ဆန်းပညာရပ်အရစီးပွါးရေးထိခိုက်စေသည့်အရာများ

Astrology
ဆန်းပညာရပ်အရစီးပွါးရေးထိခိုက်စေသည့်အရာများ

၁# အိမ်တစ်အိမ်မှာ အထွဋ်အမြတ်ဆုံးအရာဖြစ်တဲ့ ဘုရားကျောင်းဆောင်ကို ဖြစ်သလိုထားရင် စီးပွါးမဖြစ်ပါဘူး ။ ဒါကြောင့် ဘယ်လောက်ပဲ စီးပွါးရေး အခက်အခဲကြုံနေပါစေ အတတ်နိုင်ဆုံး ဘုရားကျောင်းဆောင်ကို မွမ်းမံပြုပြင်ပေးပါ ။ ကုသိုလ်လည်းရ စီးပွားရေးလည်း ပြေလည်သွားပါလိမ့်မယ် ။

၂# ဘုရားကျောင်းဆောင်ပေါ်မှာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အရာတွေကို လုံး၀မထားရပါဘူး ။

၃# နေအိမ်ရဲ့ ဖိနပ်ချွတ်တဲ့နေရာမှာ ထီးမထားရသလို ထီးထားတဲ့နေရာမှာလည်း ဖိနပ်မထားပါနဲ့ ။ နောက်ပြီးဖိနပ်ထိပ်ဦးကို ထီးထိပ်ချွန်နဲ့ထောက်ပြီး အလုပ်စကားမပြောရပါ ။

၄# အိမ်ရှေ့မျက်နှာစာမှာ အ၀တ်ဟောင်းတွေ ၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေနဲ့ ထမီတွေ နေမလှန်းရပါ ။ မထားရပါ ။ အိပ်ခန်းထဲမှာလည်း ရှုပ်ပွနေအောင် မထားရပါ ။

၅# ကလေးသူငယ်တွေကို ဧည့်ခန်း ၊ ထမင်းစားခန်း ၊ အိမ်ရှေ့မျက်နှာစာဖက်တွေမှာ အပေါ့ အလေး မစွန့်စေပါနဲ့ ။ လာဘ်ပိတ်တတ်ပါတယ် ။ စီးပွားပျက်တတ်ပါတယ် ။

၆# အိမ်ရှေ့နဲ့ အိမ်ခေါင်းရင်းဘက်တွေမှာ ဆူပူဆဲဆိုတာမျိုးတွေ မလုပ်ရပါ ။

၇# ထမင်းပန်းကန်ထဲကို ထမင်းဟင်းထည့်ပြီး အိမ်ရှေ့ ဖိနပ်ချွတ်နေရာမှာ မစားရပါ ။

၈# ထမင်းဝိုင်းသိမ်းရင် အရိုးအရင်းတွေ အကုန်လုံးကို ကိုယ်စားတဲ့ ပန်းကန်ထဲ အမှိုက်စွန့်သလိုမျိုး ထည့်မသိမ်းပါနဲ့ ။

၉# သောက်ရေအိုးကို နေအိမ်ခြေရင်းဘက်မှာ မထားရ ။ သောက်ရေပြတ်အောင် မထားရပါ ။

၁၀# သောက်ရေအိုးက ရေနဲ့ ပလုပ် မကျင်းရ ၊ မျက်နှာ မသစ်ရ ၊ ခြေ မဆေးရ ။

၁၁# နေအိမ်ရှေ့ မျက်နှာစာဘက်မှာ မီးဖိုခန်းထားပြီး ချက်ပြုပ်ခြင်း မပြုလုပ်ရပါ ။ စီးပွားပျက်တတ်ပါတယ် ။

၁၂# အမျိုးသားဖြစ်ရင် ပုဆိုးအောက်နားစ ၊အမျိုးသမီးဖြစ်ရင် ထမီ အထက်ဆင်နားစနဲ့ မျက်နှာမသုတ်ရ ၊ ပါးစပ်မသုတ်ရပါ ။

၁၃# မျက်နှာမသစ်ပဲ ၊ လက်မဆေးပဲ အစားအစာ မစားရပါ ။

၁၄# အိမ်ထောင်ဦးစီးရဲ့ အင်္ကျီ ၊ လုံချည်တွေကို လက်နှီးစုတ် ၊ ကြမ်းတိုက်အဝတ် ၊ အိမ်သာသုံးအဝတ်တို့ လုံးဝ အသုံး မပြုရပါ ။ စီးပွားပျက်တတ်ပါတယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။