ခင်ပွန်းဖြစ်သူနဲ့ ကလေးယူဖို့အတွက် အစီအစဉ် ရှိ/မရှိဆိုတာ ကို ပြောပြလာတဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်

Local News

(သူတို့ ၂ ဦးရဲ့ အမှတ်တရ ရုပ်သံဖိုင်လေးကို အောက်မှာ ကြည့်နိုင်ပါသည်)

နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်နေပြီဖြစ်တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ အခုလက်ရှိမှာ သူ့ကိုအရမ်းချစ်တဲ့ချစ်သူကြောင့် ပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်ထားသူပါ။

ဥက္ကာမင်းမောင်ကတော့ မြန်မာနိုင်ငံကိုလာပြီး ရုပ်ရှင်ရိုက်ဖို့ရှိပေမယ့် ကြန့်ကြာနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။

“လုပ်မယ့်ဟာလေးတွေတော့ရှိတယ် ရုံတင်မယ့်ဟာလေးတွေလည်းရှိပါတယ်

အနုပညာအလုပ်ကတော့ ကိုယ့်ကိုလာခေါ်ရင် လာခေါ်သလိုတော့ရိုက်ဖြစ်မှာပါ

ကိုယ့်ဟာနဲ့ကိုယ်ကျတော့ သီချင်းလေးတွေရိုက်ဖို့ရှိတယ်

MUSIC VIDEO တွေ ပြန်ရိုက်ဖို့ရှိတယ် “လို့ သိရပါတယ်။

ဥက္ကာမင်းမောင်ကတော့ နိုင်ငံခြားမှာနေရင်းနဲ့ သီချင်းတွေရေးဖြစ်တယ်လို့ဆိုထားပါတယ်။

“သီချင်းတွေရေးဖြစ်တယ် အရင်အခွေတုန်းက ခွေထုတ်လိုက်ပေမယ့် ပိုက်ဆံပြတ်သွားတာနဲ့ MUSIC VIDEO မရိုက်လိုက်ရဘူး

ကိုယ်ကဒီမှာနေတဲ့အခါကျတော့ မြန်မာပြည်လာလိုက် ၃ပုဒ်လိုက်သွင်းလိုက် ပြန်သွင်းလိုက် ပြန်လာလိုက်နဲ့ တစ်ခွေလုံး ၁၈ ပုဒ်လောက်သွင်းပြီးမှ ၁၂ ပုဒ်ပဲရွေးဖြစ်တယ်

music video ဆိုတာကလည်း ရင်းပြီးပြန်ရတာမှမဟုတ်တာကိုး တစ်ပုဒ်မှမပါသွားတော့လည်း

အတိုင်းအတာတစ်ခုက ရောက်သင့်သလောက်မရောက်သွားဘူးပေါ့

promotion လည်းမလုပ်နိုင်ဘူး

promotion လုပ်ရတာ နယ်တွေကို အနုပညာရှင်တွေအများကြီးခေါ်သွားပြီးတော့ အချိန်တွေလည်းပေးရတယ်

ငွေတွေလည်းအများကြီးကုန်တယ်” လို့ ကြုံတွေ့ရတဲ့အခက်အခဲလေးတွေကိုပြောပြခဲ့ပါတယ်။

အနုပညာနဲ့ပတ်သတ်ပြီး “ဒါလေးကိုတော့ပြန်စချင်တယ် ကိုယ်ကချမ်းသာနေတာလည်းမဟုတ်ဘူး

ကိုယ့်မှာရှိတဲ့ချွေးနဲစာလေးနဲ့ အနုပညာလေးကိုဆက်လက်ရပ်တည်နေတာဆိုတော့ ကံတရားပေးသလောက်ပေါ့နော်

ကံတရားပေးသလောက်ရော ပရိသတ်လက်ခံသလောက်ရော ဖြေးဖြေးချင်းတော့လုပ်နေမှာပေါ့နော်

ကိုယ်တတ်နိုင်တဲ့ငွေကြေး amount နဲ့ ကိုယ်တတ်နိုင်တဲ့ ပမာဏလောက်ပဲ လုပ်ဖြစ်မှာပေါ့နော်

ရုပ်ရှင်တွေဘာတွေစရိုက်ဖို့တော့မရှိသေးဘူး လာခေါ်ရင်တော့လည်း ရိုက်ဖြစ်မှာပေါ့နော်”လို့ အနုပညာအလုပ်တွေ ဆက်လုပ်သွားဖို့ဆန္ဒရှိတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

ဥက္ကာမင်းမောင်ကတော့ အချစ်ရေးနဲ့ပတ်သတ်ပြီး

“အမှန်တော့ perfect relationship မဟုတ်ဘူး

သူလည်းperfect မဟုတ်သလို ကိုယ်လည်း perfect မဟုတ်ဘူး ကတောက်ကဆတော့ရှိတယ်

ဒီကြားထဲ ၃ ခါလောက်ရန်ဖြစ်တယ် ဒါပေမဲ့ ကိုယ့်ရဲ့ဒရမ်မာတွေ ပြဿနာတွေကိုတော့ ပရိသတ်ကိုလူသိရှင်ကြားမပြချင်ဘူး

ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာပဲလေ ကတောက်ကဆကတော့ တစ်ချက်တစ်ချက်ဖြစ်တာပေါ့လေ

အဓိကကတော့ ခွင့်လွှတ်တတ်ဖို့နဲ့နားလည်မှုပေးနိုင်ဖို့ သူ့အပေါ်မှာ တန်ဖိုးထားဖို့ပေါ့နော်

ပြီးတော့လေးစားမှုပေါ့ ပြောရရင်တော့အများကြီးပေါ့”

“ကိုယ့်ဘာသာကိုယ်တော့ကံကောင်းတယ်လို့ ယူဆပါတယ်

ဒါပေမဲ့ အစ်ကိုဘာကိုမှ ကံသေကံမ မတွက်ဘူး သူနဲ့တစ်သက်လုံးမြဲချင်တယ်

ဒါပေမဲ့လည်း ကံပေးသလောက်ပေါ့နော် တစ်နေ့နေ့ကျရင်တော့ ကလေးတွေဘာတွေလိုချင်တယ်

သူလိုချင်လားမလိုချင်လားတော့မသိဘူး

ကိုယ်ကတော့လိုချင်တယ် အရမ်းလိုချင်တယ်

ကိုယ့်ဘက်က ရယ်ဒီဖြစ်ရင်တော့ယူဖြစ်မှာပါ အခုတော့ရယ်ဒီမဖြစ်သေးဘူး

ကိုယ့်ဘာသာကိုယ် ဘဝအတွက်ကြိုးစားရဦးမယ်”လို့ ဆိုထားပါတယ်။

ဥက္ကာမင်းမောင်ကတော့ ကလေးလိုချင်တာနဲ့ပတ်သတ်ပြီး

“အစ်ကိုကတော့ မိန်းကလေးပိုလိုချင်တယ် ဖြစ်နိုင်ရင်တော့ နှစ်ယောက်လိုချင်တာပေါ့

အစ်ကိုကတာဝန်ယူရမှာ လွယ်တော့မလွယ်ဘူး ၂ ယောက်ဆိုတော့ ပိုကောင်းတာပေါ့

သူလည်းအဖော်ရတာပေါ့ အဓိကက မိန်းကလေးပိုလိုချင်တယ်” လို့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

Leave a Reply