၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့ မှ မတ်လ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့ မှ မတ်လ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့ မှ မတ်လ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့ မှ မတ်လ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( Mar 20 to 26 )

ယခုအပတ်အတွင်း Aries ရာသီခွင်တို့၏ ကျန်းမာရေးတွင်ကောင်းမွန်သော ပြောင်းလဲမှုများ ရှိနေမည် ဖြစ်သော်လည်း အလုံအလောက် အနားယူပေး ရပါလိမ့်မယ်။ မိမိကိုယ် မိမိ လွန်စွာ တွန်းအား မပေးပါနှင့်။

ဤကာလအတွင်း ငွေကြေး အခြေအနေ ကောင်းမွန်နေပါမယ်။ သို့သော် အတိတ်က ပြုလုပ်ခဲ့သည့် ကိစ္စအချို့ကြောင့် ပြဿနာ အချို့နှင့် ကြုံတွေ့နိုင်ခြေ ရှိနေပါတယ်။ ငွေကြေး ချေးငှားမှုများ ရှိနေနိုင်ပါမယ်။

ယခုအပတ်တွင် Aries ရာသီခွင်များ အနေနဲ့ မိမိတို့၏ မိသားစုအပေါ် အချိန်ပေးနိုင်အောင် ကြိုးစားပေးပါ။ မိသားစုအတွင်း ဖြစ်ပျက်နေသော အကြောင်းအရာများကို သိရှိအောင် ကြိုးစားပါ။ သို့မှသာ ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ပြိဿရာသီခွင် – Taurus ( Mar 20 to 26 )

ယခုအပတ်တွင် Taurus ရာသီခွင်များ အနေနဲ့ ကောင်းမွန်သော ကျန်းမာရေးကို ရရှိစေရန် အသီးအနှံများကို ပိုမိုစားသုံးသင့်ပါတယ်။ မနက်ခင်းတိုင်း လမ်းလျှောက်ပေးပါ။ ကျန်းမာရေးနှင့် အညီ ပြုမူနေထိုင်ပါ။

ဤကာလ တစ်လျှောက်လုံး ကံတရား၏ အလေးပေးမှုကို ရရှိနိုင်ပါမယ်။ သို့သော် မည်သည့် အလုပ်တွင်မဆို အလျင်စလို မပြုလုပ်ရန်၊ စိတ်ရှည် သည်းခံပြီး မိမိ၏ငွေကို ဂရုတစိုက် ရင်းနှီးမြှုပ်နှံရန် အကြံပြုလိုပါတယ်။ ပရဟိတ လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ပါမယ်။

မိသားစုနှင့် ဘာသာရေးဆိုင်ရာ အစီအစဉ် တစ်ခု ရှိနေနိုင်ပါတယ်။ မိသားစုဝင်များ အကြား အေးချမ်းမှု ရှိနေမည်ဖြစ်ပြီး အပြုသဘောဆောင်သော အပြောင်းအလဲများလည်း ရှိနေနိုင်ပါတယ်။ အချစ်ရေးနှင့် ပက်သက်၍ မိမိ၏ ချစ်သူအား ဂရုစိုက်ပေးပါ။

မေထုန်ရာသီခွင် – Gemini ( Mar 20 to 26 )

ယခုအပတ်အတွင်း Gemini ရာသီခွင်တို့၏ ကျန်းမာရေးတွင် အပြုသဘောဆောင် အပြောင်းအလဲများ ရှိနေပါတယ်။ မိမိ၏ ကျန်းမာရေး အပြင် မိသားစုဝင်တို့၏ ကျန်းမာရေးကိုပါ ဂရုစိုက် ပေးရပါမယ်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကိုသာ ချက်ပြုတ် စားသုံးပေးပါ။

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် အသိမိတ်ဆွေတို့၏ အကူအညီများကြောင့် ငွေကြေး အခက်အခဲများမှ သက်သာရာ ရရှိပါမယ်။ ဘဏ္ဍာရေး အခြေအနေ တိုးတက် ကောင်းမွန် လာစေနိုင်သည့်အပြင် အကြွေးများကိုလည်း ပြန်လည် ပေးဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဤကာလ အတောအတွင်း မိမိ၏ လျှိုဝှက်ချက်များကို စောင့်ထိန်းပါ။ သို့မှသာ အမျိူးမျိုးသော အထင်အမြင် လွဲမှားခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( Mar 20 to 26 )

ဘဝ၏ ကဏ္ဍတိုင်းတွင် ပျော်ရွင်မှုကို ရရှိလိုပါက ကျန်းမာရေး ကောင်းမွန်ရမည်ဆိုတာ နားလည် သဘောပေါက်ရပါမယ်။ ဒါကြောင့် Cancer ရာသီခွင်များ အနေနဲ့ မိမိတို့၏ အကျင့်ဆိုးကို ပယ်ဖျောက်ကာ ကျန်းမာရေးကို မြှင့်တင်ရန် ကြိုးစားရပါလိမ့်မယ်။

မိမိကိုယ်ကို လွန်စွာ တွန်းအား မပေးပါနှင့်။ ဤကာလအတွင်း မိသားစုရေးရာ ပြဿနာ အသေးအဖွဲ့တို့နှင့် ဆက်လက် ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ မိသားစု ငြိမ်းချမ်းမှုကို ထိန်းသိမ်းထားနိုင်ရန် ဟန်ချက်ညီဖို့ ကြိုးစား ရပါလိမ့်မယ်။ မိမိ၏ အပြောအဆို၊ အပြုအမူများကို သတိထားပါ။

သိဟ်ရာသီခွင် – Leo ( Mar 20 to 26 )

ယခုအပတ်အတွင်း Leo ရာသီခွင်တို့၏ ကျန်းမာရေးတွင် အပြုသဘောဆောင်သော ပြောင်းလဲမှုများ ရှိနေပါမယ်။ ယုံကြည်မှုများ တိုးလာသည့် အတွက်ကြောင့် ဆုံးဖြတ်ချက်များကို ကောင်းမွန်စွာ ချမှတ်နိုင်ပါလိမ့်မယ်။

ဤကာလအတွင်း Leo ရာသီခွင်တို့၏ ငွေကြေး အခြေအနေသည် ကောင်းမွန်နေပါမယ်။ ငွေကြေး အကျပ်အတည်းတို့နှင့် ကြုံတွေ့နိုင်မည် မဟုတ်ပါ။

သို့သော် မိသားစုဝင်တို့နှင့် ဆက်ဆံရေးတွင် ပြဿနာအချို့နှင့် ကြုံတွေ့နိုင်ပါတယ်။ တခြားသူတို့၏ လိုအပ်ချက်များကို သိရှိအောင် ပြုလုပ်ပါ။ အလေးထား ဆက်ဆံပေးပါ။

ကန်ရာသီခွင် – Virgo ( Mar 20 to 26 )

ယခုအပတ်တွင် Virgo ရာသီခွင်တို့၏ ကျန်းမာရေးသည် ညံ့ဖျင်းနေနိုင်ပါမယ်။ ကိုယ်ခံအား ကျဆင်းမှုကြောင့် ကျန်းမာရေး ပြဿနာများစွာနှင့် ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန် အကြုံပြုလိုပါတယ်။

အတိတ်က ပြုလုပ်ခဲ့သော အိမ်ခြံမြေနှင့် ပတ်သက်သည့် ငွေပေးငွေယူ အမျိုးအစား အားလုံးကို ယခုသီတင်းပတ်တွင် အပြီးသတ်နိုင်ဖွယ် ရှိနေပါတယ်။ အကျိုးကျေးဇူးကို ရရှိနိုင်မည့် အပြင် အနာဂတ် အတွက်ပါ အတိုင်းအတာ တစ်ခု အထိ အောင်မြင်မှုကို ရရှိစေနိုင်ပါတယ်။

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ဖခင်နှင့် ဆက်ဆံရေး ခက်ထန်နေနိုင်ပါတယ်။ စိတ်သဘောထား မတိုက်ဆိုင်မှုတို့ကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုသို့သော အခြေအနေမျိုးတွင် မိသားစု ငြိမ်းချမ်းမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းရန် သူ၏ စကားကို တုံ့ပြန်ခြင်းမှ ရှောင်ကြဉ်ပါ။ ဤကာလအတွင်း မိတ်ဟောင်းဆွေဟောင်းတို့နှင့် တွေ့ဆုံရ တတ်ပါတယ်။

တူရာသီခွင် – Libra ( Mar 20 to 26 )

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ခြေထောက်နာခြင်း၊ ညောင်းညာခြင်း၊ အဆစ်အမြစ် ကိုက်ခဲခြင်းတို့မှ သက်သာရာ ရရှိပါလိမ့်မယ်။ အထူးသဖြင့် အသက် ၅၀ ကျော်သူများအတွက် ကျန်းမာရေးသည် အထူး ကောင်းမွန်နေပါမယ်။‌

ငွေကြေး ကိစ္စများနှင့် ပက်သက်၍ ယခုအပတ်တွင် အိမ်တွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုသို့သော အခြေအနေမျိုးတွင် မိသားစုဝင်များနှင့် စဉ်းစားစွာ ပြောဆို ဆက်ဆံပါ။

အိမ်တွင်းရေးနှင့် ပက်သက်၍ ထိလွယ်ရှလွယ် ပြဿနာများကို ဖြေရှင်းရန် မိမိ၏ ဉာဏ်ရည်နှင့် သြဇာကို အသုံးပြုပါ။ အိမ်သူအိမ်သားတို့နှင့် စကားစမြည် ပြောဆိုရာတွင် မိမိ၏ သဘောထားကို မှန်ကန်စွာ ပြသရန် လိုအပ်ပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( Mar 20 to 26 )

ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် ယခုရက်သတ္တပတ်သည် Scorpio ရာသီဖွားများအတွက် ပြီးပြည့်စုံနေမှာ ဖြစ်ပါတယ်။ ကြီးကြီးမားမား ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နိုင်မည် မဟုတ်ပါ။

ငွေကြေး သို့မဟုတ် မြေယာနှင့် ပတ်သက်၍ တရားရင်ဆိုင်ရပါက ဤကာလအတွင်း မျက်နှာသာ ရရှိမည့် အလားအလာများ ရှိနေပါတယ်။ ငွေကြေး အခြေအနေ လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိ နိုင်ပါမယ်။

အကယ်၍ မိသားစုဝင် တစ်ဦးဦးသည် ကျန်းမာရေး ပြဿနာ ခံစားနေရပါက ယခုအပတ်တွင် သက်သာရာ ရရှိပါမယ်။ မိသားစုအတွင်း အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေပါမယ်။ မိသားစုဝင်များ အကြား ဆက်ဆံရေး ကောင်းမွန်နေပါမယ်။

ဓနုရာသီခွင် – Sagittarius ( Mar 20 to 26 )

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကိုယ်ခံအား ကျဆင်းမှုတို့ကြောင့် ကျန်းမာရေး ပြဿနာတို့နှင့် ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ဒါကြောင့် ကျန်းမာရေး ကြိုတင် ကာကွယ်မှုများ ပြုလုပ်‌ပေး ရပါလိမ့်မယ်။

ယခုတစ်ပတ်မှာတော့ Sagittarius ရာသီခွင်များ အနေနှင့် မလိုအပ်သော အသုံးစရိတ်များကို ထိန်းချုပ်ထားရန် လိုအပ်ပါလိမ့်မယ်။ ငွေရေးကြေးရေးနှင့် ပက်သက်၍ စိတ်ဖိစီးမှုများ တိုးလာနိုင်ပါတယ်။

မိသားစုဝင်များနှင့် ဆက်ဆံရေး တိုးတက်စေရန် အားထုတ်မှုများ ပြုလုပ်ပေးရပါလိမ့်မယ်။ လိုအပ်သော ပံ့ပိုးကူညီမှုကို ရရှိရန် ခက်ခဲနေနိုင်ပါမယ်။

မကာရရာသီခွင် – Capricorn ( Mar 20 to 26 )

အတိတ်ကာလက ကြိုးစားမှုတို့ကြောင့် ယခုအပတ်တွင် Capricorn ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ အားစိုက်ထုတ်မှု အနည်းငယ်ဖြင့် ကျန်းမာစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအရ ကံကောင်းခြင်းတွေ ရရှိလာပါမယ်။

ဤကာလအတွင်း ငွေရေးကြေးရေးနှင့် ပက်သက်၍ ကောင်းမွန်သော ရလာဒ်များကို ရရှိနိုင်ပါမယ်။ ဘဏ္ဍာရေး အခြေအနေ တည်ငြိမ်နေပါမယ်။ ကိုယ်ပိုင်စီးပွား လုပ်ဆောင်ကြသူများ အနေနှင့် တိုးချဲ့မှုများကိုလည်း ပြုလုပ်နိုင်ပါတယ်။ နည်းလမ်းသစ်၊ စိတ်ကူးသစ်များနှင့် ကြိုးစားပါ။

ယခင်က မိသားစုဝင်များကြားတွင် သဘောထား ကွဲလွဲမှုများ ရှိခဲ့ပါက ယခုအပတ်တွင် ပြန်လည် အဆင်ပြေနိုင်ခြေ ရှိနေပါတယ်။ မိသားစုအတွင်း အေးချမ်းမှုများ ရှိနေပါမယ်။

ကုမ်ရာသီခွင် – Aquarius ( Mar 20 to 26 )

ဟင်းလျာများတွင် ဟင်းခတ် အမွှေးအကြိုင်ထည့်မှ အရသာ ရှိတတ်သလို ကျွန်တော်တို့၏ ဘဝတွင်လည်း ဆင်းရဲဒုက္ခ မရှိဘဲ စစ်မှန်သော ပျော်ရွှင်မှု၏ တန်ဖိုးကို ခံစားနိုင်မည် မဟုတ်ပါ။ ဒါကြောင့် စိတ်ပျက် အားငယ်နေသည့် အချိန်အခါမျိုးတွင် မိမိ၏စိတ်ကို တည်ငြိမ်အောင် ထားပြီး အတတ်နိုင်ဆုံး ကျန်းမာအောင် ကြိုးစားပါ။

ကြီးမားသော ရင်းနှီးမြုပ်နှံမှု၏ ဖမ်းစားခြင်းကို ခံရနိုင်ပါတယ်။ ထိုသို့သော အခြေအနေမျိုးတွင် ရင်းနှီးမြုပ်နှံမှုကို မပြုလုပ်ခင် အကြောင်းအရာကို သေချာစုံစမ်း စစ်ဆေးပါ။

မိမိကိုယ်တိုင် ကြိုးစား အားထုတ်ပါ။ အကယ်၍ တခြားသူများ အပေါ် မှီခိုနေပါက အကူအညီများ မရရှိသည့်အခါ ဒုက္ခရောက်နိုင်ပါတယ်။

မိန်ရာသီခွင် – Pisces ( Mar 20 to 26 )

ယခုအပတ်တွင် Pisces ရာသီခွင်များ အနေနဲ့ အဆီအစိမ့်များသော အစားအစာများကို ရှောင်ကြဉ်ရပါမယ်။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါက ကျန်းမာရေးတွင် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိလာမှာ ဖြစ်ပါတယ်။

ဤကာလအတွင်း ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများ ပေါ်ပေါက်လာပါလိမ့်မယ်။ သို့သော် အသေချာ လေ့လာပီးမှသာ ရင်းနှီးမြုပ်နှံပါ။ မဆင်မခြင် ပြုလုပ်ပါက နောင်တစ်ချိန်တွင် ပြဿနာတို့နှင့် ရင်ဆိုင်ရတတ်ပါတယ်။

လူ့အဖွဲ့အစည်းအတွင်း လေးစားမှုကို ရရှိနိုင်ပါမယ်။ သို့သော် ဆွေမျိုး တစ်ယောက်ယောက်၏ ကျန်းမာရေးနှင့် ပက်သက်၍ ငွေကြေး သုံးစွဲရတတ်ပါတယ်။ မိသားစုဝင်များ အပေါ် ဂရုစိုက်ပေးပါ။

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။