ရိုမေးနီးယားက ရုရှားသံရုံးကို ကားနဲ့ ဝင်တိုက်မှု ဖြစ်ပွား

International News

ရိုမေးနီးယားက ရုရှားသံရုံးကို ကားနဲ့ ဝင်တိုက်မှု ဖြစ်ပွား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရိုမေးနီးယားက ရုရှားသံရုံးကို ကားနဲ့ ဝင်တိုက်မှု ဖြစ်ပွား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရိုမေးနီးယား နိုင်ငံမှာ ရုရှားသံရုံးကို ကားနဲ့ ဝင်တိုက်တဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

ဧပြီလ ၆ ရက် မနက်ပိုင်းက ဘူခါရက်စ် မြို့တော်မှာရှိတဲ့ သံရုံးရဲ့ ဂိတ်တံခါးကို ကားတစ်စီးက အရှိန်နဲ့ ဝင်တိုက်ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ယာဉ်မောင်းဖြစ်သူ အသက်ဆုံးရှုံးသွားပြီး သံရုံး ဝန်ထမ်းတွေ အထိအခိုက် မရှိခဲ့ပါဘူး။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာတော့ ကားရှေ့ပိုင်း စက်ခန်းမှာ လောင်ကျွမ်းနေတဲ့ မီးတွေကို မီးသတ်ဝန်ထမ်းတွေက ငြှိမ်းသတ်ဖို့ ကြိုးစားနေပုံတွေ တွေ့ခဲ့ရပါတယ်။ သံရုံးကို ကားနဲ့ တိုက်ခဲ့တာဟာ ရည်ရွယ်ချက် ရှိရှိ လုပ်တာလား၊ မတော်တဆလား ဆိုတာ မသဲကွဲသေးကြောင်း ရဲတွေက ဆိုပါတယ်။

ပြည်တွင်း မီဒီယာတွေကတော့ ဒီတိုက်ခိုက်မှုဟာ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့အပေါ် ဆန့်ကျင်ကြောင်း ပြသတဲ့ လုပ်ရပ် တစ်ခုလည်း ဖြစ်နိုင်ကြောင်း ဖော်ပြနေကြပါတယ်။

ရိုမေးနီးယားဟာ နိုင်ငံတကာ စည်းမျဉ်းတွေကို ချိုးဖောက်မှုအတွက် ရုရှား သံအရာရှိ ၁၀ ဦးကို ပြည်နှင်ဒဏ် ပေးသွားမယ်လို့ ကြေညာထားပါတယ်။ ဥရောပ နိုင်ငံ တော်တော်များများက ရုရှားကို သံတမန်ရေး နည်းလမ်းအရ ဖိအားပေး အရေးယူနေတဲ့ ကိစ္စမှာ ရိုမေးနီးယား အစိုးရကလည်း ပူးပေါင်းမယ့် သဘောပါ။

စစ်ပွဲ စတင်ချိန် ကတည်းက ရိုမေးနီးယားဟာ ယူကရိန်းကနေ တိမ်းရှောင်လာတဲ့ စစ်ပြေး ဒုက္ခသည် ၆ သိန်း ၂ သောင်းကျော်လောက်ကို ဝင်ရောက်ခွင့် ပေးခဲ့ပြီး ၈ သောင်းကျော်လောက်ကို နေရာထိုင်ခင်း စီစဉ်ပေးထားကြောင်း သိရပါတယ်။

ရေးသားသူ – လူထုနွေဦး

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။