ကျောက်ကပ်ကျောက်တည်ရောဂါအတွက် ပရန္နဝါပင်

Health Knowledge
ကျောက်ကပ်ကျောက်တည်ရောဂါအတွက် ပရန္နဝါပင်

ကျောက်ကပ်တွင် ကျောက်တည်နေသောရောဂါကို ကုသရာတွင် အဓိကဦးတည်ချက်သည် ကျောက်များကြေ၍ ဆီးနှင့်အတူ အရှိန်ပြင်းစွာဖြင့် ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်လာစေရန်ဖြစ်သည်။ထို့ကြောင့် ကျောက်လည်းကြေ၊ ဆီးလည်းရွှင်စေမည့် အကောင်းဆုံးသော သဘာဝဆေးများကို ရွှေးချယ်စားသုံးရန် လိုအပ်လှပါသည်။

အဆိုပါ အချက်အလက်များနှင့် အရည်အချင်းတို့ ပြည့်စုံသော ဆေးပင်မှာ မြန်မာ့ဆေးလောကတွင် ထင်ပေါ်ကျော်ကြားလူသိများသည့် အစွမ်းထက်ဆေးပင် ပရန္နဝါပင် ဖြစ်ပါသည်။ ပရန္နဝါပင်ကိုလည်း ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

ဆေးဖော်စပ်နည်း

(၁) ပရန္နဝါပင်၏ ပဉ္ဒငါးပါး(အမြှစ်မှအပွင့်ထိ တစ်ပင်လုံး) ကို ရေစင်အောင်ဆေးပါ။

(၂) ယူထားသောဆေးပင်၏ ၃ ဆ ၁ ခန့် ရေသန့်သန့်ထည့်၍ မီးပျော့ပျော့ဖြင့် ကျိုပါ။

(၃) သုံးခွက်တစ်ခွက်ကျန်သည့်အထိ ကျိုပါ။

(၄) ၎င်းပြုတ်ဆေးရည်ကို လက်ဖက်ရည်ပန်းကန်လုံးခန့်ဖြင့် မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ် သောက်ပါ။ ၇ ရက်တိတိ သောက်ပါ။ ကျောက်များကြေ၍ ဆီးနှင့်အတူ ထွက်လာတာကို မြင်တွေ့ရပါမည်။

Credit-ဆရာစောနွဲ့နေဆိုင် (ပူတာအို)

ကိုးကား – ဆရာကြီးကျော်တင့်ဆွေ၏ တိုင်းရင်းဆေးနည်းအဘိဓာန်

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။