တစ်လမှာ ၆ရက် (သို့) ၈ရက်တာမျှသာလွယ်လင့်တကူသေချာလုပ်ဆောင်ပေးနေရုံဖြင့်စီးပွားဥစ္စာ အထူးတိုးတက်အောင်မြင်၍ ချမ်းသာကြွယ်ဝစေနိုင်သောယတြာကောင်း

Astrology
တစ်လမှာ ၆ရက် (သို့) ၈ရက်တာမျှသာလွယ်လင့်တကူသေချာလုပ်ဆောင်ပေးနေရုံဖြင့်စီးပွားဥစ္စာ အထူးတိုးတက်အောင်မြင်၍ ချမ်းသာကြွယ်ဝစေနိုင်သောယတြာကောင်း


အောက်တွင်ဖော်ပြထားသည့် အတိုင်းတင်ပေးထားသော ရက်ရာဇာများ၌သာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားတင်ပေးထားသည့် လှူဖွယ်များကိုသာ လှူ၍ ရေးပေးထားသည့် ဆုတောင်းကိုသာတောင်းပါ။တကယ်လုပ် အဟုတ်အဆင်ပြေအောင်မြင်စေတာမို့ယုံကြည်မှုအပြည့်နှင့်သာ သေချာလုပ်ဆောင်ကြပါ။
စီးပွါးတက်ရာ၌ ထူးခြားလာမှုက အံ့မခန်းဆိုတာ ကိုယ်တိုင်သိမြင် စံစား ပိုင်ဆိုင်စေရဖို့ ကျွန်တော်တာဝန်ယူပါတယ် ခင်ဗျ…။

စီးပွားတက်ရက်ရာဇာ= 5.3.2024
စီးပွားတက်ဘုရားလှူဖွယ်=အဝါရောင်အလင်းတိုင် (၅)တိုင် သီးသန့် ထွန်းညှိပူဇော်၍ ကပ်လှူပေးရမည်။
ကံကောင်းလာဘ်ပွင့်အရပ်မျက်နှာ=အရှေ့အရပ်

စီးပွားတက်ရက်ရာဇာ= 6.3.2024
စီးပွားတက်ဘုရားလှူဖွယ်= ထောပတ်ဆီဖြင့်ဆီမီး
(၁)ခွက်ကို သီးသန့် ထွန်းညှိပူဇော်၍ ကပ်လှူပေးရမည်။
စီးပွားတက်လာဘ်ပွင့်အရပ်မျက်နှာ=အရှေ့အရပ်

စီးပွားတက်ရက်ရာဇာ= 11.3.2024
စီးပွားတက်ဘုရားလှူဖွယ်= စမုံစပါးစေ့စိမ်ရည်
(၂)ခွက်ကို ဆေးတော်အဖြစ်သီးသန့် ကပ်လှူပေးပါ။
စီးပွားတက်လာဘ်ပွင့်အရပ်မျက်နှာ=မြောက်အရပ်

စီးပွားတက်ရက်ရာဇာ= 12.3.2024
စီးပွားတက်ဘုရားလှူဖွယ်= ဖာလာစေ့စိမ်ရည် (၂)ခွက်ကိုဆေးတော်အဖြစ် သီးသန့် ကပ်လှူပေးပါ။
စီးပွားတက်လာဘ်ပွင့်အရပ်မျက်နှာ=မြောက်အရပ်

စီးပွားတက်ရက်ရာဇာ= 20.3.2024
စီးပွားတက်ဘုရားလှူဖွယ်=နှင်းဆီပန်းအဝါ (၄)ပွင့်
သီးသန့်ပန်းအိုးတွင်ထည့်၍ ကပ်လှူပေးရမည်။
စီးပွားတက်လာဘ်ပွင့်အရပ်မျက်နှာ=အနောက်ရပ်

စီးပွားတက်ရက်ရာဇာ= 21.3.2024
စီးပွားတက်ဘုရားလှူဖွယ်= ဂန္ဓမာပန်းအဝါ (၄)ပွင့်
သီးသန့်ပန်းအိုးတွင်ထည့်၍ ကပ်လှူပေးရမည်။
စီးပွားတက်လာဘ်ပွင့်အရပ်မျက်နှာ=အနောက်ရပ်
လှူဖွယ်ကပ်လှူပြီးလျှင်

ဆုတောင်းစာ

ဘုရားတပြည့်တော် အမြဲထာဝရကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် အတိုက်အခိုက်အနှောင့်အယှက်အလုံးစုံတို့ ကင်းလွှတ်ငြိမ်းလျှက် စီးပွါးဥစ္စာများ ပွင့်လင်းတိုးတက်ကာ ငွေကြေးအပူအပင်သောကများ ကင်းလွှတ်ငြိမ်းရပါလို၏ ဘုရား ဟု ဆုတောင်းပါ။

မိမိအိမ် (သို့မဟုတ်) လုပ်ငန်းစီးပွားရှာရာဌါနတွင်ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အားရိုသေစွာ ကပ်လှူပူဇော်လှူဒါန်း၍ ယတြာဆောင်ရွက်နိုင်ပါတယ် ခင်ဗျ…။လှူဖွယ်များလှူရမည့်အချိန်မှာ6:00Am မှ 11:00Am အတွင်း ကပ်လှူကြပါရန်…။

ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။