စီးပွားရေး ကျန်းမာရေး ဘုန်းကံပိတ်ဆို့မှုများကို ဖယ်ရှားရှင်းလင်းပေးနိုင်သော အပွင့်ဓါတ်ဂါထာတော်

Astrology
စီးပွားရေး ကျန်းမာရေး ဘုန်းကံပိတ်ဆို့မှုများကို ဖယ်ရှားရှင်းလင်းပေးနိုင်သော အပွင့်ဓါတ်ဂါထာတော်

အပွင့်ဓါတ်ဂါထာတော်သည် ဓမ္မစကြာသုတ်တော်ထဲက ထုတ်နှုတ်ထားတာဖြစ်ပါသည်… ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီး အဘဘိုးမင်းခေါင်၏ ဂါထာတော် ဟူ၍လည်းလူသိများသည် …မိမိ၏ စီးပွားရေး ..ကျန်းမာရေး …ဘုန်းကံပိတ်ဆို့မှုများကြုံတွေ့နေရပြီလို့ ခံစားရလျှင် မိမိမွေးနေ့တွင် မိမိမွေးနံထောင့်ဂြိုလ်တိုင်တွင် ဂါထာကို ပုတီးပတ်စိတ်ပြီး မိမိဘုန်းကံများ..စီးပွားလာ်လာဘများ ပြန်လည်ပွင့်လန်း မြင့်မားလာအောင် ပြုလုပ်နိုင်ပါသည် …

မိမိဘုန်းတန်ခိုး ဘုန်းကံမြင့်မားလိုလျှင်မူ

တနင်္ဂနွေသားသမီးများသည် ကြာသပတေးထောင့် ဂြိုဟ်တိုင်တွင် ပုတီးစိတ်ပါ ..
တနင်္လာသားသမီးများသည် ရာဟုထောင့် ဂြိုဟ်တိုင်တွင် ပုတီးစိတ်ပါ ..
အင်္ဂါသားသမီးများသည် သောကြာထောင့် ဂြိုဟ်တိုင်တွင် ပုတီးစိတ်ပါ ..
ဗုဒ္ဓဟူးသားသမီးများသည် တနင်္ဂနွေထောင့် ဂြိုဟ်တိုင်တွင် ပုတီးစိတ်ပါ ..
စနေသားသမီးများသည် တနင်္လာထောင့် ဂြိုဟ်တိုင်တွင် ပုတီးစိတ်ပါ ..
ကြာသပတေးသားသမီးများသည် အင်္ဂါထောင့် ဂြိုဟ်တိုင်တွင် ပုတီးစိတ်ပါ ..
သောကြာသမီးများသည် စနေထောင့် ဂြိုဟ်တိုင်တွင် ပုတီးစိတ်ပါ ..

အဘဘိုးမင်းခေါင်၏ အပွင့်ဓါတ်ဂါထာတော်

စက္ခုံ ဥဒပါဒိ ၊ ဉာဏံ ဥဒပါဒိ ၊
ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ၊
အာလောကော ဥဒပါဒိ။

ဘုန်းကံပွင့်ဂါထာတော်

၁။ စက္ခုံဥဒပါဒိ = စက္ခုံ နိရောဓသစ္စာကိုမြင်ကာသိတတ်သော ပညာမျက်စိသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်၍လာလေပြီ

၂။ ဥာဏံဥဒပါဒိ = ဥာဏံ နိရောဓ သစ္စာကိုသိခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်လာလေပြီ

၃။ ပညာဥဒပါဒိ = အပြားအားဖြင့်သိခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့်အထင်အရှားဖြစ်ပေါ်လာလေပြီ

၄။ ဝိဇ္ဇာဥဒပါဒိ = ထိုးထွင်း၍သိမြင်ခြင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့် အထင်အရှားဖြစ်ပေါ်၍လာလေပြီ

၅။ အာလောကောဥဒပါဒိ = အမှောင်ကိုခွင်း အရောင်အလင်းသည် ဥဒပါဒိ အမြင်အကြားအားဖြင့်အထင်အရှားရှိလေပြီ

ဖတ်ရှု့လေ့လာကြသူများ အားလုံးကိုလည်း… အစဉ်အမြဲ…ကျေးဇူးအထူးတင်ရှိပါသည်…သင်ဆရာ…မြင်ဆရာ…ကြားဆရာများ… အားလုံးကို… အစဉ်ဦးညွှတ်ကန်တော့လျက်…

ရေးသားသူ –ဆရာမဇာဇာ (ခ)ဇွန်လေးနွယ် ဆန်းပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။