စပ်စုလွန်းတဲ့ လူတွေကို စိတ်အချဉ်ပေါက်လာလို့ ချေပစကားပြောလာတဲ့ မင်းသမီးကြီးခွန်းဆင့်နေခြည်

Celebrity Local News
စပ်စုလွန်းတဲ့ လူတွေကို စိတ်အချဉ်ပေါက်လာလို့ ချေပစကားပြောလာတဲ့ မင်းသမီးကြီးခွန်းဆင့်နေခြည်

မင်းသမီးခွန်းဆင့်နေခြည်ကတော့ တခေတ်တခါမှာ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ အလှတရားနဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်အသိအမှတ်ပြုမှုတွေရရှိခဲ့ပြီး နာမည်ကြီးမင်းသမီးတလက်ဖြစ်လာခဲ့သူဖြစ်ပါတယ်၊

အခုတစ်ခါမှာတော့ သူမရဲ့ဘဝကို စပ်စုပြီးဝေဖန်ပြောဆိုနေသူတွေကို ချေပပြောဆိုလာတာပဲဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်က “စိတ်မရှိပါနဲ့ နော် ••• စပ်စုလွန်းတဲ့လူတချို့ကိုစိတ်နည်းနည်းအချဉ်ပေါက်လာလို့ မုန့်လေပွေအထပ်လိုက်ကိုင်ပြီးအနည်းငယ်ချေပချင်ပါတယ် ••• အပျင်းပြေလေးဖတ်ကြည့်ပေး ••• ပြီးရင်အပျင်းပြေထင်ရာမြင်ရာ comment လေးတွေထားခဲ့ပေးလို့ရပါတယ် ••• နော် •••

တချို့တချို့သူတွေကလေ လွန်ကိုလွန်လွန်းတယ်သိလား ••• ချက်ကျလက်ကျနဲ့ထပြောလိုက်ရင် ဆင်ဆာမလွတ်သူတွေ အနာရှိသူတွေပါ စပ်ကုန်ကြမှာစိုးလို့ မဆိုစလောက်လေးပဲပြောလိုက်ပါမယ် ••• ကိုယ်နဲ့မဆိုင်ရင် ဘာတခုမှ ဝင်ပါလေ့မရှိဘူး မမြင်သလို မသိသလိုလေးပဲနေတာအကောင်းဆုံးမို့အဲ့လိုလေးပဲ အေးဆေးစွာနေဖြစ်ခဲ့တယ် ••• နေရာတကာ “ပါတရာ” လုပ်လိုတဲ့ဝါသနာလည်းပါမလာခဲ့သူမို့ ကိုယ်နေထိုင်ရာ အမေရိကန်နိုင်ငံ နယူယောက်စီးတီးမှာ ကိုယ့်စီးပွားကိုယ်ရှာပြီး ကိုယ့် Focus နဲ့ကိုယ် Keep quiet လေးနေပြီး ကိုယ့်ကိုယ်ကိုအေးချမ်းစေခဲ့တယ် ကျွန်မက မပြောချင်ရင်ဘာတခုမှမပြောဘူး အနေအေးအေးလေးနဲ့တိတ်တိတ်ဆိတ်ဆိတ်လေးနေရတာကိုပိုကြိုက်တယ် ပြောပြီဆိုရင်လည်းတနင့်တပိုးနဲ့ထိမိဂွိ နေအောင်ကိုပြောတတ်သူဖြစ်လို့ ••• အနာရှိသူတချို့ထိစပ်သွားပြီး ကျွန်မကို Block သွားသူတချို့လည်းရှိခဲ့ဖူးတယ် ••• တချို့ဆိုရင်အခြောက်တိုက်နေရင်းထိုင်ရင်း မခေါ်နိုင်မပြောနိုင်တွေဖြစ်သွားကြတာတွေလည်းရှိတယ် •••

လူ့အခွင့်အရေးအရ မိမိကြိုက်တာမိမိလုပ်ပိုင်ခွင့်ရှိနေတာပဲလေ အလုံးလည်းမလျော့သလိုအရပ်လည်းမလျော့၊ စီးပွားရေးလည်းမထိခိုက်လို့ ••• လူတိုင်းကိုယ်စီ လုပ်ချင်တာလုပ်ခွင့်ရှိပါတယ် •••အနာရှိလို့ထိစပ်သွားပြီး အခြောက်တိုက် Block သွားသူတချို့ကိုလည်း သိထားသမို့ “I DON’T CARE” ပါပဲ ••• အနေအေးပေမဲ့ တချက်ထမွှေ့လိုက်ရင် ကျင်လည်ရာပတ်ဝန်းကျင်ဧရိယာတခွင်မှာ လေမုန်တိုင်းထန်သွားအောင်လုပ်နိုင်တဲ့ Ability ကမွေးရာပါရှိနေပြီးသားမို့ ••• ကဲ စာဖတ်သူ သူငယ်ချင်းတို့ရေ ပြောပြပါမယ်နော် ••• ကိစ္စကတော့ အိမ်ထောင်မပြုတဲ့ကိစ္စ လင်မယူတဲ့ကိစ္စ “ယောင်္ကျားတစ်ယောက်ရဲ့အလိုကျနေထိုင်လိုစိတ်မရှိတဲ့အတွက်အိမ်ထောင်မပြုတာ” Then What? ••• အဲ့တော့ဘာဖြစ်သွားလဲ? ကိုယ့်သဘောနဲ့ကိုယ်ပဲလေ ••• အိမ်ထောင်မပြုတာပဲရာဇဝတ်မှုကျူးလွန်ထားမိတာကျနေတာပဲ အားမနာလျှာမကျိုးလာလာပြောနေကြတယ်ကွယ် •••

IQ နိမ့်သူတချို့ကမေးတယ် ဘာလဲဆိုတော့ “ဒီလောက်ပြီးပြည့်စုံနေတာ လင်တစ်ယောက်တောင်ရအောင်မယူနိုင်ဘူးလားတဲ့” တကယ်ပါပဲ မေးတဲ့သူတွေစဉ်းစားသုံးသပ်ပြီးမှလာမေးကြပါလားနော် ••• IQ နိမ့်နေလို့၊ ချိန်ဆတွေးတောနိုင်တဲ့ အရည်အချင်းနဲ့ အတွေးအခေါ်တွေ ဆင်းရဲနေလို့ မေးတယ်ဆိုတာသိပေမဲ့ သိချင်လို့မေးသူများအတွက် ကျွန်မကလည်း သိစေချင်လို့ပြန်ပြောပြပေးပါမယ်နော် ••• သေချာဖတ်ပေးပါ ••• လူတိုင်းကိုယ်စီမှာ ထိုက်တန်သူဆိုတာရှိပြီးသားပါ ရှင်ဘုရင်နဲ့ညားဖို့ထိုက်တန်ရင် ရှင်ဘုရင်နဲ့ညားပါလိမ့်မယ် သူတောင်းစားနဲ့ထိုက်တန်သူကသူတောင်းစားနဲ့ညားပါလိမ့်မယ် ရှင်ဘုရင်နဲ့ညားဖို့ဘုန်းကံပါလာသူတွေကို သူတောင်းစားတွေကလမ်းဖယ်ပေးကြရတာလည်းထုံးစံပါပဲ တန်ရာတန်ရာပေါ့ ကိုယ်နဲ့ထိုက်တန်သူ အချိန်တန်ရင်ကိုယ့်နားရောက်လာပါလိမ့်မယ် ဘယ်လိုလူက”ကိုယ့်လူ” ဖြစ်ရမယ်ဆိုတာကံတရားကသတ်မှတ်ပေးထားပြီးသားပါ အချိန်အတိအကျပြောလို့မရပေမဲ့ အချိန်တန်တဲ့တနေ့ကျရင် ကိုယ့်အနားကို “ကိုယ့်လူ” ခစားဖို့ရောက်လာပါလိမ့်မယ် လူတိုင်းမှာသူ့အချိန်အခါနဲ့သူရှိပြီးသားပါ အချိန်မတန်ပဲနဲ့ ဘယ်အရာမှအတင်းအဓမ္မလုပ်ယူလို့မရဘူး အသက် ၅၀/၆၀/၇၀ ဖြစ်မှအိမ်ထောင်ပြုကြသူတွေလောကမှာအများကြီးရှိနေကြတာပဲ

ကိုယ့်အသက်ကလည်းအဲ့လောက်ကြီး ကြီးပြီး အိုမင်းရွတ်တွနေတဲ့အရွယ်လည်းမဟုတ်နေသေးတော့ သူများတွေပြောသလိုအလတ်ကြီးရှိနေပါသေးတယ် ဟေးဟေး ပေါ့ ••• အချိန်တန်တော့သူ့ဟာသူဖြစ်သွားပါလိမ့်မယ် ••• ဖြစ်တော့လည်းဖြစ်တယ် မဖြစ်တော့လည်းမဖြစ်ဘူးပေါ့ ပူစရာမရှိပါဘူး ဘုန်းကံမြင့်သူတွေအနားကိုဘုန်းကံနိမ့်သူတွေကပ်လို့မရဘူးဆိုတဲ့စကားအတိုင်း သီလမလုံကြတဲ့ခုခေတ်ကြီးထဲမှာ သီလလုံအောင်ထိန်းနေသ၍ဘုန်းကံဆိုတာအလိုလိုမြင့်နေပြီးသားပါ ဘုန်းကံမတူရင်လည်းပေါင်းစပ်လို့မရဘူး ••• အရာရာကသူ့အကြောင်းနဲ့သူချည်းပဲ သဘောသဘာဝနဲ့အဖြစ်မှန်တွေကိုရေရေရာရာမသိပဲနဲ့ အာမချောင်စေချင်ဘူးကွယ်

••• ဒဲ့တွေပြောရရင်ဖြင့် မကောင်းဘူးဖြစ်တော့မယ် ••• ပြီးတော့ အရာရာမိန်းမ နောက်လိုက်လုပ်နေပြီး မိန်းမကိုဦးမဆောင်နိုင်တဲ့ယောင်္ကျားဆိုရင်လည်း ကျွန်မက ကိုယ့်မိသားစုရဲ့ အိမ်ဦးနတ် အဖြစ်မခံဘူး ••• မိန်းမထမီနားခိုကပ်စားမဲ့သူမျိုးကိုလည်း ဒါကျွန်မ”အမျိုးသား” ပါဆိုပြီးလက်ချိတ်မပြနိုင်ဘူး ကျွန်မနှလုံးသားကိုလှုပ်ခပ်အောင် လုပ်နိုင်စွမ်းရှိသူကိုလည်းကျွန်မ မတွေ့သေးဘူး တွေ့ချင်တွေ့ မတွေ့ချင်နေ မျှော်နေစရာလည်းမလိုဘူး ကျွန်မ ချစ်လို့ရတဲ့သူဆိုရင်တော့ သူတောင်းစားဖြစ်ဖြစ် ရှင်ဘုရင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ချစ်မှာပဲ ••• ချစ်တိုင်းလည်းညားမှာမဟုတ်သလို ညားတိုင်းလည်းချစ်မှာမဟုတ်ဘူး ဘာဖြစ်ဖြစ် ကိုယ်နဲ့တန်ရာတန်ရာလူတစ်ယောက်တော့အချိန်တန်ရောက်လာလိမ့်မယ် •••

နောက်, ဘုန်းကံချင်းမတူ willpower ချင်းမတူပဲ မရိုးမသားစိတ်တွေနဲ့ ဝင်တိုးလာသူအားလုံးကို သီလစောင့်ထိန်းသူတို့​၏ ကိုယ်စောင့်နတ်တွေကလည်း အနားအကပ်မခံဘူး ကန်ထုတ်ပြစ်မှာပဲ ချူစား မြူစား ညာစားမဲ့သူတွေကိုလည်း အပွေးမြင်အပင်သိသမို့ လက်မခံပါဘူး ကိုယ့်စီးပွား ကိုယ့်ဝင်ငွေ ကိုယ့်အစွမ်းအစ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရပ်တည်နိုင်လို့ ရေခြားမြေခြား အမေရိကားလိုနိုင်ငံမျိုးမှာတစ်ယောက်တည်းရပ်တည်နေတာ ယောင်္ကျားမယူတော့ရော လူဖြစ်ရူံးသွားစရာအကြောင်းမရှိပါဘူး

အသက်ကြီးရင်ဒုက္ခရောက်မယ် ဘာညာ စေတနာနဲ့သတိပေးပြောနေကြတာတွေတွေ့ရတော့ ကိုယ့်ဘဝအတွက်ကိုယ်ပူရမှာသိထားပြီးသားမို့ အမျှော်အမြင်ရှိသူ အကင်းပါးသူတစ်ယောက်အနေနဲ့ ကိုယ်သေမဲ့အချိန်ထိ Plan ချထားပြီးသားပါ ••• ကျွန်မကိုစိတ်ပူပေးလို့ကျေးဇူးတင်ပါတယ် ••• စေတနာစကား သရော်စကားဆိုတာတွေကိုကောင်းမွန်စွာခွဲခြားတတ်သူမို့ “နှမြောစရာကြီးတို့ လင်မယူသေးဘူးလားတို့ တစ်ယောက်သောသူကိုမမေ့သေးလို့လားတို့” စသဖြင့်အနှောင့်အသွားမလွတ်တဲ့ တဖက်သားကိုလေးစားသမှုမရှိတဲ့ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ သရော်တဲ့ အပေါစား comment တွေရေးလာခဲ့ရင်တော့ ထိုသူအားလုံးကို Page Admin တွေက သန့်ရှင်းရေးလုပ်သွားပါလိမ့်မယ် ••• အချောင်သမားတွေများလွန်းတဲ့ခုခေတ်ကြီးမှာ အရာရာကိုသတိထားနိုင်ဖို့လိုအပ်ပါတယ် ••• ရိုးသားစွာနဲ့ချစ်ခင်ကြင်နာပေးသူ အမျိုးသား အမျိုးသမီးများအားလုံးကို appreciate ပါ ••• ကကျိုးကဂျောင်နဲ့ အာရုံနောက်အောင် ပေါက်ကရလာလာပြောသူတွေကလွဲလို့ ကျွန်မ Fans တွေ မိတ်ဆွေ သူငယ်ချင်းတွေအားလုံး ကျေးဇူးပါရှင့်••• ကျန်းမာရွှင်လန်းစီးပွားတိုးကြပါစေ ••• “ဆိုပီး ရှင်းပြလာခဲ့ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။