မြင်းအလိမ္မာနဲ့ သိုးအလိမ္မာကို ပြကွက်တွေလုပ်ခိုင်းပြီး ဂင်းနက်စ်စံချိန် ၂ ခု ရယူနိုင်ခဲ့သူ(ရုပ်/သံ)

International News
မြင်းအလိမ္မာနဲ့ သိုးအလိမ္မာကို ပြကွက်တွေလုပ်ခိုင်းပြီး ဂင်းနက်စ်စံချိန် ၂ ခု ရယူနိုင်ခဲ့သူ(ရုပ်/သံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြင်းအလိမ္မာနဲ့ သိုးအလိမ္မာကို ပြကွက်တွေလုပ်ခိုင်းပြီး ဂင်းနက်စ်စံချိန် ၂ ခု ရယူနိုင်ခဲ့သူ(ရုပ်/သံ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြင်းအလိမ္မာနဲ့ သိုးအလိမ္မာကို ပြကွက်တွေလုပ်ခိုင်းပြီး ဂင်းနက်စ်စံချိန် ၂ ခု ရယူနိုင်ခဲ့သူ(ရုပ်/သံ)

သြစတြေးလျအမျိုးသမီးတစ်ဦးဟာ မြင်းအလိမ္မာနဲ့ သိုးအလိမ္မာကို ပြကွက်တွေ လုပ်ခိုင်းပြီး ဂင်းနက်စ်စံချိန် ၂ ခု တင်နိုင်ခဲ့ပါတယ်။ နိုလိုင်းကက်ဆက်တရီဟာ သူ့ရဲ့မြင်းပုလေး ရိုစီနဲ့ သိုးလေး ဘီယာနီတို့ကို ပြကွက်တွေ လုပ်ခိုင်းခဲ့တာဖြစ်ပြီး ရိုစီက တစ်မိနစ်အတွင်း ပြကွက် ၁၃ ခု၊ ဘီယာနီက တစ်မိနစ်အတွင်း ပြကွက် ၁၁ ခု လုပ်ပြကာ ကမ္ဘာ့စံချိန်တင်ခဲ့ကြတာပါ။

သူငယ်ချင်းဖြစ်သူ မီဂန်ရိုင်မန်းက နွားငယ်လေး ဂို့စ်ကို ပြကွက်တွေ လုပ်ခိုင်းပြီး ဂင်းနက်စ် စံချိန် တင်ခဲ့ပြီးနောက် နိုလိုင်းကလည်း သူ့ရဲ့ မြင်းပုလေးနဲ့ သိုးလေးကို ပြကွက်တွေ သင်ပေးကာ ကမ္ဘာ့စံချိန်တင်နိုင်ဖို့ ကြိုးစားခဲ့တာပါ။

မြင်းပုလေး ရိုစီရဲ့ ပြကွက်တွေထဲမှာ ရပ်နေ၊ လျှောက်လာ၊ ပြုံးပြ၊ ခါးညွှတ်၊ ခေါင်းလောင်းတီ၊ ဖဲကတ်ဆွဲပြ စတဲ့ပြကွက်တွေ ပါဝင်ပြီး သိုးလေး ဘီယာနီကတော့ ရှေ့လက်မြှောက်၊ တပတ်လည်၊ ကွင်းထဲခုန်ဝင်ပြ စတဲ့ပြကွက်တွေ ပါဝင်ပါတယ်။

video- https://twitter.com/GWR/status/1696831600166588641?s=20

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။