ကလေးကင်ဆာဝေဒနာရှင်တွေအတွက် လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ မင်းသမီးချောလေး ကင်ယူဂျောင်း

Celebrity International News
ကလေးကင်ဆာဝေဒနာရှင်တွေအတွက် လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ မင်းသမီးချောလေး ကင်ယူဂျောင်း

ကလေးသရုပ်ဆောင်ကနေ နာမည်ကြီးကိုရီးယားမင်းသမီးဖြစ်လာခဲ့တဲ့ ကင်ယူဂျောင်းဟာ အဓိပ္ပာယ်ရှိလှတဲ့လှူဒါန်းမှုလုပ်ခဲ့ပါတယ်။ ကင်ယူဂျောင်းက ကင်ဆာရောဂါနဲ့ သွေးကင်ဆာရောဂါခံစားနေရတဲ့ ကလေးတွေအတွက် ဝမ်သန်း ၁၀၀ (ခန့်မှန်းခြေ ကန်ဒေါ်လာ ၇၅၀၀၀) လှူဒါန်းခဲ့တယ်လို့ Korea Children’s Cancer Foundation ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကြေညာခဲ့တာပါ။ ကင်ယူဂျောင်းနာမည်နဲ့ လှူဒါန်းလိုက်တဲ့ အလှူငွေတွေကို သွေးကင်ဆာရောဂါနဲ့ ရှားပါးရောဂါတွေခံစားနေရတဲ့ကလေးတွေအတွက် ကုသစရိတ်ကာမိဖို့ အသုံးပြုသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“နှစ်သစ်မှာ ကလေးတွေ သူတို့ရဲ့အိပ်မက်တွေ မပျောက်ပျက်ဘဲ ပိုကျန်းမာလာစေဖို့ မျှော်လင့်ပါတယ်”လို့ ကင်ယူဂျောင်းက စကားလက်ဆောင်ပါးခဲ့ပါတယ်။ Korea Children’s Cancer Foundationရဲ့ ဒါရိုက်တာကလည်း “မင်းသမီးကင်ယူဂျောင်းရဲ့နွေးထွေးတဲ့ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ချင်ပါတယ်။ သွေးကင်ဆာရောဂါခံစားနေရတဲ့ ကလေးတွေအတွက် ချစ်ခြင်းမေတ္တာတွေပေးကြဖို့ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။

မကြာသေးခင်ကမှ ကင်ယူဂျောင်းပါဝင်ခဲ့တဲ့ “My Demon” ဇာတ်လမ်းတွဲကလည်း လူအများရဲ့အားပေးနှစ်ခြိုက်မှုတွေရရှိခဲ့ပါတယ်။ ယူဂျောင်းကလည်း 2023 SBS Drama Awards ရဲ့ Rom-Com Miniseries အမျိုးအစားမှာ Top Excellence ဆုကို ဆွတ်ခူးခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။