ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးဂုဏ်ပုဒ်ကို ဆုံးရှုံးခဲ့ရတဲ့ ဂျပန်

International News
ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးဂုဏ်ပုဒ်ကို ဆုံးရှုံးခဲ့ရတဲ့ ဂျပန်

ပြည်တွင်းစားသုံးမှု လျော့နည်းလာတာကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးကျဆင်းသွားခဲ့ပြီး ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးဆိုတဲ့ ဂုဏ်ပုဒ်ကို ဆုံးရှုံးသွားခဲ့ပါပြီ။ ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးဆိုတဲ့ ဂုဏ်ပုဒ်ကို ဂျာမနီနိုင်ငံက လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ နောက်ဆုံး ၃လပတ်မှာ ပြည်တွင်းကုန်ထုတ်လုပ်မှု (GDP)က တစ်နှစ်တာအတိုင်းအတာနဲ့တွက်ရင် ဝ.၄ % ကျဆင်းသွားခဲ့တယ်လို့ အစိုးရရုံးဝန်ကြီးအဖွဲ့က ဆိုပါတယ်။ အဲဒီပမာဏဟာ ၂၀၂၃ ခုနှစ် တတိယ ၃ လပတ် (၃.၃ %)နဲ့ယှဉ်ရင် သိသိသာသာ လျော့နည်းသွားခဲ့တာဖြစ်ပါတယ်။

၃ လပတ် နှစ်ပတ်ဆက်တိုက် ဆုတ်ယုတ်မှုကြုံရင် စီးပွားရေးကျဆင်းမှုအဖြစ် သတ်မှတ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ အမေရိကန်ဒေါ်လာနဲ့ တွက်ချက်မယ်ဆိုရင် ဂျပန်နိုင်ငံဟာ ဂျာမနီရဲ့နောက် ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေး ဖြစ်သွားခဲ့ပါတယ်။

ဂျပန်နိုင်ငံက စွမ်းအင်လိုအပ်ချက် ၉၄ ရာခိုင်နှုန်းနဲ့ အစားအစာ ၆၃ ရာခိုင်နှုန်းအထိ ပြည်ပကနေ မှာယူတင်သွင်းရတာဖြစ်ပြီး ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းချိန်မှာ လူနေမှုစရိတ်တွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် နောက်ဆုံး ၃ လပတ်မှာ (စီးပွားရေးနဲ့ တစ်ဝက်သက်ဆိုင်တဲ့) ပြည်တွင်းစားသုံးမှုက ဝ.၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာပါ။

၂၀၂၄ ခုနှစ်စကတည်းက ဂျပန်ယန်းငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် ၆.၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး စက်မှုနိုင်ငံ ၁၀ နိုင်ငံ(G-10) မှာ အသုံးပြုတဲ့ ငွေကြေးတွေကြား ငွေတန်ဖိုးကျဆင်းမှု အများဆုံးငွေကြေးတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။