အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေစေသော ယတြာ

Astrology
အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေစေသော ယတြာ

အချစ်ရေး အိမ်ထောင်ရေး အဆင်မပြေသူများ အောက်ဖော်ပြပါ ယတြာကို ယုံယုံကြည်ကြည်နဲ့ လုပ်ပါ။ မုချ ရက်ပိုင်းလပိုင်းအတွင်း အဆင်ပြေသွားပါလိမ့်မယ်လို့ စေတနာကောင်းဖြင့် အကြံပေးလိုက်ပါတယ်။

အိုးချင်းထားတော့ အိုးချင်းထိ – ကြိုးချင်းထားတော့ ကြိုးချင်းငြိအတာအိုးကလေး နှစ်လုံးကို တစ်လုံးတွင် ရွှေရောင် သုတ်ရ၏။ နောက်တစ်လုံး ကို ငွေရောင် သုတ်ရ၏။ ရွှေရောင် အိုးလေးတွင် ယောက်ျားလေး၏ ဓာတ်ပုံကို ကပရ၏။ ငွေရောင် အိုးကလေးတွင်မူ မိန်းကလေး၏ ဓာတ်ပုံကို ကပ်ရ၏။ ထို့နောက် ယောက်ျားလေး၏ ရွှေရောင် အိုးလေးထဲတွင် သူ၏ မွေးနံပန်းများကို ဂြိုဟ်သက်အလိုက် ထည့်ရ၏။ မိန်းကလေး၏ ငွေရောင် အိုးကလေးထဲတွင် လည်း မိန်းကလေး၏ မွေးနံပန်းများကို ထည့်ရ၏။ မွေးနံပန်းများကို သိစေချင်သောကြောင့် အောက်တွင် ဖော်ပြပေးလိုက်ပါ၏။

မွေးနံပန်းများ

တနင်္ဂနွေသားသမီးအတွက်- အုန်း(၆)ညွန့်။
တနင်္လာသားသမီးအတွက်- ကံ့ကော်(သို့)ခရေ (၁၅)ညွန့်။
အင်္ဂါသားသမီးအတွက်-ဇီး(သို့)ဇော်စိမ်း(၈)ညွန့်။
ဗုဒ္ဓဟူးသားသမီးအတွက်-ရွက်လှ(၁၇)ညွန့်။
ကြာသပတေးသားသမီးအတွက်-မေမြို့ပန်း(၁၉)ပွင့်။
သောကြာသားသမီးအတွက်-သပြေပန်း(၂၁)ညွန့်။
စနေသားသမီးအတွက်-နှင်းဆီပန်း(၁၀)ပွင့်။
ပြီးရင် စားပွဲတစ်လုံးပေါ်မှာ အဲဒီအိုးနှစ်လုံးကို စားပွဲတစ်လုံးပေါ်မှာ အိုးချင်းထိအောင် တင်ထားလိုက်ပါ။ အိုးချင်းထားတော့ အိုးချင်းထိ ကြိုးချင်းထားတော့ ကြိုးချင်း ငြိပေါ့။

မူရင်းစာရေးသူများကျမ္မာချမ်းသာကြပါစေ

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။