အသက်(၄၃)နှစ်ပြည့်မွေးနေ့ပွဲလေးမှာ သားသားမီးမီးတွေနဲ့ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ မင်းသမီးကြီးခိုင်နှင်းဝေ

Celebrity Local News
အသက်(၄၃)နှစ်ပြည့်မွေးနေ့ပွဲလေးမှာ သားသားမီးမီးတွေနဲ့ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ မင်းသမီးကြီးခိုင်နှင်းဝေ

. မြန်မာပြည်ကရှားရှားပါးပါး သရုပ်ဆောင် ပရဟိတသမားတစ် ယောက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေနဲ့ အထွေအထူးမိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူးနော်။ ခိုင်နှင်းဝေဟာ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေ တဖက်နဲ့ (၇) ရက်သားသမီးတွေအကျိုးကို သယ်ပိုးဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။အနုပညာလောကမှာအောင်မြင်မှုတွေရရှိခဲ့ပြီး နာမည်ကြီးသရုပ်ဆောင်တယောက်ဖြစ်ပေမဲ့ အခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေထက် ပရဟိတလုပ်ငန်းတွေ မိဘမဲ့ကလေးစောင့်ရှောက်တာတွေမှာ အချိန်ပိုပေးပြီးလုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။

အခုတစ်ခါမှာတော့ သူမရဲ့ အသက် ၄၃ နှစ်ပြည့်မွေးနေ့ပွဲလေးကို ဂေဟာက ကလေးလေးတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ပုံလေးကိုဝေမျှလာတာပဲဖြစ်ပါတယ်။” ကလေးတွေ အရွယ်ရောက်လာတာနဲ့အမျှ ဒီ့ထက်ပိုများတဲ့အချစ်တွေ ရဦးမှာပါ။ ဒီနေ့ကတော့ အစ်မမွေးနေ့လား … ? သူတို့ မွေးနေ့လား … ? မသဲကွဲတော့ပါဘူး။ အမေကိုလည်း ကလေးတွေက အရမ်း ချစ်ကြတော့ အစ်မကလည်း သူတို့လေးတွေကို အစစ အရာရာ အမြဲတမ်း ဦးစားပေး ဖြစ်နေဦးမှာပါ ” ဆိုပြီးပြောပြပေးလာတာပဲဖြစ်ပါတယ်။

https://fb.watch/qPqUnHBvEv/

ရေးသားသူ –Media Queen TV

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။