ လှူဒါန်းဆုတောင်းပါ။

(၂)ကြွင်း သက်ရောက်ဟောကိန်း

ဤနှစ် (၂)ကြွင်းသက်ရောက်ကာလတွင် ပူပင်စရာ အကြောင်းမရှိပါ။ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများ၊ အောင်မြင်မည်။စီးပွါးဖြစ်ထွန်းမည့်နှစ် ဖြစ်ပါသည်။ လာဘ်လာဘရွှင်မည်။ ဝင်ငွေများ ကောင်းမွန်နေမည်။

ကောင်းကျိုးချမ်းသာ ရရှိစေရန် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ကြံရေ လှူဒါန်းပြီး ဆုတောင်းပါ။

(၃)ကြွင်း သက်ရောက်ဟောကိန်း

(၃)ကြွင်းသက်ရောက်နှစ်တွင် လက်ရှိနေထိုင်သောနေအိမ်မှ တခြားအိမ်သို့ ပြောင်းရွှေ့ရပါမည်။ ပြောင်းရွှေ့ရန်အကြောင်း ဖန်လာမည်။ လက်ရှိ အလုပ်အကိုင်မှလည်း အခြားအလုပ်သို့ ပြောင်းလဲလုပ်ကိုင်တတ်သည်။ ဝန်ထမ်းဖြစ်လျှင် လက်ရှိမြို့ရွာမှ အခြားမြို့ရွာသို့ ရွှေ့ပြောင်းရတတ်သည်။ သားသမီးနဲ့ ခွဲနေရတတ်၏။ အမျိုးသမီးများ အိမ်ထောင်ရေး ဖောက်ပြန်မှုခံရတတ်၏။

အဆိုးများပြေ၍ ကောင်းမှုဆောင်စေရန် လပြည့်ညတွင် ဆန်၊ ဆီ၊ ဆေး ၊ဆားတို့ကို ဘုန်းကြီးတစ်ပါးအား လှူပါ။ လိုသော ဆုတောင်းပါလေ။

(၄)ကြွင်း သက်ရောက်ဟောကိန်း

(၄) ကြွင်းသက်ရောက်နှစ်သည် သင့်အတွက် ကောင်းသော သက်ရောက်နှစ် ဖြစ်ပါသည်။ ပျော်ရွှင်ဖွယ်ရာ စိတ်ချမ်းသာစရာများ ဖြစ်ပေါ်လာမည်။ လာဘ်လာဘရွှင်မည်။ ရွှေ၊ ငွေ၊ ပစ္စည်း ဥစ္စာ များရမည်။ ဝင်လာမည်။အပျို ၊ လူပျိုများ အိမ်ထောင်ကျတတ်၏။ ကောင်းမွန်သော အိမ်ထောင်ဖက်နဲ့ စုံတတ်၏။

ကောင်းကျိုးချမ်းသာမှု ရရှိလိုလျှင် ဝက်သားဟင်းနဲ့ ဆွမ်းကပ် လှူဒါန်းပြီး လိုရာဆုတောင်းပါ။

(၅)ကြွင်း သက်ရောက်ဟောကိန်း

( ၅ )ကြွင်းသက်ရောက်နှစ်တွင် ကံကောင်းလာမည်။ ပျော်ရွှင်ရမည်။ စိတ်ချမ်းသာရမည်။ အိမ်ဝင်နိုင်သည်။ လယ်မြေ ၊ ခြံမြေ ၊ယာမြေတို့ သင့်အတွက် ဝင်လာနိုင်သည်။ ရရှိနိုင်ပါသည်။ နေစရာထိုင်စရာ စိတ်တိုင်းကျ ဖြစ်လာပါမည်။

ထိုဖြစ်တည်မဲ့ ကိန်းချောမောစေရန် နေအိမ်ဘုရားကျောင်းတွင် မေမြို့ပန်း (၁၉) ပွင့်လှူဒါန်း ဆုတောင်းပါလေ။

(၆)ကြွင်း သက်ရောက်ဟောကိန်း

(၆)ကြွင်းကျသော သက်ရောက်နှစ်ကာလတွင် လာဘ်လာဘရွှင်မည်။ ငွေများရမည်။ငွေရေးကြေးရေးအတွက် ပူပန်စရာမရှိပါ။ မိမိလိုအပ်သော အရာများ ဝယ်နိုင်ခြမ်းနိုင်မည်။ ဝင်လာမစဲ တသဲသဲဖြစ်၍နေမည်။

ကောင်းသထက်ကောင်းအောင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား သစ်သီးလှူဒါန်းပါ။ လိုရာဆုတောင်းပါ။ အဆင်ပြေပါလိမ့်မည်။

(ဝ)ကြွင်း သက်ရောက်ဟောကိန်း

ဤနှစ်သည် သင့်ကို သတိပေးချက်များနှင့် ပြည့်နှက်နေသည်။ အစစအရာရာ ဝီရိယရှိရန် လိုအပ်ပါသည်။ ရန်သူမျိုးငါးပါး သတိပြုရမည်။ ဘေးဥပါဒ် ကျရောက်နိုင်သော သတင်းစကားကို နားစွင့်၍ နေထိုင်ရန် လိုပါသည်။ မိန်းမဆိုး ၊ မုဆိုးမ ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ နေအိမ်သို့ ညအိပ်ညနေ လက်မခံပါနဲ့ ။ ခိုက်တတ်၏။

အဆိုးများပြေစေရန် ထန်းလျှက်ကို ခွေးလေခွေးလွင့်များအား ပစ်ပေါက်ကျွေးပြီး အဆိုးများပြေရန် အညံ့အခိုက်များပြေရန် ဆုတောင်းပါလေ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။