ချောဆီ ဂါလံ ၈၅၀ ကျော်ကို ရောင်းစားပြီး ထွက်ပြေးသွားတဲ့ ဟင်္သာတမီးရထားဌာနက ဆီရုံစာရေး

Local News

ချောဆီ ဂါလံ ၈၅၀ ကျော်ကို ရောင်းစားပြီး ထွက်ပြေးသွားတဲ့ ဟင်္သာတမီးရထားဌာနက ဆီရုံစာရေး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချောဆီ ဂါလံ ၈၅၀ ကျော်ကို ရောင်းစားပြီး ထွက်ပြေးသွားတဲ့ ဟင်္သာတမီးရထားဌာနက ဆီရုံစာရေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ အခြေစိုက်မီးရထားစက်ခေါင်းရုံက ဆီရုံစာရေး ဦးထက်အောင်ဟာ ချောဆီ ဂါလံ ၈၅၀ ကိုရောင်းစားပြီး ထွက်ပြေးသွားတယ်လို့ မီးရထား၀န်ထမ်းအချို့ထံမှ သိရပါတယ်။


“တိုင်းကစာရင်းစစ်၀င်စစ်တော့မှ ဂါလံ ၈၅၀ ကျော်ပျောက်နေတယ်ဆိုတာကို သိရတာ။ပြီးတော့ ဆီရုံ ဂိုထောင်ထဲက ပစ္စည်းတချို့လဲ ပျောက်နေတယ်လို့ သိရတယ်။ ဆီရုံစာရေးက စာရင်းစစ် မလာခင်တည်းက ထွက်ပြေးသွားတယ်။ အမှန်ကတော့ ဆီရုံကတာ၀န်ရှိသူတွေနဲ့ ပေါင်းစားနေတာထင်တယ်။ ဟိုစာရေးကတော့ဓားစားခံဖြစ်သွားတဲ့သဘောပဲ”လို့ ဟင်္သာတမြို့ အခြေစိုက်မီးရထားဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။


အဆိုပါ မီးရထားစက်ခေါင်းရုံကို ဧရာဝတီတိုင်း စာရင်းစစ်ဌာနက ဇွန်လ ၁ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး ချောဆီဂါလံ ၈၅၀ကျော်ပျောက်ဆုံးနေတာကိုစစ်ဆေးတွေ့ရှိခဲ့တာလို့ မီးရထားဝန်ထမ်းအချို့က ဆိုပါတယ်။


ချောဆီတွေပျောက်ဆုံးနေတာ ကြာပြီဖြစ်ပေမယ့်တာ၀န်ရှိသူများဖြစ်တဲ့ ဟင်္သာတမီးရထားကအင်ဂျင်နီယာမှူး ဦးသိန်းဆွေ၊လက်ထောက်အင်ဂျင်နီယာ ဦးအောင်မြင့်ကြည်နဲ့ အလုပ်ရုံစုမှူး ဦးကျော်နိုင်ဦးဆိုသူများက သတင်းဖုံးဖိပေးထားတယ်လို့​ သိရပါတယ်။
မြန်မာ့မီးရထား တိုင်း(၉)၊ ဟင်္သာတမြို့အခြေစိုက်မီးရထားစက်ခေါင်းရုံက ၀န်ထမ်းအများစုဟာစစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုမှာပါ၀င်ခဲ့ကြပြီး လက်ရှိမှာ
Non – CDM ဝန်ထမ်းအနည်းငယ်နဲ့သာ လုပ်ငန်းလည်ပတ်နေတယ်လို့ မီးရထားဝန်ထမ်းများထံမှ သိရပါတယ်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။