တင့်ကားနှစ်စီးနှင့် ကရိန်း အပါအဝင် ယာဉ်၆၇စီးပါဝင်တဲ့အင်အားနဲ့ ကျောက်ထုဘက်ကိုချီတက်သွားတဲ့ မင်းတပ် ခလရ (၂၇၄)တပ်

Local News

တင့်ကားနှစ်စီးနှင့် ကရိန်း အပါအဝင် ယာဉ်၆၇စီးပါဝင်တဲ့အင်အားနဲ့ ကျောက်ထုဘက်ကိုချီတက်သွားတဲ့ မင်းတပ် ခလရ (၂၇၄)တပ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တင့်ကားနှစ်စီးနှင့် ကရိန်း အပါအဝင် ယာဉ်၆၇စီးပါဝင်တဲ့အင်အားနဲ့ ကျောက်ထုဘက်ကိုချီတက်သွားတဲ့ မင်းတပ် ခလရ (၂၇၄)တပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄) တပ်မှ စစ်ကောင်စီယာဉ်တန်းများသည် ယနေ့ နံနက် ၁၁နာရီခန့်တွင် မင်းတပ်မြို့မှ ကျောက်ထုမြို့ဘက်သို့ ထွက်ခွာသွားပြီဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

အဆိုပါ ခလရ (၂၇၄)တပ်ရင်းမှ စစ်ကား ၆၄စီး၊ တင့်ကား ၂စီး၊ ကရိန်းကား ၁စီး စုစုပေါင်း ၆၇စီးထွက်ခွာသွားပြီဟု ၎င်းက ဆိုသည်။

အဆိုပါ ယာဉ်များသည် မတူပီမှ ပြန်လာသည့် စစ်ယာဉ်တန်းများဖြစ်ပြီး မေလ ၁၃ရက်တွင် မင်းတပ်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တန်း ကျောက်ထုမြို့သို့ ပြန်ဆင်းနိုင်ရန်မေလ ၁၅ရက်မှစ၍ မင်းတပ်နှင့် ထီးလင်းမှ စစ်ကောင်စီတပ် စစ်ကြောင်းများ လမ်းကြောင်း လုံခြုံရေးဆောင် ရွက်ခဲ့ရာ ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်။

မင်းတပ်ဒေသ စစ်ရေးသတင်းများရေးသားဖော်ပြနေသူတစ်ဦးက မင်းတပ်မှ စစ်ယာဉ်တန်း ကျောက်ထုသို့ ထွက်သွားပြီး ကားပေါ်၌ အင်အားအနည်းငယ်သာ ပါဝင်ကြောင်း ရေးသားထားသည်။

မင်းတပ် – ကျောက်ထု လမ်းပိုင်းရှိ လုပ်တက်၊ တော့ထဲင်း၊ ထင်ချောင်းလမ်းခွဲ၊ ရေရှင်လမ်းခွဲ၊ တောင်းတက်၊ ကြံကြီး၊ ရဲင့်ရဲ ဒေသများ၌ စစ်ကောင်စီတပ်က ကင်းပုန်းများစွာ ချထားသည်ဟု ရေးသားထားသည်။

အဆိုပါ မင်းတပ် – ကျောက်ထု လမ်းပိုင်း၌ တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်၍ ပြည်သူများ ခရီးသွားလာခြင်းမပြုရန် ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။