ထူးအိမ်သင်ရဲ့ နောက်ဆုံးခရီးမှာ စိုင်းထီးဆိုင်ပြောခဲ့တဲ့စကား အကြောင်း

Celebrity Local News
ထူးအိမ်သင်ရဲ့ နောက်ဆုံးခရီးမှာ စိုင်းထီးဆိုင်ပြောခဲ့တဲ့စကား အကြောင်း

ထူးအိမ်သင်ကတော့ မြန်မာပြည်မှာ မသိသူမရှိသလောက်ရှားပါးတဲ့ ဂန္တဝင်အဆိုတော်ကြီးတယောက်ဖြစ်ပါတယ်။ ခေတ်တွေပြောင်းပြီး အချိန်တွေသာကြာသွားပေမဲ့ သူရေးသားသီဆိုခဲ့တဲ့ သီချင်းတွေကတော့ လူတိုင်းရင်ထဲမှာမဟောင်းနိုင်ပဲ ကောင်းနေဆဲပဲဖြစ်ပါတယ်။

ထူးအိမ်သင်ကွယ်လွန်သွားတဲ့နောက်မှာ အဆိုတော်စိုင်းထီးဆိုင်ရဲ့ နောက်ဆုံးအမှတ်တရစကားကိုဖော်ပြပေးလိုက်ပါတယ်။ စိုင်းထီးဆိုင်က “ကိုငှက် (ထူးအိမ်သင်) ကို ကျွန်တော် အလေးပြုပါတယ် ကိုငှက်ကကျွန်တော့်ထက်ငယ်ပေမယ့် သူ့ကို ကျွန်တော် လေးစားတယ်၊ အားကျတယ်၊ သူ့လို့ ကျွန်တော် ဖိအားတချို ကို ကောင်းကောင်း မခုခံနိုင်ခဲ့ပါဘူး…သူ့လို့ ကျွန်တော် မချစ်မနှစ်သက်တဲ့သူတွေနဲ့ ကင်းကင်း ရှင်းရှင်း မနေနိုင်ခဲ့ဘူး၊ ပတ်သက်ခဲ့မိပါတယ်…

ကိုငှက်က ရှင်းတယ်၊ ပြတ်တယ်၊ သူ့အနုပညာကို ဘယ်လိုပဲ ပိတ်ပင်ပိတ်ပင်၊ ဘယ်လိုပဲ တားဆီးတားဆီး၊ ကိုငှက်ဟာ ပေါ် လစီသီချင်း တစ်ပုဒ်တလေတောင်မှ ရေးလည်းမရေးဖူးခဲ့ သလို ဆိုလည်းမဆိုဖူးခဲ့ပါဘူး…ဒီအတွက် ကျွန်တော် သူ့ကိုလုံးဝေလေးစားတယ်၊ဆရာတင်တယ်။ ကိုငှက်က သူလုပ်ချင်တာတွေ
အကုန်လုပ်ခွင့်မရခဲ့ပေမယ့် သူမလုပ်ချင်တဲ့အရာတွေကို မလု ပ်ဘဲ နေရဲတဲ့ သတ္တိအပြည့်ရှိသူပါ။ ဒါကြောင့် ကျန်တော် သူ ဈာပနမှာ နောက်ဆုံးအနေနဲ့ ကိုငှက်ကို အလေးပြုပါတယ်” ဆိုပြီး အနုပညာရှင်အချင်းချင်းလေးစားမှုပြသခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –Let Pan NEws

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။