ရသေ့ကျော်ရက်

Astrology
ရသေ့ကျော်ရက်

ကျွန်တော်တို့ မြန်မာမှုဗေဒင်ပညာရပ်မှာ မင်္ဂလာရှိတဲ့ရက်တွေအနက် “#ရသေ့ကျော်ရက်”ဟာလည်း အပါအဝင် ဖြစ်ပါတယ် ။မြန်မာလတစ်လမှာ ရသေ့ကျော်ရက်(၂)ရက်ရှိပါတယ် ။

ရသေ့ကျော်ရက်ရဲ့ ထူးခြားချက်က မကောင်းတဲ့ရက်ဆိုးရက်ညံ့တွေနဲ့ မြေခံဆိုးရက်တွေ တိုက်ဆိုင်နေခဲ့ရင်လည်း မင်္ဂလာအခါပေးလို့ရတဲ့ ရက်မြတ်ရက်ကောင်း ဖြစ်နေခြင်းပါပဲ ။

မြန်မာလ တစ်လချင်းစီမှာရှိတဲ့ ရသေ့ကျော်ရက်(ပုံသေရက်)တွေကို မိတ်ဆွေတွေအတွက် ဝေမျှပေးလိုက်ပါတယ် ။ ကောင်းမွန်မှန်ကန်တဲ့ မင်္ဂလာကိစ္စအဝဝ ပြည့်စုံ အောင်မြင်နိုင်ကြပါစေ ။

တန်ခူးလဆန်းလပြည့်ကျော်(၇)ရက်။
ကဆုန်လဆန်းလပြည့်ကျော်(၈)ရက်။
နယုန်လဆန်းလပြည့်ကျော်(၉)ရက်။
ဝါဆိုလဆန်းလပြည့်ကျော်(၁၀)ရက်။
ဝါခေါင်လဆန်းလပြည့်ကျော်(၇)ရက်။
တော်သလင်းလဆန်းလပြည့်ကျော်(၈)ရက်။
သီတင်းကျွတ်လဆန်းလပြည့်​ကျော်(၉)ရက်။
တန်ဆောင်မုန်းလဆန်းလပြည့်ကျော်(၁၀)ရက်။
နတ်တော်လဆန်းလပြည့်ကျော်(၇)ရက်။
ပြာသိုလဆန်းလပြည့်ကျော်(၈)ရက်။
တပိုတွဲလဆန်းလပြည့်ကျော်(၉)ရက်။
တပေါင်းလဆန်းလပြည့်ကျော်(၁၀)ရက်။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။