ဟန်ဇာမိုးဝင်းနဲ့ ခိုးစားနေတယ်ဆိုတဲ့ ကောလဟာလသတင်းအမှားတွေကို ဖြေရှင်းလာတဲ့ မေကဗျာ

Celebrity Local News
ဟန်ဇာမိုးဝင်းနဲ့ ခိုးစားနေတယ်ဆိုတဲ့ ကောလဟာလသတင်းအမှားတွေကို ဖြေရှင်းလာတဲ့ မေကဗျာ

မင်းသမီးချောလေး မေကဗျာကတော့ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ စွဲမက်ဖွယ်ကောင်းလောက်အောင် လှပလွန်းသူလေး ဖြစ်ပါတယ်။ ညို ချောလေးတစ်ယောက်ဖြစ်တဲ့မေကဗျာက ကလေးတစ်ယောက်အမေဖြစ်ပေမယ့် အခုချိန်အထိ ငယ်ရွယ်နုပျိုလှပနေတာ ဖြစ်ပါတယ်။ မေကဗျာက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးပြီး အောင်မြင်နေသလို ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အလုပ်ကိုအာရုံစိုက်ပြီး ကြိုးစားပမ်းစား လုပ်ကိုင်တတ်တဲ့ မေကဗျာ တစ်ယောက် စီးပွားရေးလုပ်ငန်းတဲ့နေရာမှာလည်း အောင်မြင်တဲ့ singel monther ဖြစ်ပါတယ် ။ မေကဗျာရဲ့ သမီးလေး ကတော့ အမေနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ အချောလေးဖြစ်ပြီး အေးချမ်းဖြူစင်တဲ့ မျက်နှာလှလှေလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ စာကြိုးစားပြီး အရမ်း တော်တဲ့ သမီးလေးက အခုလည်း နားရတဲ့အချိန်လေးမှာတောင် မေမေ့ အလုပ်ကိုဝိုင်းကူပေးတော့မှာ ဖြစ်ပါတယ် ။

မေကဗျာက အခုနောက်ပိုင်း အနုပညာလှုပ်ရှားမှု ရပ်နားထားပီး live saleတွေနဲ့ စီးပွားရေးဖက်ကိုပဲ လုပ်ကိုင်နေတာတွေ့ရပီး ငယ်သူငယ်ချင်း ဖစ်သူ ဟန်ဇာမိုးဝင်းနဲ့ ပက်သက်ပီး သတင်းအမှားကို အခုလို ဖြေရှင်းလာတာပဲဖြစ်ပါတယ်။ “ဟန်ဇာက ငယ်ငယ်လေးထဲက မိသားစုနဲ့ ခင်မင်ကျတာပါ သူနဲ့ ကိုယ်နဲ့က ၂လပဲကွာတာလေ အမေအဖေက လည်း သူငယ်ချင်းတွေဖြစ်နေတော့ မောင်နှမတွေလို အရမ်းရင်းနှီးတာပါ..အခုက ပေ့ချ်အတုတွေက ဟန်ဇာ နဲ့ အွန်လိုင်းမှာ မဟုတ်တဲ့ သတင်းတွေလျှောက်ရေးကြတာ အများကြီးပဲ။ ခိုးစားနေကြတယ် ဆိုတာတွေရော၊ မဟုတ်တာကို ဟုတ်တာဖြစ်အောင် ရေးကြတယ်။ သူနဲ့ပဲ တစ်ချိန်လုံး သဘောတူနေကြလို့ ဟန်ကြီး ဘူပိတ်နေပြီ ́ လို့ လည်း ရှင်းပြသွားခဲ့တာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။