ဘေးရန်နှင့် ရောဂါဝေဒနာများ နှိပ်စက်နေလျှင်…

Astrology
ဘေးရန်နှင့် ရောဂါဝေဒနာများ နှိပ်စက်နေလျှင်…

မိမိအိမ် ဘုရားကျောင်းဆောင်ရှေ့တွင် ခုံလေးတစ်လုံးချပြီး ပူဇော်ပါ။ ဦးစွာ လင်ဗန်းတချပ်ထဲ မြောက်အရပ်တွင် ကုဝေရနတ်မင်းကြီး ၊ အရှေ့အရပ်တွင် ဓတရဋ္ဌ ၊အနောက်အရပ်တွင် ဝိရူပက္ခ တောင်အရပ်တွင် ဝိရူဠက လို့ အရပ်လေးမျက်နှာ အတိုင်းရေးပါ ။

ထို့နောက် လောကကို စောင့်ရှောက်တော်မူသော နတ်မင်းကြီးလေးပါးအား အာရုံပြု၍ အလင်းတိုင်လေးတိုင်+ နံ့သာတိုင်လေးတိုင် ကို လင်ဗန်းအတွင်း အရပ်လေးမျက်နှာမှာပူဇော်ပါ။ ထိုနောက် နတ်မင်းကြီးလေးပါး စောင့်ရှောက်သော ဂါထာကို အနည်းဆုံး လေးခေါက်ရွတ်ဆိုပါ။ ဘေးရန်ကင်းခြင်း နှင့် ရောဂါ ကင်းပြီးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလာပါမည်။ မနက်စောစောနှင့် ညဘက် အဆင်ပြေချိန်ပြုလုပ်ပါ။

နတ်မင်းကြီးလေးပါးဂါထာတော်

ပုရတ္ထိမေန ဓတရဋ္ဌော ၊ဒက္ခိစေန ဝိရူဠကော ။
ပစ္ဆိမေန ဝိရူပက္ခေါ ၊ ကုဝေရော ဥတ္တရံဒိသံ ။
ဓတ္တာရော တေ မဟာရာဇာ ၊ လောကပါလာ
ယသဿိနော တေပိ (အမှေ) နုရက္ခန္တု၊
အရောဂေန သုခေနစ။

ဖတ်ရှု့လေ့လာကြသူများ အားလုံးကိုလည်း… အစဉ်အမြဲ…ကျေးဇူးအထူးတင်ရှိပါသည်…

ရေးသားသူ –ဆရာမဇာဇာ (ခ)ဇွန်လေးနွယ် ဆန်းပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။