ပျားရည်ကို ရေနွေးဖြင့် ရောသောက်ခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

Health
ပျားရည်ကို ရေနွေးဖြင့် ရောသောက်ခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပျားရည်ကို ရေနွေးဖြင့် ရောသောက်ခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပျားရည်ကို ရေနွေးဖြင့် ရောသောက်ခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

မနက်အိပ်ရာနိုးလာတာနဲ့ တပြိုင်နက် ရေတစ်ခွက် အဝသောက်သုံးရမယ်ဆိုတဲ့ ကျန်းမာရေးဗဟုသုတကိုလူအများစုသိရှိထားပြီးသားဖြစ်ပါတယ်။ ထိုကဲ့သို့ ရိုးရိုးရေတစ်ခွက်သောက်မယ့်အစား ရေနွေးနွေးကိုမှ ပျားရည်နဲ့ ရောသောက်ပေးမယ်ဆိုရင်ရောဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာကို စာဖတ်သူတို့ သိပြီးသွားပြီလား။ မသိသေးဘူးဆိုရင်တော့အခုဖော်ပြပေးမယ့် အချက်အလက်တွေကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်ပါ…။ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းကို ကုသပေးခြင်း – မိုးရာသီနှင့် ဆောင်းရာသီတွေမှာ အဖြစ်များတတ်တဲ့ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းတို့ကို ပျားရည်နွေးနွေးလေး သောက်သုံးပေးမယ်ဆိုရင် အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင်ပျားရည်က အသက်ရှူလမ်းကြောင်းကိုလည်း ကောင်းမွန်စေတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပါပဲ။

ကိုယ်အလေးချိန်လျော့ချပေးခြင်း

ပျားရည်က သဘာဝအချိုစာဖြစ်တဲ့အတွက်ကြောင့် သကြားအစားထိုးအသုံးပြုနိုင်ပါတယ်။ ကိုယ်အလေးချိန်တက်စေတဲ့ကိုယ်လက်စတောနှင့် အဆီပိုတွေကို စုပ်ယူပေးမယ့် အမိုင်နိုအက်ဆစ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်များလည်းကြွယ်ဝစွာပါဝင်ပါတယ်။မနက်မိုးလင်းလင်းချင်း ဘာအစာမှ မစားရသေးခင်မှာ ပျားရည်ကို ရေနွေးနွေးနဲ့ဖျော်သောက်ပေးမယ်ဆိုရင် တစ်နေ့တာလုံး အားအင်ပြည့်ဝမှာဖြစ်ပြီး အစား အလွန်အကျွံစားသုံးခြင်းကိုလည်းတားဆီးပေးပါတယ်။

အသားအရေက တစ်နေ့တခြား ကြည်လင်ဝင်းပလာခြင်း

ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားတာကြောင့်နေ့စဉ်မှန်မှန်သောက်သုံးပေးမယ်ဆိုရင် အသားအရည်က ကြည်လင်တောက်ပလာပါလိမ့်မယ်။ ဒါ့အပြင် သံပုယိုရည်ပါထပ်ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ သွေးကို သန့်စင်ပေးပြီး သွေးဆဲလ်များ တိုးပွားလာအောင် ကူညီပေးပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

ပျားရည်ကို ရေနဲ့ရောနှောလိုက်တဲ့အခါ မိမိစားသုံးလိုက်တဲ့အစားအစာရဲ့အက်ဆစ်ဓာတ်ကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ အစာမကျေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးပြီး အစာကြေလွယ်အောင်ကူညီပေးပါတယ်။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။