၇ရက်သားသမီးများနှင့် အပြိုင်အဆိုင်ကြုံတွေ့ရသော် အဆင်ပြေစေမဲ့ ယတြာများ

Astrology
၇ရက်သားသမီးများနှင့် အပြိုင်အဆိုင်ကြုံတွေ့ရသော် အဆင်ပြေစေမဲ့ ယတြာများ

တနင်္ဂနွေသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်

မိမိသည်မြောက်ဘက်အရပ်ကိုဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် သီဟိုဠ်သား (သို့) အရွက်ကိုနင်းပြီးမှသွားပါ။

တနင်္လာသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်

မိမိသည်အနောက်တောင်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်အထွက်တွင်
ဒါန်းသား (သို့) ဒါန်းညွန့်ကိုနင်းပြီးမှထွက်ပါ။

အင်္ဂါသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်

မိမိသည်ရှေ့မြောက်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်အထွက်မှာအုန်းသား(သို့) အုန်းညွန့်ကိုနင်းပြီးမှထွက်ပါ။

ဗုဒ္ဓဟူးသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်

မိမိသည်အရှေ့အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ခရေသား (သို့) ခရေရွက်ကိုနင်းပြီးမှထွက်ပါ။

ကြာသပတေးသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်

မိမိသည် ရှေ့တောင်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ဇော်စိမ်းညွန့်ကိုနင်းပြီးမှထွက်ပါ။

သောကြာသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်

မိမိသည် တောင်ဘက်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ရွက်လှညွန့်ကိုနင်း ပြီးမှထွက်ပါ။

စနေသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်

မိမိသည်အနောက်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ဗန်ဒါရွက်ကိုနင်းပြီးမှသွားပါ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။