ချစ်သူ… ဇနီးမောင်နှံ… ချစ်ကြည်စေ…

Astrology
ချစ်သူ… ဇနီးမောင်နှံ… ချစ်ကြည်စေ…

ချစ်သူ (သို့မဟုတ် ) ဇနီးမောင်နှံ …အမျိုးသား + အမျိုးသမီး နှစ်ယောက်၏ ပတ်စပို့ပုံကို မျက်နှာချင်းဆိုင် ကော်ဖြင့် ကပ်ပါ။ အမျိုးသားဓါတ်ပုံ ကိုအပေါ်တွင်ထားပြီး အမျိုးသမီးပုံကို အောက်တွင်ထားပါ ။ ထို့နောက် မင်္ဂလာဆောင်ဖိတ်စာမှ ကတ်ထူစက္ကူပန်းရောင်ကို အသည်းပုံလေးလို ၂ခု ညှပ်ပါ ။

ထိုအသဲပုံ ကတ်ထူစက္ကူများကြားထဲ ကော်ကပ်ထားသော ဓါတ်ပုံကိုထည့်ပါ ။ ထိုပန်းရောင်ကတ်ထူ စက္ကူပေါ် ဓါတ်မှန်ဖြင့် ထပ်မံအုပ်ပြီး စတာပလာဖြင့် ချုပ်လိုက်ပါ ။ မနက်တိုင်း မိမိအိမ်ဘုရားတွင် ဓာတ်မှန်ပေါ်မှာ ရွှေကြည်ပန်းကန်လေးတင်ပြီး ကပ်လှုပါ။ မေတ္တာသုတ်ကို ၉ခေါက်ရွတ်ပါ ။ ညပိုင်းတွင် သောက်တော် ကပ်လှု ပြီး မေတ္တာသုတ် ကိုးခေါက်ရွတ်ပါ ။ တစ်ပတ်..ဆယ်ရက် ဆက်တိုက်ပြုလုပ်ပါ။ ပြန်လည်ချစ်ခင်ကြည်လင်ကာ အဆင်ပြေလာပါလိမ့်မည် ။

ဖတ်ရှု့လေ့လာကြသူများ အားလုံးကိုလည်း… အစဉ်အမြဲ…ကျေးဇူးအထူးတင်ရှိပါသည်…

ရေးသားသူ –ဆရာမဇာဇာ (ခ)ဇွန်လေးနွယ် ဆန်းပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။