စျေးရောင်းချက်ချင်း …ကောင်းပါစေ…

Astrology
စျေးရောင်းချက်ချင်း …ကောင်းပါစေ…

စျေးဦးတောင် မပေါက်သော ၊အရောင်းအဝယ်အရမ်းကိုခက်ခဲ နေသော ရောင်းကုန်ပစ္စည်းမျိုးစုံ အတွက် လက်တွေ့သိသိသာသာ ရောင်းကောင်း စျေးဦးပေါက်စေသော ယတြာလေးတစ်ခု ပြောပြမယ်။ကုန်စုံဆိုင်၊ ဆိုင်ထိုင် ရောင်းသောသူဖြစ်စေ ၊ဆိုင်ခန်းမရှိ ကား ၊လှည်း သို့မဟုတ် လူကိုယ်တိုင် လှည့်လည် ရောင်းချရသောသူ၊Online Shopping ၊ Live shopping အရောင်းအဝယ်သမားများ အားလုံး ယတြာကို ပြုလုပ်နိုင်ပါသည်။ လက်တွေ့ပြုလုပ်သော မည်သူမဆို ချက်ချင်းလက်ငင်းသိသိသာသာ ရောင်းဝယ်ကောင်းလာတာကိုလည်း တွေ့မြင်နေရပါသည်။

တနင်္ဂနွေနေ့တွင် ငှက်ပျောသီး တစ်လုံးကို သကြားဖြူး၍ စားလိုက်ပါ။

တနင်္လာနေ့တွင် ဇီးထုတ် ၊ဇီးသီး မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။
အင်္ဂါနေ့တွင် ရှောက်ယို၊ရေနွေး မိမိအဆင်ပြေတာကို စားသုံးပါ။

ဗုဒ္ဓဟူးနေ့တွင် မြေပဲကြော် ၊ပဲပြားကြော်၊ဘဲဥ မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

ကြာသပတေးနေ့တွင် သာကူ၊သကြား၊သွေးဆေး မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

သောကြာနေ့တွင် ထန်းလျက်၊နွားနို့ ၊နို့မလိုင်၊ မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

စနေနေ့တွင် အုန်းသီးပေါင်မုန့် ၊အုန်းသီးဘိန်းမုန့် ၊အာလူးကြော် မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

ထို့အပြင် (နမောတဿ ယတောမဟိ ၊ဟိမတောယ ဿတမောန )ဂါထာ ကိုမိမိတတ်နိုင်သော ငွေစက္ကူတရွက် ပေါ်တွင်ရေးပါ။ ရေးထားသော ငွေစက္ကူကို အလှုမင်္ဂလာယပ်တောင် သို့မဟုတ် ယပ်တောင်အသစ် တစ်ခုတွင်ကပ်ပါ။မှတ်ချက် နာရေးယပ်တောင်ကို လုံးဝအသုံးမပြုရပါ။ ထို့နောက် အထက်တွင် ပေးထားသော နေ့အလိုက်အစားအစာများကို စားသုံးပြီး ငွေယပ်တောင်လေးနှင့် မိမိရောင်းချမည့် အမျိုးမျိုးသောကုန်ပစ္စည်းများကို ၂၄ချက် ခပ်ခပ်ပြီး အမြန်ရောင်းကောင်းပါစေဟု ဆုတောင်းလိုက်ပါ။

စျေးဦးတောင်မပေါက်လို့ဆိုပြီး သည်းမနေတော့နဲ့နော် ဒီယတြာလေးကို ယုံယုံကြည်ကြည်နဲ့ ပြုလုပ်ဆောင်ရွက်ကြည့်လိုက်ပါ။ ရောင်းဝယ်ဖောက်ကား ရောင်းကောင်းလာတာကို တွေ့မြင်ရပါလိမ့်မယ်။ အရောင်းအဝယ်သမားများအကုန်လုံး စီးပွားလာဘ်လာဘ အမြန်ချက်ချင်း ပွင့်လန်းကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။

သင်ဆရာ… မြင်ဆရာ… ကြားဆရာများ…. အားလုံးကို အစဉ်ဦးညွတ်လျက် …

ရေးသားသူ –ဆရာမဇာဇာ (ခ) ဇွန်လေးနွယ် ဆန်းပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။