ကာရန်လွဲမေတ္တာ အတွဲ(၂) ဇာတ်လမ်းတွဲပြီးသွားလို့ ပရိသတ်တွေကို နှုတ်ဆက်သွားပြီဖြစ်တဲ့ သူရိန်နဲ့ အင်ကြင်း

Celebrity Local News
ကာရန်လွဲမေတ္တာ အတွဲ(၂) ဇာတ်လမ်းတွဲပြီးသွားလို့ ပရိသတ်တွေကို နှုတ်ဆက်သွားပြီဖြစ်တဲ့ သူရိန်နဲ့ အင်ကြင်း

MRTV-4 ဇာတ်လမ်းတွဲတွေဟာပရိသတ်တွေကြား ရေပန်းစားအောင်မြင်လာတာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ဇာတ်လမ်းတွဲတွေထုတ်လုပ်နိုင်ခဲ့ပြီး မျက်နှာသစ်သရုပ်ဆောင် တွေရဲ့သရုပ်ဆောင် စွမ်းရည်တွေကြောင့် ပရိသတ်တွေကြားအတော်လေးအောင်မြင်မှုရရှိခဲ့ပါတယ်။

 

သရုပ်‌ဆောင် ယမုံမြင့်မြတ်ဟာဆိုရင် MRTV-4 ကနေ စင်တင်လိုက်တဲ့ သရုပ်ဆောင်အသစ်ပဲဖြစ်ပါတယ်။ သူမက လက်ရှိထုတ်လွှင့်ပြသခဲ့တဲ့ ကာရန်လွဲမေတ္တာ Season- 2 မှာ မေမြင့်မိုရ်ရဲ့သမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

တက်သစ်စ မျက်နှာသစ် သရုပ်ဆောင်တယောက်ဖြစ်ပေမဲ့ မျက်နှာချိုချိုလေးနဲ့ ချစ်စရာပုံစံလေးတွေနဲ့ သရုပ်ဆောင်ကောင်းတာကြောင့် ပရိသတ်ကြီးရဲ့ အားပေးမှုကို ရရှိနေတာပဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ မကြာသေးခင်က ဇာတ်သိမ်းသွားပြီဖြစ်တဲ့ ကာရန်လွဲမေတ္တာ ဇာတ်လမ်းတွဲမှ အတွဲညီညီလိုက်ဖက်လွန်းလှတဲ့ စုံတွဲလေးဖြစ်တဲ့ သူရိန်နဲ့အင်ကြင်းတို့ရဲ့ ဇာတ်လမ်းတွဲအပြီး ပရိသတ်ကိုနှုတ်ဆက်တဲ့အနေနဲ့ ၂ယောက်တွဲပုံလေးတွေကို ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။