နေဝင် မီးလက် စီးပွားတက်

Astrology
နေဝင် မီးလက် စီးပွားတက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေဝင် မီးလက် စီးပွားတက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေဝင် မီးလက် စီးပွားတက်

နေဝင် မီးလက် စီးပွားတက် တဲ့ကြားဖူးနေကျ စကားပါခင်ဗျ…မြန်မာလူမျိုးများ ပြောကြပါတယ် အဲဒီနေဝင်ချိန်လေးမှာ ဘုရားကိုယ်တော်မြတ်ကြီးအား အလင်းတိုင် ဆီမီး
လျှပ်စစ်မီး တို့နဲ့ ပူဇော်ပါခင်ဗျ….

ကျွန်တော်ကတော့ နှမ်းဆီ ၊ မုန်ညှင်းဆီ ၊ နေကြာဆီ ၊ ထောပတ်ဆီ တမျိုးမျိုးဖြင့်ပူဇော်စေချင်ပါတယ်….တကယ်လို့ အလင်းတိုင်ပူဇော်လည်း ရပါတယ်ဗျ…စီးပွားတိုးတက်ကြပါစေခင်ဗျာ……

ဆီမီးလှူရခြင်းအကျိုး(၁၁) မျိုး

၁။ တာဝတိံသာနတ်ပြည်၌အမြင့် ယူဇနာ(၆၀)
အကျယ်ယူဇနာ(၃၀) ကျယ်ဝန်းသော ဘုံဗိမာန်ရရှိခြင်း။

၂။ မရေမတွက်နိုင်သော ဆီမီးတိုင်များဖြင့်
ဝန်းရံလျှက် နတ်ဘုံရှိသလောက် ထွန်းလင်း တောက်ပခြင်း ။

၃။ မျက်ကွယ်ဖြစ်သော်လည်းပဲ အလိုရှိပါက အထက်အောက် ဖီလာ အရပ်မျက်နှာ အားလုံးကို မျက်စိဖြင့် မြင်တွေ့နိုင်ခြင်း ။

၄။ သုဂတိဘဝ, ဒုဂ္ဂတိဘဝတို့သို့ သွားရောက်မည်
ပုဂ္ဂိုလ်များကို အတားအဆီးမရှိ တွေ့မြင်နိုင်ခြင်း ။

၅။ ရှစ်ကျိပ်သောနတ်မင်းကြီးတို့နှင့် တစ်ရာသော
စကြာဝတေးမင်းတို့၏ မိဖုရားဖြစ်ရခြင်း။ (အမျိုးသမီး)

၆။ လူဘဝ နတ်ဘဝတို့၌ ဆီးမီးတစ်သိန်း
ဝန်းရံလျှက်တောက်ပခြင်း ။

၇။ မွေးဖွားရာအိမ်၌ ဆီမီးတစ်သိန်းတို့ဖြင့်
တောက်ပ ပူဇော်ခံရခြင်း ။

၈။ မဏ္ဍပ် , သစ်ပင် , ဆိတ်ငြိမ်ရာကျောင်း
နေရာဌာန တို့၌ ဆီမီးများဖြင့် အမြဲတောက်ပ အပူဇော်ခံရခြင်း ။

၉။ ဒိဗ္ဗစက္ခုအဘိညာဉ်သည် အထူးစင်ကြယ်လျှက်
စျာန်အဘိညာဉ်တို့၌ အထွတ်အထိပ်သို့ ရောက်ရခြင်း။

၁၀။ ဗောဓိပင်အား ဆီမီးလှူခဲ့သည့်အခါမှစ၍
ကမ္ဘာတစ်သိန်းတိုင် ဒုဂ္ဂတိဘဝသို့ မလားခြင်း ။

၁၁။ နောက်ဆုံးဘဝ၌ ခုနစ်နှစ်အရွယ်တွင်
ကိလေသာကုန်းခန်း ရဟန္တာဖြစ်ခြင်း ။

ရေးသားသူ –ဆရာ ထွန်းထွန်းဝင်း ဗေဒင်နှင့်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။