ပရိသတ်တွေကိုမဖွယ်မရာလုပ်ပြတယ်ဆိုပြီး ဆော်ဒီကနှင်ထုတ်ခံရမလိုဖြစ်နေတဲ့ ရော်နယ်ဒို

Celebrity International News Sports
ပရိသတ်တွေကိုမဖွယ်မရာလုပ်ပြတယ်ဆိုပြီး ဆော်ဒီကနှင်ထုတ်ခံရမလိုဖြစ်နေတဲ့ ရော်နယ်ဒို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပရိသတ်တွေကိုမဖွယ်မရာလုပ်ပြတယ်ဆိုပြီး ဆော်ဒီကနှင်ထုတ်ခံရမလိုဖြစ်နေတဲ့ ရော်နယ်ဒို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကိုမဖွယ်မရာလုပ်ပြတယ်ဆိုပြီး ဆော်ဒီကနှင်ထုတ်ခံရမလိုဖြစ်နေတဲ့ ရော်နယ်ဒို

Cristiano Ronaldo Al-Nassr gesture Al-Hilal fans split

အယ်လ်ဟီလယ်နဲ့ပွဲတုန်းက မက်ဆီရဲ့ နာမည်ကို ပြိုင်ဘက်ပရိသတ်တွေက အော်ဟစ်ကာ လှောင်ပြောင်နေချိန်မှာ ကွင်းပြင်ထွက်လာတဲ့ ရော်နယ်ဒိုက ဘိုင်ကောပြခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ တကယ်လည်းပဲ အော်ဟစ်နေချိန်မှာ ရော်နယ်ဒိုက သူ့ ဖွားဖက်တောင်ကို ကိုင်ခဲ့တာပါ။ ဒါပေမယ့် ဒါဟာ အောက်ခံဘောင်းဘီတိုကြောင့် ယားယံခဲ့တာကြောင့်ဆိုတဲ့ တုံ့ပြန်မှုတွေတော့ ရှိခဲ့ပါတယ်။

အခုတော့ ဆော်ဒီရှေ့နေတဦးဖြစ်သူ နုဖ်ဘင်အာမက်ဆိုတဲ့ အမျိုးသမီးက ဒီအပြုအမူဟာ အများသူငှာကို အသရေပျက်စေပြီး နိုင်ငံခြားသားတဦးက လုပ်ခဲ့တာမို့ ပြည်နှင်ဒဏ်ပေးလို့ရတဲ့ ပြစ်ဒဏ်ဖြစ်ကာ ဒါကို အစိုးရရှေ့နေရုံးဆီ တိုင်ကြားသွားမယ်လို့ တွစ်တာမှာ ရေးသားပြောဆိုခဲ့ပါတယ်။

ဂျာနယ်လစ်တွေကလည်း ဒီအပြုအမူကို ဝေဖန်နေကြပြီး အယ်လ်နာဆာအနေနဲ့ ဒီကစားသမားကို စာချုပ်ဖျက်သိမ်းသင့်တယ်လို့ တောင်းဆိုနေကြပါတယ်။ အယ်လ်နာဆာကတော့ ရော်နယ်ဒိုက သူ့ရဲ့ ဖွားဖက်တော်မှာ ထိခိုက်မှုရှိခဲ့လို့ ကိုင်တွယ်တာသာဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ဘယ်ဟာကအမှန်လဲဆိုတာတော့ ရော်နယ်ဒိုပဲ သိမှာပါ။ ဒါပမယ့် သူ့ အမူအယာကတော့ တမျိုးထင်နေရတယ်ဆိုပြီး အပြောခံနေရပါတယ်။

ရေးသားသူ – Soccer History

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။