အဝလွန်သူ သွေးတွင်းအဆီများသူ များအတွက်ဆေးဖက်ဝင် ချဥ်စော်ကားသီး

Health Knowledge
အဝလွန်သူ သွေးတွင်းအဆီများသူ များအတွက်ဆေးဖက်ဝင် ချဥ်စော်ကားသီး

ချဥ်စော်ကားသီး ကို ပါးပါးလှိးပြီး ဆားအနည်းငယ်နှင့် ပျားရည် သို့မဟုတ် သကြားသင့်ရုံထည့်ပြီး တစ်ရက်ခန့် နှပ်ထားပါ။ ချင်းပါးပါးလှီးထည့်ပါက အရသာ ပိုမို ကောင်းမွန်စေပါသည်။

တစ်ပြားမှ နှစ်ပြား တစ်နေ့ သုံးကြိမ် စားပေးခြင်းဖြင့် လေထိုး လေအောင့်ခြင်းကို သက်သာစေပါသည်။ အစာကြေရင်ချောင်စေနိုင်သည်။ အသံကို ကြည်လင်စေပါသည်။

အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာချေစနစ်ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေသလို ဝမ်းပျက်ဝမ်းလျော ကိုလည်းသက်သာစေပါတယ်။ထို့ပြင်အစာအိမ်နာ ၊အူရောင်ရမ်းနာတို့ကို သက်သာစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည် ။

သွေးတွင်းအဆီများ လျော့ချပေးတာကြောင့် နှလုံးသွေးကြောရောဂါများနှင့် လေဖြတ်ခြင်းတို့ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်သလို နှလုံးသွေးကြောကျဥ်းဝေဒနာများလည်း သက်သာစေပါတယ် ။

သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတာကြောင့် ဆီးချိုသမား စားသုံးသင့်တဲ့ အယဆေးထက်ဝင်အသီးတမျိုးဖြစ်ပါတယ်။

ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးတတ်သူတွေ စားသုံးပေးဖို့ သင့်တော်ပါတယ်။

ချဥ်စော်ကားသီး မှာအရိုးနှင့်သွား ကို ကျန်းမာစေတဲ့ အာဟာရဓာတ်များပါဝငပါတယ်။

ဆီးအောင့်၊ ဆီးချုပ်၊ ဆီးပုပ်ပါကချဉ်စော်ကားသီးခြောက် သုံးဖတ် သို့မဟုတ် လေးဖတ်ခန့်ကို ပြုတ်၍ သောက်ပေးရုံမျှဖြင့် မိနစ် ၂၀ ခန့်အကြာမှာ ဆီးရွှင်ရွှင် သွားလိုက်ရ၍ ပေါ့ပါးလန်းဆန်းမှုကို ခံစားရပါလိမ့်မည်။

နံနက်စာစားပြီးနောက် ချဉ်စော်ကားသီးခြောက် သုံးဖတ် သို့မဟုတ် လေးဖတ်ခန့်ကို ရေနွေးဆူဆူ ခွက်ထဲထည့်၍သောက်ပါ။ အသီးခြောက် ပျော့ပြဲ သွားသည်ထိ ရေနွေးထပ်ဖြည့်ကာ ရေဆာတိုင်းသောက်နိုင်ပါသည်။ (နောက်ဆုံးမှာ ထိုအသီးခြောက် အဖတ်များကိုဝါးစားပါ) ထိုသို့ သောက်ပေး ခြင်းဖြင့် အဆီပိုများနှင့် မကောင်းသော LDL ကိုလက်စထရောများ ကျဆင်း စေပြီး သွေးတိုးရောဂါရှိသူများ၊ နှလုံးအဆီပိတ်သူများ၊ အသည်းရောဂါဝေဒနာရှင်များနှင့် ခန္ဓာကိုယ်တွင်း အဆီများသူတို့ကို လွန်စွာကောင်းကျိုးပြုပါသည်။

ဗီတာမင်စီက ရောင်ရမ်းနာများကို သက်သာစေသည့်အပြင် အရေပြားဓာတ်မတည့်ခြင်း ဝေဒနာများကိုလည်း သက်သာ စေပါသည်။

အအေးမိ၊ တုပ်ကွေးရောဂါတို့ကိုလည်း ပျောက်ကင်းစေပါသည်။

ကိုယ်ဝန်ဆောင်များ နံနက်အိပ်ရာထ မအီမသာဖြစ်ခြင်းအတွက် ချဉ်စော်ကားသီးကို သကြားဖြင့် စိမ်ထားသော ဖျော်ရည် သောက်ပါ။

မျက်စိနာခြင်း၊ လည်ချောင်းနာခြင်း၊ အသည်းရောဂါတို့အတွက် ချဉ်စော်ကားသီးအစေ့ကို ရေစိမ်၍သောက်ပါ။

နှလုံးရောဂါရှိသူများ၊ အသက်ရှူလမ်းကြောင်း ပြဿနာရှိသူများ၊ သွေးအားနည်းရောဂါ၊ ပန်းနာရင်ကျပ်၊ အဆုတ်တီဘီ ရောဂါသည်များအနေဖြင့် ချဉ်စော်ကားသီးကို ပုံမှန်စားပေးသင့်ပါတယ်။

credit:မူရင်း

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။