အိန္ဒိယနိုင်ငံက စာသင်ကျောင်းတစ်ခုမှာ အသုံးပြုနေတဲ့ မှတ်ဉာဏ်တုအသုံးပြုဆရာမ

International News Tech
အိန္ဒိယနိုင်ငံက စာသင်ကျောင်းတစ်ခုမှာ အသုံးပြုနေတဲ့ မှတ်ဉာဏ်တုအသုံးပြုဆရာမ

ယနေ့ခေတ်မှာ မှတ်ဉာဏ်တုနည်းပညာက အတော်လေးတွင်ကျယ်နေတာပါ။ အခုဆို မှတ်ဉာဏ်တုလူသားစက်ရုပ်တွေကို ဆရာမအဖြစ် အသုံးပြုနေပါပြီ။ အိန္ဒိယနိုင်ငံ၊ ကယ်ရာလာပြည်နယ်က ကျောင်းတစ်ကျောင်းကဆိုရင် မှတ်ဉာဏ်တုအသုံးပြုလူသားစက်ရုပ်ကို ဆရာမအဖြစ် အသုံးပြုနေတာပါ။

KTCT Higher Secondary School ကျောင်းမှာ အသုံးပြုနေတဲ့ မှတ်ဉာဏ်တုလူသားစက်ရုပ်ရဲ့အမည်က အိုင်ရစ်ပါ။ အိုင်ရစ်ဟာ ကယ်ရာလာပြည်နယ်သာမက အိန္ဒိယနိုင်ငံမှာပါ ပထမဆုံးမှတ်ဉာဏ်တုအသုံးပြုကျောင်းဆရာမဖြစ်ပါတယ်။ အိုင်ရစ်ကို ပြီးခဲ့တဲ့လကမှ ထုတ်ဖော်ပြသခဲ့ပြီး ကျောင်းသားတွေနဲ့အတူ လူသိများလာခဲ့ပါတယ်။

အိုင်ရစ်က ဘာသာစကား ၃မျိုး ပြောနိုင်ပြီး ကျောင်းသား/သူတွေရဲ့ရှုပ်ထွေးတဲ့မေးခွန်းတွေကိုလည်း ဖြေကြားနိုင်ပါတယ်။ အိုင်ရစ်ရဲ့အသိပညာအခြေခံက ChatGPT လို ပရိုဂရမ်တွေနဲ့ လုပ်ဆောင်ပေးထားတဲ့ AI ဖြင့် ပါဝါအသုံးပြုထားတာကြောင့် အခြားသောအလိုအလျောက်သင်ကြားရေးကိရိယာတွေထက် ပိုမိုကျယ်ပြန့်ပါတယ်။

လူသားစက်ရုပ်တွေကို ကျောင်းသားတွေအတွက် မသင့်လျော်တဲ့ ဘာသာရပ်ဆိုင်ရာအချက်အလက်တွေကို လေ့ကျင့်ပေးထားခြင်းမရှိဘူးလို့ သိရပါတယ်။ ကျောင်းသား/သူတွေဆီက ကောင်းတဲ့တုံ့ပြန်ချက်တွေရရှိပြီးနောက်မှာ ကျောင်းသား/သူ ၃၀၀၀ ကျော်ရှိတဲ့ ဒီကျောင်းက နောက်စာသင်နှစ်မှာ မှတ်ဉာဏ်တုဆရာ/ဆရာမတွေကို ပိုပြီး အသုံးချဖို့ စီစဉ်နေတယ်လို့လည်း သတင်းထွက်ရှိထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။