မြန်မာ့ဂီတလောကရဲ့ ဂန္တဝင်အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ ချစ်စရာသမီးလေး မိကွန်ထော

Celebrity Local News
မြန်မာ့ဂီတလောကရဲ့ ဂန္တဝင်အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ ချစ်စရာသမီးလေး မိကွန်ထော

အဆိုတော် ထူးအိမ်သင်လို့ဆိုလိုက်ရင် အသက်အရွယ်မရွေး လူတိုင်းသိတဲ့ နိုင်ငံကျော်အဆိုတော် တယောက်ပဲဖြစ်ပါတယ်။ နာရီပေါ်ကမျက်ရည်စက်များ albumနဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး ဂီတလောကရဲ့ အထွဋ်အထိပ်ထိတက်လှမ်းပြီးအောင်မြင်ခဲ့တဲ့ အဆိုတော်ကြီးတယောက်ဖြစ်ပါတယ်။ သူ့ရဲ့ဘဝဇာတ်ကြောင်းက အခက်အခဲများစွာနဲ့ ဖြတ်သန်းခဲ့ရပေမဲ့ အေးအေးဆေးဆေး နဲ့ ကိုယ်မှန်တယ်ထင်တာ လုပ်တတ်တဲ့ အကျင့်တွေကြောင့် ပရိတ်သတ်တွေက ဘယ်လိုနေနေအားပေးချစ်ခင်ခဲ့ကြတာပဲဖြစ်ပါတယ်။ သူက မိတ်ဆွေတစ်ယောက်ကို လူ့လောကမှာ အသက် ၄၅ ၅၀ လောက်အထိ နေရရင် တော်ပြီလို့ ပြောခဲ့ဖူးတယ် ။ ဘာလို့လည်းမေးတော့ အကြာကြီးနေရမှာ ပျင်းလို့တဲ့ ။ ၄၁ နှစ်ပြည့်အပြီး တစ်လခွဲအကြာမှာ သူဆုံးခဲ့ပါတယ် ။

အခုခါမှာတော့ ထူးအိမ်သင်ဟာ လူ့လောကကြီးကထွက်ခွာသွားခဲ့တာကြာပြီဖြစ်ပေမဲ့ သူ့ရဲ့သမီးလေးတယောက်တော့ ရှိနေပါသေးတယ်။အဆိုတော် ထူးအိမ်သင်ရဲ့ သမီးလေး မိကွန်ထောက ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ အင်္ဂလိပ်စာဘာသာနဲ့ ဘွဲ့ရခဲ့ ပြီး အခုဆိုရင် MBA ဘွဲ့ကိုပါ ရရှိခဲ့ပါတယ်။ သမီးလေးမိကွန်ထောရဲ့ ပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်။


ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။