နာမည်နောက်ဆုံးစာလုံး မပြောင်းရေး ဂျပန်အမျိုးသမီးတွေ ဂျပန်အစိုးရကို တရားစွဲ

International News
နာမည်နောက်ဆုံးစာလုံး မပြောင်းရေး ဂျပန်အမျိုးသမီးတွေ ဂျပန်အစိုးရကို တရားစွဲ

၁၉ ရာစုက ဥပဒေအတွက် ဂျပန်အမျိုးသမီးတွေ အစိုးရကို တရားစွဲဓာတ်ပုံ

ဂျပန်နိုင်ငံမှာ အမျိုးသမီးတွေ အနေနဲ့ အိမ်ထောင်ကျတဲ့ အခါ ခင်ပွန်းသည်ရဲ့ နာမည် နောက်ဆုံးစာလုံးကို လိုက်လံ ပြောင်းစရာ မလိုဘဲ ကိုယ်ပိုင် နာမည် ဆက်လက် ထိန်းသိမ်းခွင့် ရှိရမယ် ဆိုပြီး အစိုးရကို တရားစွဲဆိုတာတွေ ပြုလုပ်လာပါတယ်။

မတ်လ ၈ ရက်၊ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အဲဒီလို လှုပ်ရှားလာတာ ဖြစ်ပါတယ်။ အစိုးရကို တရားစွဲတဲ့ လင်မယား ၆ စုံတွဲ ထက် မနည်း ရှိပါတယ်။ ဂျပန်မှာ ၁၉ ရာစု ကတည်းက ပြဋ္ဌာန်း ကျင့်သုံးခဲ့တဲ့ ဥပဒေ အရ၊ အိမ်ထောင်သည် စုံတွဲတိုင်းရဲ့ နောက်ဆုံး နာမည် စာလုံး တူညီရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အိမ်ထောင်ပြုသူတိုင်းရဲ့ ၉၅ % ဟာ အမျိုးသားရဲ့ နောက်ဆုံးနာမည် စာလုံးကိုပဲ ရွေးချယ်လာခဲ့ကြပါတယ်။ အဲဒီလို မဖြစ်မနေ နာမည်ပြောင်းဖို့ ဥပဒေအရ လိုအပ်နေတဲ့ အဖြစ်ကို ပြောင်းလဲလိုတာ ဖြစ်တယ်လို့ အခု တရားစွဲသူတွေက ဆိုပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။