အချစ်ရေး အိမ်ထောင်ရေးပြေလည်ဖို့ ပန်းပူဇော်ဖို့ ယတြာ

Astrology
အချစ်ရေး အိမ်ထောင်ရေးပြေလည်ဖို့ ပန်းပူဇော်ဖို့ ယတြာ

စုံတွဲလေးတို့ အချစ်ရေးမှာ အဆင်ပြေချင်တယ်ဆိုရင်တော့ ပန်းအရေအတွက် အတိအကျ၊ အချိန်အတိအကျ သေချာဖို့ လိုပါတယ်နော်။ သေချာလုပ်မှ အဆင်ပြေနိုင်မှာပါ။

စုံတွဲလေးတို့ရေ အချစ်ရေး အိမ်ထောင်ရေး ပြေလည်ချင်တယ်ဆိုရင်တော့ ကိုယ်တိုင်ပြင်ဆင်ဖို့လည်း လိုသလို ယတြာလေးတွေ လုပ်ဆောင်ဖု့ိလည်း လိုပါတယ်နော်။ ပန်းလှူတဲ့အခါမှာ ပြုလုပ်ရမယ့် ယတြာလေးမို့ စုံတွဲလေးတို့အတွက် မခက်ခဲပါဘူး။ ပန်းလှူတဲ့အခါ ဘယ်လိုပုံစံလေး လှူရမယ်ဆိုတာ ပြောပြမယ်နော်။

အချိန်

အချိန်ကတော့ ည(၉) နာရီမှာ ပူဇော်ရမှာပါ။ အဲဒီအချိန်မှာ ပန်းကပ်လှူဒါန်းရမှပါ။

ဘယ်လို လုပ်ဆောင်ရမလဲ

လှူဒါန်းနေတဲ့အချိန်မှာ မေတ္တာသုတ်ကို (၉) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ လိုရာ ဆုတောင်းပါ။ လှူထားတဲ့ ပန်းတွေကို နောက်နေ့မနက် (၇) နာရီမှာ အနောက်အရပ်ကို စွန့်ပစ်ပါ။ တစ်ပတ်ကို (၁) ကြိမ်နဲ့ တစ်လ တိတိ လုပ်ရမှာပါ။

ဘယ်ပန်းလှူဒါန်းရမလဲ

ပန်းကတော့ ချစ်သူ၊ ခင်ပွန်းရဲ့ နေ့နံကို ယူရမှာပါ။

တနင်္ဂနွေသားသမီးဆိုရင် သောကြာနေ့မှာ စံပယ်ပန်း(၉) ပွင့်နဲ့ နှင်းဆီပန်းအနီ (၅) ပွင့်လှူပါ။

တနင်္လာ သားသမီးဆိုရင် စနေနေ့မှာ ဂန္ဓမာပန်းအဖြူ(၄) ပွင့်နဲ့ နှင်းဆီအဖြူ (၃) ပွင့် လှူပါ။

အင်္ဂါသားသမီးဆိုရင် ကြာသပတေးနေ့မှာ သစ်ခွပန်း (၇) ပွင့်နဲ့ ပိန်းပန်း (၄) ပွင့် လှူပါ။

ဗုဒ္ဓဟူးသားသမီးဆိုရင် တနင်္ဂနွေနေ့မှာ မေမြို့ပန်း (၁၂) ပွင့်နဲ့ နှင်းဆီအဖြူ (၃) ပွင့် လှူပါ။

ကြာသပတေးသားသမီးဆိုရင် အင်္ဂါနေ့မှာ သစ်ခွပန်း (၄) ပွင့်နဲ့ စံပယ်ပန်း (၂၁) ပွင့်လှူပါ။

သောကြာသားသမီးဆိုရင် တနင်္လာနေ့မှာ နှင်းဆီအနီ (၅) ပွင့်နဲ့ မေမြို့ပန်း (၅) ပွင့်လှူပါ။

စနေသားသမီးဆိုရင် ဗုဒ္ဓဟူးနေ့မှာ ဂန္ဓမာပန်းအဖြူ (၉) ပွင့်နဲ့ နှင်းဆီ အဝါ (၇) ပွင့်လှူပါ။

စုံတွဲလေးတို့ အချစ်ရေးမှာ အဆင်ပြေချင်တယ်ဆိုရင်တော့ ပန်းအရေအတွက် အတိအကျ၊ အချိန်အတိအကျ သေချာဖို့ လိုပါတယ်နော်။ သေချာလုပ်မှ အဆင်ပြေနိုင်မှာပါ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။