အိမ်ထောင်သက် (၁၂) နှစ်ပြည့်ပွဲလေးကို သူမရဲ့စံအိမ်ကြီးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ

Celebrity Local News
အိမ်ထောင်သက် (၁၂) နှစ်ပြည့်ပွဲလေးကို သူမရဲ့စံအိမ်ကြီးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ

သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာလောကကို ဝင်ရောက်ခဲ့ပြီးပြီးချင်းမှာပဲ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ရင်း သူမရဲ့ တမူထူးခြားတဲ့ ကာရိုက်တာ အကျင့်လေးကြောင့် ပရိသတ်တွေ သတိထားမိပြီး အားပေးခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အနုပညာနယ်ပယ်ကနေထွက်ခွာသွားပြီး ခင်ပွန်းဖြစ်သူနဲ့အတူ နိုင်ငံခြားမှာအခြေချနေထိုင်ဖို့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် စမိုင်းလ်တို့က အမေရိကန်နိုင်ငံမှာ တန်ဖိုးကြီးစံအိမ်ကြီးတစ်ခုကို ဝယ်ယူထားပြီး ကျိကျိတက်ချမ်းသာတဲ့ အခြေအနေကို ရောက်ရှိနေတဲ့ သူဌေးမကြီးတယောက်ဖြစ်လို့နေပါပြီ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ရက်နေ့မှာတော့ သူတို့၂ယောက်ရဲ့ အိမ်ထောင်သက်တမ်း ၁၂ နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။ ၁၂နှစ်ပြည့်ပွဲလေးကိုလည်း အိမ်မှာပဲ ရိုးရိုးရှင်းရှင်း ကျင်းပခဲ့ကြောင်း စမိုင်းလ်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့် ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။